ယူနိုက်တက်နည်းပြ အာမိုရင်က မိမိတို့အသင်းဟာ မက်ဂွိုင်းယားရဲ့စာချုပ်ပါအချက်ကို အသုံးပြုပြီး ၁ နှစ်သက်တမ်းတိုးခဲ့ကြောင်း အတည်ပြုလိုက်ပါတယ်။ ယူနိုက်တက်ဟာ မက်ဂွိုင်းယားရဲ့စာချုပ်ထဲမှာ ၁ နှစ်ထပ်မံသက်တမ်းတိုးခွင့်ထည့်သွင်းထားပြီး အခုအဆိုပါ အချက်ကို အသုံးချခဲ့တာဖြစ်ပါတယ်။

အာမိုရင် က ဒီယာလိုကိုလည်း စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ စာချုပ်သစ်မချုပ်ဆိုနိုင်ခဲ့ရင် မက်ဂွိုင်းယား နဲ့ ဒီယာလိုတို့ဟာ နွေရာသီမှာ အလွတ်နဲ့ထွက်ခွာခွင့်ရမှာဖြစ်ပါတယ်။
“အာမက်ကတော့ နီးစပ်နေပါပြီ။ မက်ဂွိုင်းယားကိုတော့ စာချုပ်ပါအချက်အတိုင်း အသုံးချခဲ့ပါတယ်။ ဒီမနက်ခင်းမှာ သူပွဲအတွင်းတိုးတက်လာဖို့ ကျွန်တော်တို့ စကားပြောဖြစ်ပါတယ်။ ကျွန်တော်တို့ သူ့ကိုအများကြီးလိုအပ်ပါတယ်။ သူက ခေါင်းဆောင်တစ်ဦးအနေနဲ့ တိုးတက်လာဖို့ လိုအပ်ပါတယ်။
ဒီမှာရှိနေတဲ့အခြေအနေအားလုံးကို ကျွန်တော်တို့သိပါတယ်။ သူ့ကိုဆက်ထိန်းထားနိုင်လို့ ပျော်ရွှင်မိပါတယ်။ ကစားသမားတစ်ဦးမှာက အခိုက်အတန့်တွေရှိပါတယ်။ အဲ့တာက ကွဲပြားခြားနားပါတယ်။ သူက ရုန်းကန်ရမှုတွေကနေ ပြန်လာနိုင်ခဲ့ပါတယ်။ သူက ခေါင်းဆောင်တစ်ဦးပါ။ သူက အဲ့အစိတ်အပိုင်းမှာ တိုးတက်လာပါတယ်။ ကျွန်တော်တို့ သူ့ရဲ့စွမ်းဆောင်ရည်ကို ကျေနပ်ပါတယ်။
ခင်ဗျားအနေနဲ့ ထိပ်တန်းအသင်းမှာ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ချင်တယ်ဆိုရင် ထိပ်တန်းအဆင့်ဖြစ်နေရပါမယ်။ အဝတ်လဲခန်းထဲမှာလည်း အတူတူပါပဲ။ လူငယ်တွေအများကြီးရှိတာကြောင့် သူတို့အားကျအတုယူနိုင်အောင်လည်း လုပ်ဆောင်ရပါမယ်”လို့ အာမို ရင်က ပြောကြားခဲ့ပါတယ်။
မက်ဂွိုင်းယားဟာ တန်ဟက်လက်အောက်မှာ နေရာရဖို့ ရုန်းကန်ခဲ့ရပေမဲ့ အာမိုရင်လက်အောက်မှာ ပုံမှန်နေရာရလာခဲ့တာဖြစ်ပါတယ်။ အသက် ၃၁ နှစ်သားဟာ ပရီးမီးယားလိဂ် ၃ ပွဲဆက်အရေးနိမ့်ခဲ့တဲ့တုန်းက ယူနိုက်တက်နောက်တန်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
Source : dailymail.co.uk
#မန်ချက်စတာယူနိုက်တက် #အာမိုရင် #မက်ဂွိုင်းယား #ဒီယာလို #တန်ဟတ်