ယူနိုက်တက်စတားတွေဟာ ယူရိုပါလိဂ်ဖိုင်နယ်အတွက် ကစားသမားတွေရဲ့မိသားစုဝင်တွေအတွက် လက်မှတ် ၂ စောင်နှုန်းသာ ထောက်ပံ့ပေးခဲ့တဲ့ အမှုဆောင် ဆာဂျင်မီကို ဒေါသထွက်နေတယ်လို့ သိရပါတယ်။
ဆာဂျင်မီဟာ ယူနိုက်တက်ရဲ့ကုန်ကျစရိတ်ကို လျော့ချနေပြီး လာမဲ့အပတ်မှာကန်မဲ့ တော့တင်ဟမ်နဲ့ ယူရိုပါလိဂ်ဖိုင်နယ်အတွက် ကစားသမားတစ်ဦးကို သတ်မှတ်လက်မှတ်အစောင်ရေသာ ပေးခဲ့တာဖြစ်ပါတယ်။
သတင်းတွေအရ ယူနိုက်တက်စတားတွေရဲ့မိသားစုဝင်တွေဟာ လက်မှတ် ၂ စောင်နှုန်းသာရရှိခဲ့တယ်လို့သိရပြီး အာမိုရင်က ယူနိုက်တက်ဝန်ထမ်းတွေတက်ရောက်နိုင်ဖို့ လက်မှတ်အစောင်ရေ ၃၀ လောက်ကို စိုက်ထုတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။ ဂလေဇာမိသားစုရဲ့ကိုင်တွယ်ပုံအမှားတွေကြောင့် ပြီးခဲ့တဲ့နှစ်တုန်းက ဆာဂျင်မီရဲ့ရင်းနှီးမြုပ်နှံမှုတွေကို မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း INEOS အမှုဆောင်တွေဟာ ပရိသတ်တွေမျှော်လင့်သလောက် မဖြစ်လာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက် နဲ့ တော့တင်ဟမ်တို့ဟာ လက်မှတ်အစောင်ရေ ၁၅၀၀၀ စီရရှိကြမှာဖြစ်ပြီး တော့တင်ဟမ်ပရိသတ်ဦးရေက ပိုများနိုင်တယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ အခုအပတ်မှာ ချဲလ်ဆီးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရခဲ့မယ်ဆိုရင် အဆင့် ၁၃ နေရာအထိ တက်ရောက်နိုင်မှာဖြစ်ပါတယ်။
Source : mirror.co.uk