ခရစ္စတီယာနို ရိုနယ်ဒိုက တိုက်စစ်မှူး ဗစ်တာ ရောကရက်စ်ကို ယခုနွေရာသီတွင် အာဆင်နယ်သို့ ပြောင်းရွှေ့ပြီးနောက် ထူးခြားတဲ့ကစားသမား လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ ရောကရက်စ်ဟာ ပွဲထွက်ကစားမှု၊ ဂိုးသွင်းယူမှုနှင့် ဂိုးဖန်တီးမှုတို့နှင့် ပတ်သက်တဲ့ အပိုဆုကြေးများပါဝင်တဲ့ ပေါင် ၆၄ သန်း (ယူရို ၇၄ သန်း ၊ ဒေါ်လာ ၈၆ သန်း) တန်ဖိုးရှိတဲ့ ပြောင်းရွှေ့ကြေးဖြင့် ဂန်နာတို့ထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပါတယ်။ တိုက်စစ်မှူးဟာ စပို့တင်းတွင် ၅၄ ဂိုး သွင်းယူခဲ့တဲ့ အောင်မြင်သော ရာသီတစ်ခုပြီးနောက် အပြောင်းအရွှေ့ဈေးကွက်တွင် ခေါ်ယူလိုတဲ့ အသင်းတွေ များပြားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက် စတင်ချိန်မှစ၍ ရောကရက်စ်ကို ခေါ်ယူရန်ချိတ်ဆက်မှုရှိခဲ့ပြီး စပို့တင်းနှင့် ပြင်းပြင်းထန်ထန် ရှည်ကြာတဲ့ဆွေးနွေးမှုများအပြီးတွင် ဆွီဒင် ဂိုးသွင်းစက်ကို နောက်ဆုံးတွင် ခေါ်ယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကလည်း ရောကရက်စ်ကို ခေါ်ယူရန် ပြိုင်ဘက်အဖြစ်ရှိနေခဲ့တယ်လို့ သတင်းများကဆိုသော်လည်း တိုက်စစ်မှူးဟာ မြောက်လန်ဒန်သို့သာ ပြောင်းရွှေ့လိုခဲ့ပါတယ်။
အယ်လ်နာဆာရဲ့ ရီအိုအေဗီ နှင့် ရာသီကြိုချစ်ကြည်ရေးပွဲတွင် ရိုနယ်ဒိုက ဟက်ထရစ် သွင်းယူခဲ့ပြီး သူ့ရဲ့အသင်းက ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ ပွဲအပြီးတွင် ပေါ်တူဂီကြယ်ပွင့်က ဂန်းနား ကစားသမားသစ်ကို ချီးကျူးခဲ့ပြီး အသက် ၂၇ နှစ်အရွယ် ကစားသမားကို ထူးခြားတဲ့ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
သတင်းထောက်များကို ပြောကြားရာတွင် အသက် ၄၀ အရွယ်ရှိ ရိုနယ်ဒိုက “ယှဉ်ပြိုင်မှုပြင်းထန်တဲ့ လိဂ်တစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်က အမြဲတမ်း အကောင်းဆုံးဖြစ်ဖို့ မျှော်လင့်ပါတယ်၊ စပို့တင်းကလည်း ချန်ပီယံ ပြန်ဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ရောကရက်စ်လား ရှိနေတဲ့သူတွေကိုပဲ လွမ်းဆွတ်ကြတယ်လို့ သူတို့ပြောကြတယ်။ စပို့တင်းက ပြိုင်ဆိုင်မှုရှိလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”
“ရောကရက်စ်က ထူးခြားတဲ့ကစားသမားတစ်ယောက်ပါ၊ ဒါပေမဲ့ အသင်းက လိုက်လျောညီထွေဖြစ်အောင် လုပ်ရပါလိမ့်မယ်။ အယ်လ်မီရီယာကနေ ရောက်လာတဲ့ ဆွာရက်ဇ်ဟာ အရမ်းကောင်းတဲ့ တိုက်စစ်မှူးတစ်ဦးလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဟာဒါ ကလည်း ကောင်းမွန်တဲ့ ကစားသမားတစ်ဦးပါ၊ ငယ်ရွယ်ပြီး အချိန်ပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော် စူပါဖလား ကို ကြည့်ခဲ့ပါတယ်၊ စပို့တင်းက ဘင်ဖီကာကို ကောင်းကောင်း ကစားခဲ့တယ်၊ ဒါပေမဲ့ သူတို့ မနိုင်ခဲ့တာက မနိုင်လို့ပါပဲ၊ ဒါက ဘောလုံးပဲလေ” လို့ သူက ပြောပါတယ်။
ရောကရက်စ်ဟာ ဩဂုတ်လ ၁၇ ရက်နေ့တွင် အာဆင်နယ်အသင်းက ယူနိုက်တက်နှင့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွင် ရင်ဆိုင်ရတဲ့အခါ ပွဲဦးထွက် ကစားသမားဘဝကို စတင်မှာဖြစ်ပါတယ်။
Source : www.goal.com