Apple ဟာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ တိုးချဲ့နိုင်ဖို့အတွက် ဂြိုလ်တုကွန်ရက် Globalstar မှာ ဒေါ်လာ ၁.၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမယ်လို့ သိရပါတယ်။

လက်ရှိ Apple ဟာ iPhone 14၊ iPhone 15 ၊ iPhone 16 မော်ဒယ် ပိုင်ရှင်တွေအတွက် မိုဘိုင်းကွန်ရက် အပြင်ဘက် Emergency SOS မှတစ်ဆင့် Emergency Service တွေအတွက် Globalstar ဂြိုလ်တုကို အသုံးပြုခွင့်ပေးထားပါတယ်။
ဒါအပြင် Apple ဟာ ဂြိုလ်တုကနေ ဆက်သွယ်နိုင်မဲ့ Text Message ထည့်သွင်းနိုင်ဖို့ ကြိုးပမ်းလာပါတယ်။ Apple ရဲ့ ဒေါ်လာ ၁.၅ ဘီလီယံရင်းနှီးမြုပ်နှံမှုဟာ Globalstar ရဲ့ဂြိုