‘မာတင်နယ်လီ’ကို ပေါင် ၇၃ သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ အယ်လ်နာဆာ

မာတင်နယ်လီ

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းဟာ အာဆင်နယ်ကြယ်ပွင့် ဂါဘရီရယ်မာတင်နယ်လီကို ပေါင်သန်း ၇၃ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဆော်ဒီပရိုလိဂ်အသင်းဟာ ဖီနာဘာချီကို အငှားနဲ့ပြောင်းရွှေ့တော့မဲ့ ဂျွန် ဒူရန်နေရာမှာ အစားထိုးဖို့ တိုက်စစ်ကစားသမားသစ်ရှာဖွေနေတာပါ။ လီဗာပူးကစားသမား လူဝစ်ဒီးယက်ဇ်ကို ခေါ်ယူနိုင်ခြင်း မရှိခဲ့တဲ့နောက် အယ်လ်နာဆာအသင်းဟာ မာတင်နယ်လီကို ဒီနွေရာသီအတွင်း တိုက်စစ်ကို အားဖြည့်ဖို့အတွက် အကောင်းဆုံးရွေးချယ်စရာအဖြစ် သတ်မှတ်ထားပါတယ်။

ဆော်ဒီလိဂ်က အပြောင်းအရွှေ့ကာလကို စောစောစီးစီးစတင်ခဲ့တာကြောင့် အယ်လ်နာဆာအသင်းက မာတင်နယ်လီအတွက် အပြင်းအထန်ကြိုးစားဖို့ အသင့်ဖြစ်နေပါတယ်။ ဘရာဇီးတောင်ပံကစားသမားဟာ အသင်းအတွက် ကြီးမားတဲ့အကျိုးသက်ရောက်မှုဖြစ်စေမယ်လို့ အယ်လ်နာဆာက ယုံကြည်ထားပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းကတော့ အသင်းအတွက်အရေးပါတဲ့ ကစားသမားဖြစ်လာတဲ့ မာတင်နယ်လီကို ရောင်းချလိုခြင်းမရှိသေးပါဘူး။

အာဆင်နယ်အသင်းက မရောင်းချင်ပေမဲ့ အယ်လ်နာဆာအသင်းရဲ့ ကြီးမားတဲ့ကမ်းလှမ်းမှုကြောင့် ဆွေးနွေးမှုတွေ လုပ်ဆောင်လာရနိုင်ပါတယ်။ မာတင်နယ်လီ ထွက်ခွာသွားခဲ့ရင် အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကစားသမား ရိုဒရီဂို ဒါမှမဟုတ် နယူးကာဆယ်ကစားသမား အန်တိုနီဂေါ်ဒွန်ကို အစားထိုးဖို့ စိတ်ဝင်စားတယ်လို့ သိရပါတယ်။ မာတင်နယ်လီကို ရောင်းချခြင်းအားဖြင့် ကစားသမားသစ်တွေအတွက် ပြောင်းရွှေ့ကြေး အမြောက်အမြား အကူအညီဖြစ်စေနိုင်ပါတယ်။

အယ်လ်နာဆာအသင်းဟာ ဆော်ဒီလိဂ်လိဂ်ထံ နာမည်ကြီးကစားသမားတွေကို ဆွဲဆောင်ဖို့ ကြိုးစားနေပြီး ရော်နယ်ဒို ရှိနေမှုကလည်း ကစားသမားတွေနဲ့ ဆွေးနွေးရာမှာ အကူအညီဖြစ်စေမယ်လို့ မျှော်လင့်ထားပါတယ်။

Source : www.goal.com

Leave a Reply

Your email address will not be published. Required fields are marked *