ဘိုင်ယန်မှာပျော်ရွှင်နေတယ်လို့ ပြောကြားလာတဲ့ ဟယ်ရီကိန်း

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်း

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက ပရီးမီးယားလိဂ်ပြန်မယ်ဆိုတဲ့သတင်းတွေကို ပယ်ချလိုက်ပြီး မကြာခင်မှာ အသင်းနဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးမယ်လို့ ပြောကြားလိုက်ပါတယ်။

ဝါဒါဘရီမင်ကို ၄-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အင်္ဂလန်အသင်းခေါင်းဆောင်က ဘိုင်ယန်မှာ ပျော်ရွှင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ သောကြာညက ကိန်းအတွက် ထူးခြားတဲ့ညတစ်ညဖြစ်ခဲ့ပြီး ကိန်းက ၂၀၀၀ ခုနှစ်နောက်ပိုင်း ဥရောပထိပ်တန်းလိဂ် ၅ လိဂ်မှာ တစ်သင်းတည်းအတွက် ပထမဆုံးဂိုး ၁၀၀ အမြန်ဆုံးပြည့်တဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။

ကိန်းဟာ ဘိုင်ယန်အတွက် ၁၀၄ ပွဲနဲ့ ဂိုး ၁၀၀ ပြည့်ခဲ့တာဖြစ်ပြီး ရော်နယ်ဒို နဲ့ ဟာလန်းတို့က ရီးရဲလ်မန်စီးတီးတို့နဲ့အတူ ၁၀၅ ပွဲအထိ ကစားခဲ့ရပါတယ်။ ဂျာမန်မြေမှာ အောင်မြင်နေချိန် ကိန်းက စာချုပ်ကိစ္စနဲ့ပတ်သက်ပြီး အပေါင်းလက္ခဏာဆောင်တာမျိုးပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့ စာချုပ်သစ်အကြောင်း သေချာပေါက်ပြောမှာပါ။ ကျွန်တော့်စာချုပ်သက်တမ်းက ၂ နှစ်ကျန်နေပါသေးတယ်။ အဲ့တာကို ကျွန်တော်က နောက်ဆုံးနှစ်ထဲရောက်နေသလို ပြောနေကြပါတယ်။ ကျွန်တော် အဆင်ပြေသလို အသင်းကလည်း အဆင်ပြေပါတယ်။ ဒီမှာ ကျွန်တော်ပျော်နေသလို မကြာခင်မှာ ဆွေးနွေးမှုပြုလုပ်မှာပါ”လို့ ကိန်းက ဖြေကြားခဲ့ပါတယ်။

အသက် ၃၂ နှစ်သားရဲ့အနာဂတ်က ပြီးခဲ့တဲ့အပတ်တွေတုန်းက သတင်းတွေထွက်ခဲ့တာဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၅၇ သန်းသာရှိနေတယ်လို့ ထွက်ပေါ်ခဲ့ပါတယ်။ တော့တင်ဟမ်တိုက်စ်မှူးဟောင်း ရှရင်ဂမ်ကလည်း အင်္ဂလန်အသင်းခေါင်းဆောင်ကို အလန်ရှီးယားစံချိန်ကျော်ဖြတ်နိုင်ဖို့ ပရီးမီးယားလိဂ်ပြန်လာစေဖို့ တွန်းအားပေးနေပါတယ်။

တော့တင်ဟမ်နည်းပြ ဖရန့်ခ်ကလည်း သူ့အနေနဲ့ ကိန်းပြန်လာမယ်ဆို ဝမ်းသာမိမှာလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း ကိန်းအနေနဲ့ ဂျာမန်မြေမှာသာ ဆက်နေဖွယ်ရှိနေတယ်လို့ ဒိန်းမတ်သားက ယူဆနေပါတယ်။ ကိန်းကလည်း သူ့အနေနဲ့ အသင်းပြောင်းဖို့ထက် ဘိုင်ယန်အတွက်သာ အာရုံစိုက်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။

“ကျွန်တော် ဘိုင်ယန်ထက် အခြားအသင်းအကြောင်းမတွေးဖြစ်ပါဘူး။ ကျွန်တော်တို့ လူသိရှင်ကြားထက် ပိုဆွေးနွေးဖြစ်ပါတယ်”လို့ ကိန်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဘိုင်ယန်အားကစားဒါရိုက်တာ ခရစ္စတိုဖာကလည်း ဘိုင်ယန်ကစားသမားတွေဟာ သတင်းအမှားတွေအများကြီးထွက်တယ်လို့ ပြောကြားလိုက်ပါတယ်။ ကိန်းဟာ အခုရာသီသစ်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ကလပ် နဲ့ နိုင်ငံအသင်းအတွက် ၁၃ ပွဲမှာ ၁၉ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

လိဂ်မှာတော့ မိနစ် ၉၀ တိုင်းမှာ ၂.၂၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကာ လိဂ်ပွဲ ၅ ပွဲမှာ ဂိုးဖန်တီးမှု ၃ ကြိမ်ရယူထားနိုင်ခဲ့ပါတယ်။ ကိန်းကတော့ အခုလက်ရှိဘိုင်ယန်နဲ့အတူ ဆုဖလားအောင်မြင်မှုတွေရယူနိုင်ဖို့သာ ပစ်မှတ်ထားနေပါတယ်။

Source : goal.com

Leave a Reply

Your email address will not be published. Required fields are marked *