ထရာဇွန်စပေါအသင်းထံပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ အိုနာနာ

ထရာဇွန်စပေါအသင်းထံပြောင်းရွှေ့တော့မဲ့ အိုနာနာ

သတင်းတွေအရ ယူနိုက်တက်ဂိုးသမား အိုနာနာတစ်ယောက် ထရာဇွန်စပေါအသင်းထံ အငှားနဲ့ပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ အိုနာနာတစ်ယောက် ထရာဇွန်စပေါအသင်းထံပြောင်းရွှေ့တော့မှာဖြစ်ပြီး လုပ်ခလစာ ၂ ဆလောက်ရရှိမယ်လို့ သိရပါတယ်။

အက်သလက်တစ်သတင်းဌာနကတော့ တူရကီကလပ်ဘက်က အိုနာနာရဲ့လုပ်ခလစာအားလုံးကို ပေးချေမှာဖြစ်ပြီး ဘောနပ်စ်လည်းထပ်မံရရှိမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါဘောနပ်စ်ကြောင့် အိုနာနာအနေနဲ့ ယူနိုက်တက်မှာရရှိတဲ့လုပ်ခလစာထက် ၂ ဆနီးပါးလောက်ရရှိနိုင်ဖွယ်ရှိနေပါတယ်။

အပြောင်းအရွှေ့ထဲမှာ အပြီးသတ်ခေါ်ယူခွင့်တော့ မပါဝင်ဘူးလို့ သိရပါတယ်။ အခုအငှားအပြောင်းအရွှေ့ဟာ အိုနာနာအနေနဲ့ သူ့ကစားသမားဘဝကို ပြန်လည်တည်ဆောက်နိုင်မဲ့အခွင့်အရေးလည်းဖြစ်ပါတယ်။ ကင်မရွန်းသားဟာ ၂၀၂၃ တုန်းက အင်တာမီလန်အသင်းထံကနေ ပေါင် ၄၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး တော်တော်များများက မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း အမှားတွေများခဲ့တာကြောင့် အာမိုရင်လက်အောက်မှာ နေရာပျောက်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိအနေအထားကြောင့် သူ့ကိုအပြီးသတ်ခေါ်ယူမဲ့အသင်းမရှိဖြစ်နေပြီး အငှားနဲ့သာ စေလွှတ်ခဲ့ရပါတယ်။ အိုနာနာအနေနဲ့ အခုအငှားအပြောင်းအရွှေ့ကနေ အခွင့်အရေးယူနိုင်ပြီး ကစားသမားဘဝအလှည့်အပြောင်းလုပ်နိုင်မလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။

ဂရင်းစ်ဘီတောင်းအသင်းကို အရေးနိမ့်ခဲ့တဲ့ကာရာဘောင်ပွဲမှာ အိုနာနာက အမှားတွေများခဲ့တာဖြစ်ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ လိဂ် ၂ အသင်းက ၁၂ ဂိုး – ၁၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အာမိုရင်ဟာ အိုနာနာနေရာအတွက် လန်မန်းကိုခေါ်ယူခဲ့ပြီး အသက် ၂၃ နှစ်သားက အန့်တ်ဝါ့တ်အသင်းထံကနေ ပေါင် ၁၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

Source: Goal.com

Leave a Reply

Your email address will not be published. Required fields are marked *