အန်ဇိုက တကယ့်ကို ယဉ်ကျေးတဲ့လူငယ်လေးပါလို့ ပြောကြားလိုက်တဲ့ ဂါနာချို

အန်ဇိုက တကယ့်ကို ယဉ်ကျေးတဲ့လူငယ်လေးပါ

ဂါနာချို ဟာ ချဲလ်ဆီးကိုပြောင်းရွှေ့ဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့မှာ အန်ဇို ဖာနန်ဒက်ဇ် ရဲ့ အခန်းကဏ္ဍကိုလည်း ဖော်ထုတ်ပြောပြခဲ့ပါတယ်။

ယူနိုက်တက် မှာ သူ့ရဲ့ နောက်ဆုံးရာသီဟာ အလွန်စိန်ခေါ်မှုများခဲ့ကြောင်း ဂါနာချို က ဝန်ခံခဲ့ပြီး ချဲလ်ဆီးနည်းပြ မာရက်စကာ နဲ့ ဗီဒီယိုခေါ်ဆိုမှုက စတမ်းဖို့ဒ်ဘရစ်ချ်ကိုပြောင်းရွှေ့ဖို့ သူ့ရဲ့ဆုံးဖြတ်ချက်မှာ အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ သူဟာ အန်ဇို အကြောင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ရှင်းပါတယ်။ ယူနိုက်တက် မှာ ကျွန်တော့်ရဲ့ နောက်ဆုံးရာသီအတွင်းမှာ နည်းပြသစ်တာဝန်ယူခဲ့တဲ့အတွက် ကလပ်က သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေကို ဖြတ်သန်းခဲ့ရပါတယ်။ အဲဒီကာလဟာ တကယ်ပဲခက်ခဲ ခဲ့ပါတယ်” “ဒါပေမဲ့ ကျွန်တော် ပြီးခဲ့တဲ့ရာသီမှာကစားချိန်တော့ တော်တော်များများ ရခဲ့ပါတယ်၊ အများစုက ပွဲထွက်ခွင့်ရခဲ့ပေမဲ့ တစ်ခါတလေကျတော့ အရန်ခုံကနေ ဝင်ကစားခဲ့ရတာပါ”

“ဒါပေမဲ့ ကျွန်တော် ချဲလ်ဆီးနဲ့ နည်းပြ မာရက်စကာ တို့နဲ့ စကားပြောတဲ့အခါ ကလပ်ရဲ့လက်ရှိကစားဟန်ကလည်း ကျွန်တော့်အတွက် အရေးကြီးခဲ့ပါတယ်။ ကျွန်တော်တို့ ဗီဒီယိုခေါ်ဆိုမှုမှာ သူအသေးစိတ်ရှင်းပြခဲ့ပါတယ်၊ ဒါကြောင့် ဒီအပြောင်းအရွှေ့က ကျွန်တော့်အတွက်အဓိပ္ပာယ်ကြီးမားတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါဟာ ချဲလ်ဆီး လိုကလပ်တစ်ခုမှာ ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင် လုပ်ဆောင်ဖို့အတွက် အကောင်းဆုံး အခွင့်အရေးပါပဲ” လို့ သူက ပြောပါတယ်။

ယူနိုက်တက် ကနေ ချဲလ်ဆီး ကို မပြောင်းခင်ကတည်းက ဂါနာချို ဟာ အန်ဇို ဖာနန်ဒက်ဇ် နဲ့ မကြာခဏ ဆက်သွယ်ခဲ့ပါတယ်။ အာဂျင်တီးနားလက်ရွေးစင် အသင်းဖော်တွေဖြစ်ကြတဲ့ ဂါနာချို က စတမ်းဖို့ဒ်ဘရစ်ချ်ကို သူရောက်လာခဲ့ပြီးကတည်းက အန်ဇို ဟာကြီးမားတဲ့ အကူအညီပေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“ကျွန်တော် သူ့ကို လက်ရွေးစင်အသင်းကတည်းက သိခဲ့တာပါ၊ သူက တကယ့်ကိုတော်တဲ့ လူငယ်လေးပါ။ ကျွန်တော်တို့ နွေရာသီတစ်လျှောက်လုံး ဆက်သွယ်ခဲ့ကြတယ်။ သူ ကျွန်တော့်ကို အပတ်တိုင်းစာပို့ ခဲ့ပါတယ်။ ရိုးရိုးသားသားပြောရရင် ကျွန်တော် ဒီကိုရောက်လာကတည်းက သူကအစကတည်းက အများကြီးကူညီခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ အရမ်းခင်တဲ့သူငယ်ချင်းတွေ ဖြစ်သွားပါပြီ” လို့ ဂါနာချို က ထပ်ပြောပါတယ်။

Source : allfootballapp.com

Leave a Reply

Your email address will not be published. Required fields are marked *