သတင်းတွေအရ မန်စီးတီးကွင်းလယ်လူ နီကိုဂွန်ဇာလက်ဇ်တစ်ယောက် ၆ လအကြာမှာတင် အသင်းကနေထွက်ခွာဖို့ ပြင်ဆင်လာတယ်လို့ သိရပါတယ်။ လာမာစီယာအကယ်ဒမီထွက်ကစားသမားဟောင်းဟာ ၂၀၂၅ ဆောင်းရာသီဈေးကွက်တုန်းက ပေါ်တိုအသင်းထံကနေ ပေါင်သန်း ၅၀ နဲ့ စီးတီးထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
ရိုဒရီတစ်ယောက် တစ်ရာသီလုံးနားရမှာဖြစ်တာကြောင့် နီကိုကိုအစားထိုးခေါ်ယူခဲ့ပေမဲ့ ပရီးမီးယားလိဂ် ၁၁ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့သလို အချိန်အများစုကို အရန်ခုံမှာသာ ထိုင်နေခဲ့ရပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ၆၁ မိနစ်သာ ပါဝင်ခွင့်ရရှိခဲ့ပြီး ရိုဒရီပြန်လာပြီဖြစ်သလို ရီဂျန်ဒါလည်းရောက်လာတာကြောင့် ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
အဆိုပါအခြေအနေတွေကြောင့် မန်ချက်စတာညနေခင်းသတင်းဌာနကတော့ နီကိုဟာ သူ့အနာဂတ်ကို ပြန်လည်စဉ်းစားနေပြီလို့ ဖော်ပြခဲ့ပါတယ်။ စာချုပ်သက်တမ်းက ၄ နှစ်ကျန်နေသေးပေမဲ့ ဥရောပအသင်းတွေအပြင် ဆော်ဒီလိဂ်ကလည်း နီကိုအားစိတ်ဝင်စားနေပါတယ်။
Source : www.goal.com