‘မက်ဆီ’အခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ ‘မာရှေးယာနို’

မက်ဆီ အခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ မာရှေးယာနို

အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေးယာနိုက မက်ဆီအနေနဲ့ အယ်လ်အေဂလက်ဆီနဲ့ပွဲမှာ အဆင်မပြေသလိုဖြစ်နေတာကိုမြင်တွေ့ခဲ့ရတယ်လို့ ပြောကြားလိုက်ပါတယ်။ ပွဲအပြီးမှာ နည်းပြ မာရှေးယာနိုက မက်ဆီရဲ့အခြေအနေနဲ့ပတ်သက်ပြီး သတင်းရှင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

“သူ(မက်ဆီ)က ၁၀၀% ကြံ့ခိုင်မှုမပြည့်ဝခဲ့ပါဘူး။ မနက်ဖြန်မှာ သူဘယ်လိုခံစားရလဲဆိုတာကို စောင့်ကြည့်ရပါမယ်။ မိနစ်အနည်းငယ်လောက်အလိုမှာ သူ့အခြေအနေက မဟန်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ သူ့ရဲ့မောပန်းမှုကိုလည်း ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ အဲ့တာက အသေးစားလေးပါ။ နောက်ဆုံးလေ့ကျင့်ခန်းဆင်းခဲ့တဲ့ ၃ ချိန်အတွင်းမှာ သူတိုးတက်လာတာကို ကျွန်တော်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ သူဘယ်လိုနိုးထပြီး တစ်နေ့ချင်းဘယ်လိုခံစားရလဲဆိုတာက အဓိကအချက်ပါ”လို့ မာရှေးယာနိုက ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ကြွက်သားဒဏ်ရာကြောင့် ၂ ပွဲလောက်ကို လွဲချော်ခဲ့ပြီး ဒုတိယပိုင်းမှာ ပါဝင်ကစားခဲ့ပြီး ၂-၁ ဖြစ်စေမဲ့ဂိုးကိုသွင်းယူပေးခဲ့သလို ဆွာရက်ဇ်ရဲ့ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ မာရှေးယာနိုက မက်ဆီရဲ့အသင်းအပေါ် အကျိုးပြုနိုင်မှုကို အခုလိုပြောကြားခဲ့ပါတယ်။ “သူ(မက်ဆီ)က ပွဲတိုင်းကစားချင်တာပါ။ အော်လန်ဒိုမှာ သူက ကွင်းထဲမှာရှိချင်တာပါ။ ခင်ဗျားအဲ့တာကို နားလည်ဖို့ လိုအပ်ပါတယ်။

လီယိုက လီယိုပါ။ သူက အမြဲတမ်းပွဲထွက်ချင်နေတာပါ။ အဲ့တာမှလည်း သူကပျော်ရွှင်နေတာပါ။ ကျွန်တော်တို့ သူ့ကိုဖြည်းဖြည်းချင်းစတင်ဖို့ ပြောဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က အခြားသူတွေထက်ပိုကောင်းတယ်ဆိုတာ သူသိပါတယ်။ အဆုံးသတ်မှာ ကျွန်တော်တို့ သူ့ကိုမိနစ်အနည်းငယ်ပေးရပါတယ်။ လာမဲ့ဗုဒ္ဓဟူးနေ့ပွဲမှာ သူပွဲထွက်ခွင့်ပါဝင်နိုင်မလားဆိုတာ ကြည့်ရပါမယ်”လို့ ဖြေကြားခဲ့ပါတယ်။

မက်ဆီဟာ ကစားသမားဘဝက ၈၇၅ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး ၁၁၁၆ ပွဲအထိ ပါဝင်ကစားထားခဲ့ပြီးဖြစ်ပါတယ်။

Source : goal.com

Leave a Reply

Your email address will not be published. Required fields are marked *