အဓိက ကစားသမား ၃ ဦးကြောင့် ယူနိုက်တက်လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာခြင်းဖြစ်တယ်လို့ပြောကြားလာတဲ့ ဖာဒီနန်

လမ်းကြောင်းမှန်ပေါ်ရောက်လာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ယခုရာသီမှာ အသင်းအနေနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်လည်ချီတက်လာနိုင်ခြင်းမှာ ဂိုးသမား ဆန်နီလမ်မန်းစ်၊ တောင်ပံကစားသမား ဘရိုင်ယန်အမ်ဘွေမိုနဲ့ နောက်ခံလူ ဒီလစ်ချ်တို့ကြောင့်ဖြစ်တယ်လို့ သုံးသပ်ပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလနဲ့ ယခုနိုဝင်ဘာလအတွင်း ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲကစားခဲ့ရာမှာ ၃ ပွဲအထိနိုင်ပြီး ၂ ပွဲသရေကျထားခဲ့တာကြောင့် ရှုံးပွဲတွေကို ရှောင်လွှဲလာနိုင်ပြီလို့ဆိုရမှာဖြစ်ပါတယ်။

ဖာဒီနန်က “ယူနိုက်တက်အနေနဲ့ အခုလိုတိုးတက်လာခဲ့တာက ကစားသမားတစ်ယောက်တည်းကြောင့်မဟုတ်ပါဘူး။ ဒီရာသီမှာ အသင်းအတွက်အရမ်းအရေးကြီးတဲ့နောက်ခံလူက ဒီလစ်ချ်ပါ။ သူက အခုဆိုရင် အရေးပါတဲ့ဂိုးတွေကိုတောင် သွင်းပေးနေပါပြီ။ ပြီးခဲ့တဲ့တော့တင်ဟမ်နဲ့ပွဲမှာ သွင်းခဲ့တဲ့ဂိုးတွေလိုပေါ့”

“သူက ပြိုင်ဘက်တိုက်စစ်ကို ကောင်းကောင်းထိန်းချုပ်နိုင်သူပါ။ အမြဲတမ်းပြေးလွှားနေပြီး နောက်တန်းရဲ့ အစွန်အဖျားတွေအထိ သွားရောက်ကာကွယ်လိုစိတ်ရှိပါတယ်။ ဂိုးဧရိယာထဲမှာလည်း သူ့ရဲ့တားဆီးဖြတ်ထုတ်မှုတွေက အံ့မခန်းပါပဲ”

ဘရိုင်ယန်အမ်ဘွေမိုကလည်း အရမ်းကိုတိုးတက်လာပါတယ်။ သူကအခုဆိုရင် အသင်းရဲ့တိုက်စစ်အသက်သွေးကြောဖြစ်နေပါပြီ။ သူက ဘောလုံးကို ၂ စက္ကန့်၊ ၃ စက္ကန့်လောက်အထိထိန်းထားနိုင်ပြီး အရေးပါတဲ့သွင်းဂိုးတွေနဲ့၊ အခွင့်အရေးတွေဖန်တီးပေးနိုင်ပါတယ်။ မနေ့က သောမတ်စ်ဖရန့်ခ်ရဲ့မှတ်ချက်တွေမှာ ကျွန်တော် အမ်ဘွေမိုအကြောင်းကို ပိုသိလိုက်ရပါတယ်”

“သူက စွယ်စုံရတောင်ပံကစားသမားတစ်ယောက်ဖြစ်ပြီး ရာသီကုန်မှာသူက လိဂ်ရဲ့အကောင်းဆုံးကစားသမားစာရင်းထဲမှာပါဝင်လာမယ်လို့ထင်ပါတယ်။ ဒီအသင်းအင်္ကျီကိုဝတ်ပြီး လက်ရှိခြေစွမ်းကို ထိန်းသိမ်းထားဖို့ပဲလိုပါတယ်” “နောက်ဆုံးတစ်ယောက်ကတော့ ဂိုးသမားပါ။ ကျွန်တော်တို့ရဲ့ အရေးကြီးဆုံးကစားသမားတွေအကြောင်းပြောရင် ဂိုးသမားမပါလို့မရပါဘူး။ အခုလိုယူနိုက်တက်ခြေစွမ်းပြန်တက်လာတာက ယုံကြည်စိတ်ချရတဲ့ဂိုးသမားကြောင့်လည်း ပါဝင်တယ်ဆိုတာ ငြင်းလို့မရပါဘူး” လို့ပြောကြားခဲ့ပါတယ်။

Source : https://www.tribalfootball.com

Leave a Reply

Your email address will not be published. Required fields are marked *