ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အအောင်မြင်ဆုံးစံချိန်ရှင် ရီးရဲလ်မက်ဒရစ်ဟာ စီးရီးအေချန်ပီယံ အင်တာမီလန်နဲ့ စိတ်လှုပ်ရှားဖွယ် ဥရောပပွဲစဉ်သစ်ကို စတင်တော့မှာဖြစ်ပါတယ်။
- တွေ့ဆုံမယ့်အသင်းများ = ရီးရဲလ်မက်ဒရစ် နှင့် အင်တာမီလန်
- ပြိုင်ပွဲအမျိုးအစား = ချန်ပီယံလိဂ် League Phase
- ကစားမည့်ကွင်း = ဆန်တီယာဂို ဘာနေဗျူး၊ မက်ဒရစ်မြို့၊ စပိန်နိုင်ငံ
- အချိန် = မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၉ ရက်၊ မနက် ၁ နာရီခွဲ (01:30 AM)
၂၀၁၀ နွေရာသီမှာ ဟိုဆေး မော်ရင်ညိုဟာ အင်တာမီလန်ကို ချန်ပီယံလိဂ်ဖလား ရယူပေးပြီးနောက် အကောင်းဆုံးပုံစံနဲ့အတူ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ပေါ်တူဂီနည်းပြဟာ စီးရီးအေ၊ ကိုပါအီတာလီယာနဲ့ ချန်ပီယံလိဂ် သုံးထပ်ကွမ်းဖလား (Treble) အောင်မြင်မှုကို ရယူပေးခဲ့တာပါ။ အခု ၁၆ နှစ်အကြာမှာတော့ ရီးရဲလ်မက်ဒရစ်ကို ဒုတိယအကြိမ် ပြန်လည်ကိုင်တွယ်လာတဲ့ ဟိုဆေး မော်ရင်ညိုဟာ အသင်းဟောင်း အင်တာမီလန်နဲ့ ဘာနေဗျူးကွင်းမှာ ပြန်လည်ရင်ဆိုင်ရပါတော့မယ်။
ဖလားရယူဖို့ ဖိအားမရှိဘူးလို့ မော်ရင်ညို တုံ့ပြန်
ရီးရဲလ်မက်ဒရစ်မှာ ပထမအကြိမ်တာဝန်ယူစဉ်က ချန်ပီယံလိဂ်ဖလားတစ်လုံးသာ လွဲချော်ခဲ့ဖူးတဲ့ ဟိုဆေး မော်ရင်ညိုကတော့ အသင်းအပေါ် အကြွေးတင်နေသလို ခံစားချက်မျိုး မရှိဘူးလို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုခဲ့ပါတယ်။
“ဒါက မတူညီတဲ့ ကာလနှစ်ခုပါ။ ၂၀၁၃ တုန်းက အခြေအနေပြီးဆုံးသွားခဲ့ပါပြီ။ အခုလုပ်ရမှာတွေက အတိတ်နဲ့ ဘာမှမဆိုင်တော့ပါဘူး။ ၂၀၁၀ တုန်းက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တောင် မရောက်တာကြာခဲ့ပေမဲ့ အခုတော့ ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ ခြောက်ကြိမ်အထိ ဗိုလ်စွဲထားနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ ပွဲတိုင်းကို အနိုင်ရချင်ပါတယ်။ ဒါပေမဲ့ တည်ငြိမ်မှုရအောင် အရင်တည်ဆောက်ရပါမယ်” လို့ သူက ပြောကြားခဲ့ပါတယ်။
‘အားလုံး တိုးတက်ဖို့ လိုနေသေးတယ်’ လို့ အမ်ဘာပေ ဝန်ခံ
နည်းပြနဲ့အတူ သတင်းစာရှင်းလင်းပွဲတက်ရောက်လာတဲ့ တိုက်စစ်မှူး အမ်ဘာပေကတော့ အဝတ်လဲခန်းတွင်း အခြေအနေနဲ့ ပတ်သက်ပြီး ဖြေရှင်းခဲ့သလို ဂိုးရှေ့မှာ အသင်းလိုက် ပိုမိုတိုးတက်ဖို့ လိုအပ်နေကြောင်း ပြောပြခဲ့ပါတယ်။
