ရိုဒရီဂိုအပါအဝင် ပထမအသင်း ကစားသမားငါးဦးကို ရောင်းချရန်ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ်

ကစားသမားငါးဦးကို ရောင်းချရန်ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ် ဟာ ၂၀၂၅-၂၆ ရာသီအတွက် ၂၅ ဦးပါ အသင်းလူစာရင်းကို ထိန်းသိမ်းထားနိုင်ဖို့အတွက် စက်တင်ဘာ ၁ ရက်နေ့မှာပိတ်မဲ့ နွေရာသီအပြောင်းအရွှေ့မတိုင်မီ ကစားသမားငါးဦးကို လက်လွှတ်သွားဖို့ ပြင်ဆင်နေပါတယ်။ အဲဒီကစားသမားငါးဦးစာရင်းထဲမှာ နွေရာသီတစ်လျှောက်လုံး ဆန်တီယာဂို ဘာနေဗျူးကနေ ထွက်ခွာမယ်လို့ သတင်းထွက်နေတဲ့ ဘရာဇီးတောင်ပံကစားသမား ရိုဒရီဂိုလည်း ပါဝင်ပြီး အာဆင်နယ် နဲ့ လီဗာပူး တို့က သူ့ကို အပြင်းအထန် စိတ်ဝင်စားနေပါတယ်။

နည်းပြ ဇာဘီ အလွန်ဆို ဟာ မက်ဒရစ်ရဲ့ ရာသီကြို လေ့ကျင့်ရေးကို ဩဂုတ် ၄ ရက်နေ့မှာ ဗယ်လ်ဒီဘီဘက်စ်မှာ စတင်ဦးဆောင်မှာဖြစ်ပြီး အဲဒီနောက်မှာ ကလပ်က အဲဒီကစားသမားငါးဦးကို ရောင်းချဖို့ ကြိုးပမ်းမှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ AS သတင်းစာရဲ့ ဖော်ပြချက်အရ ရိုဒရီဂို၊ အန်းဒရစ်ခ်၊ ဒေးဗစ် အလာဘာ ၊ ဒါနီ ဆီဘယ်လော့စ် နဲ့ ဖာလန် မန်ဒီ တို့ဟာ ဒီနွေရာသီမှာ လော့စ်ဘလန်ကိုစ်ကနေ ထွက်ခွာဖွယ်ရှိတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။

ကစားသမားငါးဦးကို ရောင်းချရန်ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ်

ရိုဒရီဂိုရဲ့ကိစ္စမှာတော့ နည်းပြအလွန်ဆိုနဲ့ ကစားသမား စကားပြောပြီးမှပဲ နောက်ဆုံးဆုံးဖြတ်ချက်ကို ချသွားမှာပါ။ လက်ရှိမှာတော့ ကလပ်က ကစားသမားကို ယူရို သန်း ၁၀၀ (ပေါင် ၈၇ သန်း ၊ ဒေါ်လာ ၁၁၆ သန်း) တန်ဖိုးရှိတယ်လို့ သတ်မှတ်ထားပြီး သူတို့တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကိုလည်း လျှော့ချဖွယ်မရှိပါဘူး။ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ လီဗာပူးတို့က ဘရာဇီးကြယ်ပွင့်ကို အရင်ကတည်းက စိတ်ဝင်စားခဲ့ကြပြီး တော့တင်ဟမ်ကတော့ အပြောင်းအရွှေ့ပြိုင်ပွဲမှာ နောက်ဆုံးမှဝင်ရောက်လာတဲ့ ကလပ်ဖြစ်ပါတယ်။

မကြာသေးမီက ဒဏ်ရာရရှိခဲ့တဲ့ အန်ဒရစ်ခ်ဟာ ရာသီသစ်အစပိုင်းမှာ နားရဖွယ်ရှိပါတယ်။ ဘရာဇီးကြယ်ပွင့်လေးကို အပြီးသတ်ရောင်းချမှာမဟုတ်ပေမဲ့ ကစားသမားလေး ပွဲကစားချိန် ပိုမိုရရှိဖို့အတွက် အငှားချဖို့ ကလပ်က စဉ်းစားနိုင်ပါတယ်။ စပိန်ကလပ်ကြီးဟာ ဩဂုတ် ၁၉ ရက်နေ့မှာ ရာသီအဖွင့်ပွဲစဉ်အဖြစ် အိုဆာဆူနာကို အိမ်ရှင်အဖြစ် လက်ခံကစားပြီး ၂၀၂၅-၂၆ ရာသီကို စတင်မှာ ဖြစ်ပါတယ်။

Source : gazetaexpress.com

Leave a Reply

Your email address will not be published. Required fields are marked *