မိုနာကိုအသင်းနည်းပြ ဟက်တာက ပေါ့ဂ်ဘာ နဲ့ ဖာတီတို့ ရာသီသစ်အတွက်အဆင်သင့်မဖြစ်သေးသလို မိမိအနေနဲ့လည်း အလျင်လိုမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ အခုနွေရာသီမှာ မိုနာကိုအသင်းဟာ ပေါ့ဂ်ဘာကိုခေါ်ယူခဲ့ပြီး ပရိသတ်တွေကလည်း ပြင်သစ်သားရဲ့စွမ်းဆောင်ရည်ကို ကြည့်ရှုဖို့ စိတ်လှုပ်ရှားနေကြပါတယ်။
ဖာတီကလည်း မိုနာကိုအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး နည်းပြ ဟက်တာကတော့ ၂ ဦးစလုံး ကြံ့ခိုင်မှုစိတ်မချရသေးပဲ လေ့ကျင့်ခန်းအပြည့်အဝမဆင်းသေးဘူးလို့ ပြောကြားခဲ့ပါတယ်။
ပေ့ါဂ်ဘာတစ်ယောက် ဆေးမှုကြောင့် ကစားသမားဘဝကို ၂၀၂၃ စက်တင်ဘာတုန်းက နောက်ဆုံးကစားခဲ့တာဖြစ်ပြီး အဲ့ကတည်းက နားနေခဲ့ရတာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း ဖာတီက ဒဏ်ရာပြဿနာတွေကြောင့် ကစားသမားဘဝတစ်လျှောက် ရုန်းကန်ခဲ့ရပါတယ်။
စပိန်သားဟာ အဆိုပါအခြေအနေတွေကြောင့် ဖလစ်လက်အောက်မှာ နေရာမရတော့ပဲ အရန်ခုံမှာသာ ထိုင်ခဲ့ရပြီး အချို့အချိန်တွေမှာဆိုရင် လူစားဝင်ခွင့်တောင်မရခဲ့တာဖြစ်ပါတယ်။
ဇူလိုင်လထဲမှာ ဟက်တာက အသင်းအနေနဲ့ ဖာတီ နဲ့ ပေါ့ဂ်ဘာတို့ အခြေအနေကို ပြောကြားခဲ့ပြီး ၂ ဦးစလုံးက ရာသီကြိုခြေစမ်းပွဲတွေမှာ တစ်ပွဲမှမပါဝင်ခဲ့တာဖြစ်ပါတယ်။
သတင်းထောက်တွေကို ဟက်တာက ပြောကြားရာမှာ “ကျွန်တော် ဖာတီကို မကြာခင်ပြန်လာစေချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်အရင်ကပြောခဲ့သလိုပဲ ဖာတီကို သေချာလေးဂရုစိုက်ရပါမယ်။ သူ့ကိုဒဏ်ရာပြဿနာတွေမရှိပဲ ကွင်းထဲကို ပြန်လာစေချင်တာပါ။
သူ့အတွက် ကျွန်တော်တို့လုပ်ဆောင်နိုင်တာအကုန်လုပ်ပေးနေပါတယ်။ လက်ရှိလူစာရင်းအခြေအနေကို ကျွန်တော်သဘောကျပါတယ်။ မကြာခင်မှာ အန်ဆု နဲ့ ပေါ့ဂ်ဘာတို့ ပြန်လာနိုင်မလား ကြည့်ရပါမယ်။
အဲ့တာက ရှုပ်ထွေးနိုင်ပါတယ်။ ၁၀ ရက် ဒါမှမဟုတ် ၁၅ ရက်လောက်အထိ သူလေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်ပါတယ်။ အခုတော့ သူ့ရဲ့ကုသမှုကို ဆန်းစစ်နေပါတယ်။ တစ်ဆင့်ချင်းသွားနေပြီး မကြာခင်မှာ အသင်းထံခေါ်ယူနိုင်ဖို့ နီးစပ်နေပါပြီ။ သူက ဘောလုံးအကြောင်းသိသလို ထိပ်တန်းကစားသမားတစ်ဦးပါ။ ကျွန်တော်တို့ သူအကောင်းဆုံးပုံစံ နဲ့ ကျွန်တော်တို့စည်းမျည်းတွေကို လေးစားပြီး ကစားနိုင်ဖို့မျှော်လင့်ပါတယ်”လို့ ဟက်တာက ဖြေကြားခဲ့ပါတယ်။
မိုနာကိုအသင်းဟာ ခြေစမ်းပွဲ ၂ ပွဲအဖြစ် သြဂုတ်လ ၃ ရက်နေ့မှာ အေဂျက် ၊ သြဂုတ်လ ၈ ရက်နေ့မှာ အင်တာနဲ့ ကစားမှာဖြစ်ပါတယ်။ အဲ့နောက် သြဂုတ်လ ၁၆ ရက်နေ့မှာ လီဟာဗရီအသင်းနဲ့ လီဂူးဝမ်းအဖွင့်ပွဲကန်ရမှာဖြစ်ပါတယ်။
Source : goal.com