ရီးရဲလ်အသင်းနည်းပြ အန်ဆယ်လော့တီက တောင်ပံကစားသမား ဗင်နီဆီးယက်စ်တစ်ယောက် စည်းကမ်းပိုင်းဆိုင်ရာ ဆိုးဝါးလာကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မက်ဒရစ်နည်းပြဟာ ဗင်နီဆီးယက်စ်တစ်ယောက် အောင်မြင်ခဲ့ရာမှာ အဓိကကျခဲ့တဲ့သူဖြစ်ပြီး လာလီဂါ နဲ့ ချန်ပီယံလိဂ်ဖလားတွေရယူနိုင်ခဲ့တဲ့အပြင် ဘော်လွန်းဒီအော်ဆုလည်းရယူနိုင်ဖို့ နီးစပ်နေပါတယ်။
အန်ဆယ်လော့တီအနေနဲ့ စူပါစတားအသင်းကိုကိုင်တွယ်နေရတာဖြစ်ပြီး ဘာပေထပ်ရောက်လာမှုနဲ့အတူ အသင်းက လူအင်အားပိုတောင့်တင်းလာခဲ့ပါတယ်။
ဒါပေမဲ့လည်း ဘရာဇီးသားဟာ အခုရာသီမှာ ပြိုင်ပွဲစုံ ၃ ဂိုးသွင်း ၊ ၆ ဂိုးဖန်တီးထားနိုင်ခဲ့ပေမဲ့ ကွင်းအတွင်း စည်းကမ်းပိုင်းဆိုင်ရာလိုက်နာမှု နဲ့ အပြုအမူတွေက စိတ်ပျက်စရာဖြစ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။
ဒီရာသီလာလီဂါ ၇ ပွဲမှာ ဗင်နီတစ်ယောက် အဝါကတ် ၃ ကတ်အထိ ပြသခံထားရပြီး ရီးရဲလ်ကစားသမားတွေထဲမှာ အဝါကတ်အများဆုံးပြသခံရတဲ့သူတွေက တစ်ဦးဖြစ်လာခဲ့ပါတယ်။

သတင်းတွေအရ အန်ဆယ်လော့တီဟာ ဘရာဇီးသားနဲ့ပတ်သက်လို့ နှုတ်ဆိတ်နေခဲ့ပြီလို့ ဆိုပါတယ်။ အန်ဆယ်လော့တီအပြင် အခြားအသင်းဖော်တွေကလည်း ဗင်နီဆီးယက်စ်ရဲ့စည်းကမ်းပိုင်းမလိုက်နာမှုကို စိတ်ပျက်နေတယ်လို့ သိရပါတယ်။
“စည်းမျည်းတွေက ပြောင်းလဲခဲ့ပါပြီ။ ကျွန်တော်တို့ အဲဒါနဲ့အံဝင်အောင်လုပ်ရပါမယ်။ ကျွန်တော်တို့ စောဒဂတက်တာကို ရှောင်ရပါမယ်။ အဲ့တာက မျှတနိုင်သလို မမျှတတာလည်းဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့ အဲ့တာကို အသားကျအောင်လုပ်ရပါမယ်”လို့ မကြာသေးခင်တုန်းက အန်ဆယ်လော့တီတစ်ယောက် ပြောကြားခဲ့ပါတယ်။
အခြားတစ်ဖက်မှာတော့ ဗင်နီကို လူမျိုးရေးခွဲခြားခဲ့တဲ့ ပရိသတ်တစ်ဦးကို ထောင် ၁၂ လ ချမှတ်ခဲ့ပြီဖြစ်ပါတယ်။ မာယော့ကာပရိသတ်တစ်ဦးဟာ ဖေဖော်ဝါရီတုန်းက မက်ဒရစ်နဲ့ပွဲမှာ ဗင်နီကို ဦးတည်ကာ လူမျိုးရေးခွဲခြားခဲ့တာဖြစ်ပါတယ်။
အဆိုပါပို့စ်ကို ဘရာဇီးသားက လူမှုမီဒီယာမှာ အီမိုဂျေ ၂ ခုနဲ့ မျှဝေခဲ့ပြီး ပထမတစ်ခုက ကျေးဇူးတင်တဲ့အနေအထားမျိုးဖြစ်ကာ ဒုတိယတစ်ခုက လက်ဆွဲနှုတ်ဆက်တဲ့အနေအထားမျိုးဖြစ်ပါတယ်။
အဆိုပါဖြစ်ရပ်လိုမျိုး ဗီလာရီးရဲလ်စတား ချူကွာမီကာတစ်ယောက် ဗင်နီကို လူမျိုးရေးခွဲခြားခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်လည်တောင်းပန်ခဲ့တယ်လို့ ရီးရဲလ်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
Source : goal.com
#xda77 #xda77digital #ဗင်နီဆီးယက်စ် #အန်ဆယ်လော့တီ #ရီးရဲလ်မက်ဒရစ်