ဆုဖလားအောင်မြင်မှုတွေ ရယူချင်တယ်လို့ ပြောဆိုလိုက်တဲ့ လီဗာပူးကြယ်ပွင့်အာနိုးလ်

ဆုဖလားအောင်မြင်မှုတွေ ရယူချင်တယ်လို့ ပြောဆိုလိုက်တဲ့ လီဗာပူးကြယ်ပွင့်အာနိုးလ်

လီဗာပူးကြယ်ပွင့်အာနိုးလ်က ဆုဖလားအောင်မြင်မှုတွေ ရယူချင်တဲ့ဆန္ဒတစ်ခုသူ့မှာရှိနေပြီး ဒီစိတ်ဆန္ဒဟာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ရာမှာ လမ်းညွှန်ချက်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။

လာမဲ့နွေရာသီမှာ အန်ဖီးလ်ကလပ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ရှိနေတဲ့ အာနိုးလ်က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှာ နိုင်ငံရပ်ခြား ကလပ်အသင်းတစ်ခုနဲ့ အပြောင်းအရွှေ့ဆိုင်ရာ အကြိုသဘောတူညီမှုတစ်ခုပြုလုပ်နိုင်မဲ့ အခွင့်အရေးကိုရရှိလာပါလိမ့်မယ်။ တဖက်မှာလည်း ရီရဲလ်မက်ဒရစ်က လာမဲ့နွေရာသီကာလမှာ အသင်းခံစစ်ပိုင်းကိုအင်အားဖြည့်တင်းဖို့ စပါယ်ရှယ်အစီအမံတစ်ခု ချမှတ်ထားကာ အင်္ဂလန်လက်ရွေးစင် နောက်ခံအစွန်လူကိုခေါ်ယူဖို့ နီးနီးကပ်ကပ်စောင့်ကြည့်နေတယ်လို့ သတင်းတွေမှာဖော်ပြခဲ့ပါတယ်။

ဆုဖလားအောင်မြင်မှုတွေ ရယူချင်တယ်လို့ ပြောဆိုလိုက်တဲ့ လီဗာပူးကြယ်ပွင့်အာနိုးလ်

အခုလို မရေမရာအခြေအနေတွေကြားမှာပဲ အာနိုးလ်က သူ့ရဲ့အနာဂတ်ကိုဆုံးဖြတ်ရာမှာ အရေးကြီးတဲ့အချက်အဖြစ် ဆုဖလားအောင်မြင်မှုတွေရယူချင်တဲ့ဆန္ဒအကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး လီဗာပူးအသင်းဆီသတိပေးမှုတစ်ခု ပြုလုပ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အသက်-၂၅ နှစ်အရွယ်ကစားသမားက နှစ်ပေါင်းနှစ်ဆယ်ကျော် သူဖြတ်သန်းခဲ့ရဖူးတဲ့ ငယ်ဘဝကလပ်အသင်းအပေါ် ဖိအားမပေးချင်ပါဘူးလို့လည်း ရှင်းပြခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့၊ ဘုန်းမောက်ကိုအနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးနောက်ခံလူက “အရိုးသားဆုံးပြောရရင် အရေးအကြီးဆုံးအရာကတော့ ဆုဖလားတွေပါပဲ။ ဆုဖလားတွေ ဆွတ်ခူးချင်ပါတယ်။ ကျွန်တော်က အရာရာတိုင်းကို အနိုင်ယူပြီးထိပ်တန်းအဆင့်ဖြစ်လာဖို့ အမြဲတမ်းစိတ်အားထက်သန်နေတဲ့ ဘောလုံးသမားတစ်ဦးပါ။ ဒါကြောင့် ဒီစိတ်ဆန္ဒက အရာရာတိုင်းရဲ့ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ အခုလိုမျိုးထိပ်တန်းအဆင့်ဖြစ်လိုတဲ့၊ အရာရာတိုင်းကိုအနိုင်ယူလိုတဲ့ ကိုယ်ရည်ကိုယ်သွေးမျိုးရှိနေမယ်ဆိုရင် ဒီလိုအရာတွေကပဲမိမိကိုယ်ကိုမောင်းနှင်ပေးသွားပါလိမ့်မယ်။

ကြည့်လိုက်ပါဦး၊ အခုဆိုရင် ကျွန်တော် ဒီကလပ်အသင်းမှာရှိနေတာ နှစ် ၂၀ ကြာမြင့်ခဲ့ပါပြီ။ စာချုပ်သက်တမ်းတိုးတာကိုလည်းလေး၊ ငါးကြိမ်လောက် လုပ်ခဲ့ပြီးပါပြီ။ ဒီစာချုပ်တွေကိုတော့ လူသိရှင်ကြားထုတ်ပြန်ပေးသွားဖို့ မရှိပါဘူး။ အခုတစ်ကြိမ်မှာလည်း ထုတ်ပြန်ပေးသွားမှာမဟုတ်ပါဘူး။ အနည်းဆုံးတော့ အခုဘောလုံးရာသီမှာ လီဗာပူးကစားသမားတစ်ဦးအဖြစ် ဆက်ရှိနေချင်သေးတယ်လို့ပဲ ကျွန်တော် ပြောရပါလိမ့်မယ်”လို့ ဆိုပါတယ်။

နော်တင်ဟမ်ဖောရက်စ်ကိုအံ့အားသင့်ဖွယ် ရှုံးနိမ့်ပြီးနောက် အန်းစလော့ရဲ့အသင်းက ဘုန်းမောက်ကိုသုံးဂိုးပြတ်အနိုင်ယူကာခွန်အားအပြည့်နဲ့ လမ်းကြောင်းမှန်ဆီ ပြန်လည်ရောက်ရှိလာပါတယ်။ လာမဲ့ဗုဒ္ဓဟူးနေ့မှာတော့ သူတို့တွေကလိဂ်ဖလားတတိယအဆင့်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းကို ဧည့်ခံကစားသွားရပါမယ်။

Source: anfieldindex.com

#xda77 #xda77digital #အာနိုးလ် #လီဗာပူး

Leave a Reply

Your email address will not be published. Required fields are marked *