ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဝုလ်ဗ် အသင်းကနေ ပေါ်တူဂီလက်ရွေးစင် တောင်ပံကစားသမား ပတ်ဒရို နက်တိုကို ယူရိုသန်း ၆၀ ၊ ၇နှစ် စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါဟာ ဘယ်တောင်ပံမှာ လုံးဝ အားထားမရတဲ့ ရာဟင်း စတာလင် ၊ မစ်ခ်ဟိုင်းလို မူဒရစ်တို့ကို တနည်းအားဖြင့် တပ်လှန့်လိုက်တာလည်း ဖြစ်ပါတယ်။
နက်တိုဟာ ဝုလ်ဗ်မှာတုန်းက များသောအားဖြင့် ညာတောင်ပံမှာ ကစားလေ့ရှိပေမဲ့ ၊ ဘယ်တောင်ပံနဲ့လည်း မစိမ်းသလို ၊ မနှစ်က အလယ်အလတ် ကလပ်တွေထဲမှာ စွမ်းဆောင်ရည် အကောင်းဆုံး တိုက်စစ်ကစားသမားတစ်ဦး ဖြစ်သလို ၊ ချဲလ်ဆီးကိုလည်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ အကြီးအကျယ် ဒုက္ခပေးနိုင်ခဲ့ပါတယ်။

တစ်ဖက်မှာ အသက် ၂၄ -နှစ် အရွယ်ရှိ နက်တိုဟာ ယခင်နှစ်တွေမှာ အခြားလန်ဒန်မြို့ခံ ကလပ်တစ်သင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ တောင်ပံတိုက်စစ် ပစ်မှတ် တစ်ခုဖြစ်ခဲ့ဖူးပြီး ၊ ၎င်းကို ဘူကာယို ဆာကာ ၊ ဂါဘရီရယ် မာတင်နယ်လီတို့ရဲ့ အရန် အဖြစ် ထားရှိဖို့ ဂန်းနားတို့ ချိန်ရွယ်ခဲ့ဖူးပါတယ်။
ဝုလ်ဗ်မှာ ၅-နှစ်ကြာ ကစားပြီးနောက် ၊ နက်တိုဟာ သူ့ရဲ့ ကစားသမားဘဝ အချိုးအကွေ့ တစ်ခုအရောက် အသင်းကြီး တစ်သင်းသို့ ပြောင်းရွှေ့ အခြေချဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပြီး ၊ ယနေ့ည မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲကြပ် အဖွင့်ပွဲမှာ ခြင်္သေ့ပြာတို့ အတွက် ပထမဆုံး အကြိမ်ပါဝင် ကစားပေးသွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်က တောင်ပံတိုက်စစ်အတွက် ဝန်ကူထမ်းဖို့ လိုနေတဲ့ အာဆင်နယ်ထက် ချဲလ်ဆီးက နက်တိုကို လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ခဲ့လို့ အံ့အားသင့်နေကာ ၊ ၎င်းသာ ကွင်းထဲမှာရှိနေရင် ၊ ခြင်္သေ့ပြာတို့ အတွက် လှည့်ဖြားမှုပေးစွမ်းနိုင်တဲ့ ကစားသမားလို့ ယုံကြည်ထားပါတယ်။
Source : www.arsenal.com
#xda77 #xda77digital