အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်က ဂန္ထဝင်ဟောင်း တိုနီအဒမ်ရဲ့မှတ်ချက်ကို ပြန်လည်တုံ့ပြန်ခဲ့သလို သူ့ရဲ့အသင်းခေါင်းဆောင်စတိုင်ကို ကာကွယ်ပြောကြားလိုက်ပါတယ်။
နော်ဝေသားဟာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက အာဆင်နယ်အသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။ ၃ ရာသီဆက် အာဆင်နယ်အသင်း ဒုတိယနေရာမှာရပ်တည်နိုင်ခဲ့ရာမှာလည်း အိုဒီဂတ်က အသင်းကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့လည်း တိုနီအဒမ်ကတော့ အာဆင်နယ်အနေနဲ့ ဆုဖလားလိုချင်တယ်ဆိုရင် အသင်းခေါင်းဆောင်ပိုင်းကို အပြောင်းအလဲလုပ်ဖို့ လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။
အဒမ်ဟာ နည်းပြ ဂျော့ချ်ဂရေဟမ် ၊ အာစင်ဝင်းဂါးတို့လက်အောက်မှာ ဆုဖလားအောင်မြင်မှုတွေရယူနိုင်ခဲ့တာဖြစ်ပြီး အိုဒီဂတ်ထက် အသင်းခေါင်းဆောင်နေရာကို ရိုက်စ်အား ခန့်အပ်စေချင်နေပါတယ်။
“ရိုက်စ်က အာဆင်နယ်လိုအပ်နေတဲ့အသင်းခေါင်းဆောင်မျိုးပါ။ အိုဒီဂတ်က အနည်းငယ်လွတ်လပ်မှုဆန်နေသလိုပါပဲ။ အခုအပြင် နောက်တစ်ကြိမ်နည်းပြတစ်ဦးအနေနဲ့ အသင်းကို နောက်တစ်ဆင့်မြှင့်ပေးနိုင်မဲ့ကစားသမားမျိုးကို ရွေးသင့်ပါတယ်။
အခုနှစ်မှာ အာတီတာအနေနဲ့ အသင်းကို ဆုဖလားအောင်မြင်တဲ့အသင်းအဖြစ် ပြောင်းလဲရမှာပါ။ ဒီလိုမှလည်း ထိပ်တန်းနည်းပြတစ်ဦးဖြစ်လာမှာပါ။ ဥပမာအနေနဲ့ ခင်ဗျားမှာ အောင်မြင်မှုယူနိုင်တဲ့သူတစ်ဦးရှိနေမယ်ဆိုရင် သူ့ကို အသင်းခေါင်းဆောင်အဖြစ် ထားသင့်ပါတယ်။
ရိုက်စ်မှာ အဲ့လိုလက္ခဏာမျိုးရှိနေပါတယ်။ လုပ်စမ်းပါ။ အခုက နောက်တစ်ဆင့်မြှင့်ရမဲ့အချိန်ပါ။ ဆုဖလားအောင်မြင်ချင်တယ်ဆိုရင် အိုဒီဂတ်နဲ့ပဲ ဆက်သွားနေလို့မရပါဘူး”လို့ တိုနီအဒမ်က ပြောကြားခဲ့ပါတယ်။
ရာသီသစ်မတိုင်ခင် အိုဒီဂတ်က သူ့ရဲ့အသင်းခေါင်းဆောင်စတိုင်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “မျှတစွာပြောဆိုဖို့ဆိုတာ အများကြီးရှိနေပါတယ်။ သေးငယ်တဲ့အရာတွေအများကြီးပါ။ အဲ့တာက ဖော်ပြဖို့ ခက်ခဲပါတယ်။ ဒီလိုသေးငယ်တဲ့အရာတွေကို လုပ်ဆောင်ရမှာပါ။
ယေဘုယျအားဖြင့် အသင်းကို ဘယ်လောက်ဦးဆောင်နိုင်လဲ ၊ ဘယ်လောက်ပေးဆပ်နိုင်လဲဆိုတာရယ်အပြင် အသင်းဖော်တွေကို ဘယ်လောက်ကူညီနိုင်လဲဆိုတာကို ကြည့်ရမှာပါ။
ပွဲမတိုင်ခင် ကျွန်တော်ကွင်းထဲမှာ အနည်းငယ်စကားစုဖွဲ့ပြောလေ့ရှိပါတယ်။ အဝတ်လဲခန်းထဲမှာပြောတာနဲ့ ခြားနားပါတယ်။ အဲ့တာက တာဝန်ယူမှုအပိုင်းကို ဝေမျှတာပါ။ နည်းပြတိုင်းလုပ်ကြပါတယ်။ ကျွန်တော်တင်မဟုတ်ပါဘူး”လို့ အိုဒီဂတ်က ပြောကြားခဲ့ပါတယ်။
အာတီတာကလည်း ယူနိုက်တက်နဲ့ပွဲမတိုင်ခင် အိုဒီဂတ်သာ အသင်းခေါင်းဆောင်အဖြစ် ဆက်နေမယ်လို့ ပြောကြားလိုက်ပါတယ်။
“မာတင်မှာက အရည်အချင်းကောင်းတွေအများကြီးရှိနေပါတယ်။ သူက လူတိုင်းကိုကျော်ဖြတ်ပြီး အလျင်အမြန်သတိထားမိလာစေခဲ့တာပါ။ အသင်းခေါင်းဆောင်အဖြစ် သူ့မှာကြီးမားတဲ့အရာတစ်ခုရှိနေပါတယ်။ အဲ့တာက လေးစားမှုပါ။ သူ့အနေနဲ့ အခြားသူတွေကို အော်ဟစ်စရာမလိုပါဘူး။ အဲ့တာက ကြီးမားတဲ့အရည်အချင်းပါ။ လူတော်တော်များများက စကားပြောကြသလို အော်ဟစ်ကြပါတယ်။ ခင်ဗျားတံခါးပိတ်လိုက်ချိန်မှာ သူတို့က မတူညီတဲ့ပုံစံမျိုးလုပ်ဆောင်ပါတယ်။ မာတင်က နှုတ်ကနေပြောစရာမလိုပဲ လူတိုင်းကို သူက အသင်းခေါင်းဆောင်တစ်ဦးဆိုတာ ပြသနေပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
Source : https://metro.co.uk