“ပြီးခဲ့တဲ့နှစ်နဲ့ အတူတူပါပဲ၊ ဘာမှပြောင်းလဲမသွားပါဘူး။ နည်းပြသစ် ရောက်လာတာကလွဲရင် အရာအားလုံး ပုံမှန်အတိုင်းပါပဲ။ ကျွန်တော်တို့ ဂိုးရှေ့မှာရော ဘောလုံးပိုင်ဆိုင်မှုမှာပါ အားလုံး အများကြီးတိုးတက်အောင် ကြိုးစားဖို့ လိုနေပါသေးတယ်” လို့ အမ်ဘာပေက ဆိုပါတယ်။
ပြီးခဲ့သည့်ပွဲရလဒ်များ
ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်ဘက်တစ်ကို ၁-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီး ဟိုဆေး မော်ရင်ညိုရဲ့ ရာနှုန်းပြည့်နိုင်ပွဲစံချိန် ရပ်တန့်ခဲ့ရပါတယ်။ အဆိုပါပွဲမှာ အမ်ဘာပေ ပင်နယ်တီ လွဲချော်ခဲ့သလို ဗီနီးစီးယပ်စ် ဂျူနီယာရဲ့ ကန်ချက်လည်း တိုင်ထိထွက်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း အင်တာမီလန်ဟာ စီးရီးအေပွဲစဉ်မှာ နာပိုလီကို ၂ ဂိုးပြတ် ရှုံးနိမ့်နေတဲ့အခြေအနေကနေ ဒုတိယပိုင်းမှာ အသည်းအသန် ချေပပြီး ၃-၂ နဲ့ အံ့အားသင့်ဖွယ် ပြန်လည်အနိုင်ရရှိခဲ့ပါတယ်။ အနိုင်ဂိုးကိုတော့ နာကျင်အချိန်ပိုမှာ တိုက်စစ်မှူး လော်တာရို မာတီနက်စ်က သွင်းယူပေးခဲ့တာပါ။
ခန့်မှန်းချက်နှင့် ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်း
Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ အိမ်ရှင် ရီးရဲလ်မက်ဒရစ်က အနိုင်ရဖို့ ၅၆ ရာခိုင်နှုန်းနဲ့ အသာစီးရနေပြီး အင်တာမီလန်က ၂၂.၃ ရာခိုင်နှုန်းသာ အခွင့်အရေး ရှိနေပါတယ်။ နှစ်သင်းတွေ့ဆုံမှု ၁၉ ကြိမ်မှာ ရီးရဲလ်မက်ဒရစ်က ၁၀ ကြိမ်နိုင်၊ အင်တာမီလန်က ၇ ကြိမ်နိုင်ပြီး ၂ ကြိမ် သရေကျထားပါတယ်။ အင်တာမီလန်အနေနဲ့ ၁၉၉၈ ခုနှစ်နောက်ပိုင်း ရီးရဲလ်မက်ဒရစ်ကို အနိုင်မရရှိဖူးသေးပါဘူး။
နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု
- ဒီဇင်ဘာ ၀၇၊ ၂၀၂၁ = ရီးရဲလ်မက်ဒရစ် ၂-၀ အင်တာမီလန်
- စက်တင်ဘာ ၁၅၊ ၂၀၂၁ = အင်တာမီလန် ၀-၁ ရီးရဲလ်မက်ဒရစ်
- နိုဝင်ဘာ ၂၅၊ ၂၀၂၀ = အင်တာမီလန် ၀-၂ ရီးရဲလ်မက်ဒရစ်
- နိုဝင်ဘာ ၀၃၊ ၂၀၂၀ = ရီးရဲလ်မက်ဒရစ် ၃-၂ အင်တာမီလန်
- နိုဝင်ဘာ ၂၅၊ ၁၉၉၈ = အင်တာမီလန် ၃-၁ ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ်ဘက်မှာ ကာမာဗင်ဂါ၊ အာဒါ ဂူလာနဲ့ ဘာနာဒို ဆေးလ်ဗားတို့ ပွဲပယ်ခံထားရသလို မီလီတာအို၊ ရိုဒရီဂိုနဲ့ မန်ဒီတို့လည်း ဒဏ်ရာကြောင့် လွဲချော်မှာပါ။ ချူအာမန်နီ၊ အန်းဒရစ်နဲ့ ကူကူရယ်လာတို့ကတော့ ကြံ့ခိုင်မှု ပြန်လည်စစ်ဆေးရပါမယ်။
အင်တာမီလန်ဘက်မှာတော့ ဘယ်နောက်ခံလူ ဒီမာကို ဒူးဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို ကစားသမားသစ် ဂျတ် စပင်စ်လည်း ပွဲထွက်ဖို့ မသေချာသေးပါဘူး။
Source : https://www.aljazeera.com/




