အာဆင်နယ် အသင်းဟာ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဗီနီစီးယက်စ် ကို ခေါ်ယူဖို့အတွက် ဖြစ်နိုင်ခြေတွေကို လေ့လာစုံစမ်းနေပါတယ်။
လောလောဆယ်မှာတော့ အသင်းနှစ်သင်းကြား တိုက်ရိုက်ဆက်သွယ်မှု မရှိသေးပေမဲ့ အာဆင်နယ် ရဲ့ စိတ်ဝင်စားမှုကတော့ တကယ်ဖြစ်ပါတယ်။ ဗီနီစီးယက်စ် ဟာ အာဆင်နယ် ပစ်မှတ်ထားနေတဲ့ တိုက်စစ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဂျူလီယန် အယ်လ်ဗာရက်ဇ်၊ ယန် ဒီယိုမန်ဒေး နဲ့ ဘရက်ဒလီ ဘာကိုလာ တို့ကိုလည်း စိတ်ဝင်စားနေပါတယ်။
အသက် ၂၆ နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင်ကစားသမားဟာ စာချုပ်နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်ပြီး စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိခဲ့ရင် ရီးရဲလ်မက်ဒရစ် အနေနဲ့ လာမဲ့နွေရာသီမှာ အလကားလက်လွှတ်ရတာထက်စာရင် ရောင်းချသွားဖို့ လမ်းဖွင့်ထားနိုင်ပါတယ်။
ဂန်းနား တို့ဟာ ဒီနွေရာသီမှာ ဘယ်တောင်ပံနေရာကို အားဖြည့်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဘရာဇီးလ် ထိပ်တန်းကြယ်ပွင့် ရောက်ရှိလာမှုဟာ အသင်းအတွက် အဓိကအားဖြည့်မှု ဖြစ်လာမှာပါ။
အာဆင်နယ် ဟာ ဒီနွေရာသီ စောစောပိုင်းက လီယန်ဒရို ထရော့ဆက် ကို ဘက်ဆစ်တက် အသင်းဆီ ပေါင် ၁၇ သန်းနဲ့ ရောင်းချခဲ့ပြီး ကလပ်ဘရုဂ် အသင်းဆီကနေ ခရစ်စတိုး စဇိုးလစ် ကို ပေါင် ၃၄ သန်းနဲ့ ခေါ်ယူထားပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ ကစားနိုင်တဲ့ အခြားရွေးချယ်စရာတစ်ခုဖြစ်တဲ့ ဂါဘရီယယ် မာတီနယ်လီ ကတော့ လွန်ခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် မှာ ၁ ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။
၂၀၂၄ ဘာလွန်ဒေါ ဒုတိယဆုရ ဗီနီစီးယက်စ် ဟာ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်အသင်းနဲ့အတူ ပါဝင်ကစားပေးခဲ့ပြီးနောက် လက်ရှိမှာတော့ အားလပ်ရက် အနားယူနေပါတယ်။
Source : https://www.skysports.com/




