ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကွင်းလယ်လူတိုနီခရူးစ်က အသင်းဖော်ဟောင်းစီရော်နယ်ဒိုအပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ပေါ်တူဂီကြယ်ပွင့်ဘက်မှရပ်တည်ကာ အခိုင်အမာကာကွယ်ပြောဆိုလိုက်ပါတယ်။
🚨 Toni Kroos DESTROYS the Saudi Pro League!
— Transfer News Live (@DeadlineDayLive) February 9, 2026
🗣️ “If Cristiano leaves tomorrow, this league will lose all interest. 🥶🇸🇦
The Saudi league is a strange phenomenon.
Nobody had ever heard of it before the arrival of Cristiano Ronaldo. ❌
And now, they’re showing a lack of respect… pic.twitter.com/FX2xEA8Py6
လတ်တလောမှာ ရော်နယ်ဒိုက အယ်လ်နာဆာအသင်းရဲ့ပွဲစဉ်အချို့ကို လွဲချော်နေပြီး ဝေဖန်မှုအချို့နဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ တိုနီခရူးစ်ကတော့ ရော်နယ်ဒိုသာ မရှိဘူးဆိုရင် ဆော်ဒီပရိုလိဂ်ကို ဘယ်သူမှ စောင့်ကြည့်ကြမှာမဟုတ်ဘူးလို့ မှတ်ချက်ပြုခဲ့ပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင်ရော်နယ်ဒိုဟာ ဇန်နဝါရီလအပြောင်းအရွှေ့ကိစ္စရပ်တွေအပေါ် မကျေနပ်မှုအချို့ရှိနေတာကြောင့် ကန့်ကွက်မှုအဖြစ် အသင်းရဲ့ပွဲစဉ်နှစ်ခုကို ပါဝင်ကစားခဲ့ခြင်း မရှိပါဘူး။ အခုအပတ်မှာတော့ သူဟာ အသင်းနဲ့အတူ လေ့ကျင့်ရေးပြန်လည်ဆင်းနေပြီလို့ သိရပါတယ်။
A Bola သတင်းဌာနရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုက လာမဲ့သီတင်းပတ်မှာကစားမဲ့ အယ်လ်ဖာတေးနဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်လာလိမ့်မယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကြားရက်မှာကစားမဲ့ အယ်လ်နာဆာအသင်းရဲ့ အာရှချန်ပီယံလိဂ်-၂၊ အာခါဒတ်ဂ်နဲ့ အဝေးကွင်းပွဲစဉ်ကိုတော့ သူ လွဲချော်သွားပါလိမ့်မယ်။
ဆော်ဒီလိဂ်အခြေအနေနဲ့ပတ်သက်ပြီး တိုနီခရူးစ်က “ဆော်ဒီလိဂ်ဆိုတာ တကယ်ကိုထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခုပါ။ စီရော်နယ်ဒိုမရောက်လာခင်တုန်းကဆိုရင် ဒီလိဂ်အကြောင်းကို ဘယ်သူမှ မကြားဖူးခဲ့ကြပါဘူး” လို့ စတင်ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ၎င်းက “အခုတော့ ဒီလိဂ်ကို ကမ္ဘာ့မြေပုံပေါ်ရောက်အောင် ပို့ပေးခဲ့တဲ့သူကို သူတို့တွေက မလေးမစား လုပ်နေကြပါပြီ။ တကယ်လို့ စီရော်နယ်ဒိုသာ မနက်ဖြန်မှာ ထွက်ခွာသွားမယ်ဆိုရင် ဒီလိဂ်ပြိုင်ပွဲမှာ သူ့ရဲ့စွဲဆောင်မှုအားလုံး ပျောက်ဆုံးသွားပါလိမ့်မယ်။ စီရော်နယ်ဒိုမရှိရင် ဆော်ဒီလိဂ်ကို ဘယ်သူမှမကြည့်ပါဘူး”လို့လည်း ဖွင့်ဟခဲ့ပါတယ်။
ရော်နယ်ဒိုဟာ လက်ရှိရာသီ၊ ဆော်ဒီလိဂ် ၁၈ ပွဲကစား၊ ၁၇ ဂိုးအထိ သွင်းယူပေးထားပြီး အကောင်းဆုံးပုံစံမှာ ရှိနေဆဲ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ အသက် ၄၁ နှစ် ပြည့်မြောက်ခဲ့သူကို အခုလိုခြေစွမ်းပိုင်းတွေကြောင့် အနားမယူသေးဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပြန်ပါတယ်။
Source : https://www.newsbreak.com




