ဘော်လွန်းဒီအော် စကာတင်စာရင်းဝင်ခဲ့လို့ ပျော်ရွှင်နေခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ခံစစ်မှုး ကာဗာဂျယ်

ပျော်ရွှင်နေခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ခံစစ်မှုး ကာဗာဂျယ်

ရီးရဲလ်မက်ဒရစ်ခံစစ်မှုး ဒန်နီကာဗာဂျယ်ဟာ ဘော်လွန်းဒီအော်ဆုအတွက် စကာတင်ရွေးချယ်ခံခဲ့ရလို့ ပျော်ရွှင်နေခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အဆိုပါခံစစ်ကစားသမားဟာ ဒီဆုအတွက် ဝင်ရောက်ယှဉ်ပြိုင်ရသူ ဖြစ်ထိုက်တယ်လို့ လူအများအပြားက ယုံကြည်နေခဲ့တာ ဖြစ်ပါတယ်။ 

“ဘောလုံးလောကမှာက ခံစစ်ကစားသမားတွေထက်စာရင် ဂိုးသွင်းတဲ့ ကစားသမားတွေကသာ ထင်ပေါ်လာနိုင်တယ်ဆိုတာ အရမ်းကို သိသာပါတယ်။

ဒါပေမဲ့ပေါ့လေ။ ကျွန်တော်လည်း ဒီဆုကို အရယူနိုင်ချေ ရှိလာပြီဆိုတော့ ကျွန်တော် အရမ်းကို ပျော်ရွှင်မိပါတယ်။ ဒါက ကျွန်တော် အရမ်းကောင်းမွန်ခဲ့တဲ့ မနှစ်က ကျွန်တော့်စွမ်းဆောင်ရည်အတွက် ဖြစ်ပါတယ်။ ကျွန်တော်ရော ကျွန်တော့်မိသားစုရော အရမ်းကို ဂုဏ်ယူဝမ်းမြောက်နေကြပါတယ်။”လို့ ကာဗာဂျယ်က The Athletic ထံ ‌ပြောဆိုသွားခဲ့ပါတယ်။

ထပ်မံပြီး သူက “ကျွန်တော့်ရဲ့ အသင်းနဲ့ စာချုပ်က နောက်နှစ်နွေရာသီအထိ ကျန်ရှိနေသေးပါတယ်။ လောလောဆယ်မှာတော့ အနားယူဖို့ကို ကျွန်တော် တွေးမထားသေးပါဘူး။ ဒီအကြောင်းကို ကျွန်တော့်မိသားစုနဲ့ ပြောဖြစ်တယ်ဗျ။ ကျွန်တော့် အနေနဲ့ ကစားပွဲတိုင်း၊ လေ့ကျင့်ချိန်တိုင်းကို ပျော်ပျော်ကြီး လုပ်နေချင်သေးတယ် ဆိုတာတွေပေါ့ဗျာ။ နှစ်တွေကျော်လွန်လာတာနဲ့အမျှ ကျွန်တော်တို့အနေနဲ့ အခိုက်တန့်တိုင်းကို တန်ဖိုးထားပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားသင့်တာကို ခင်ဗျားတို့ သတိထားမိလာပါလိမ့်မယ်။

ကျွန်တော်နဲ့ ဒီကလပ်ကြားက ဆက်ဆံရေးက အရမ်းကို ပွင့်လင်းမြင်သာ ရှိကြပါတယ်။ တကယ်လို့ နှစ်ဦးနှစ်ဘက် သဘောတူညီမှုသာ ရနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်ကတော့ ဒီမှာနောက်နှစ်ပေါင်းများစွာ ဆက်နေနိုင်ဖို့ မျှော်လင့်မိပါတယ်ဗျ။” လို့လည်း ဆိုသွားခဲ့ပါတယ်။

#ဒန်နီကာဗာဂျယ် #ရီးရဲလ်မက်ဒရစ် #xda77 #xda77digital

Leave a Reply

Your email address will not be published. Required fields are marked *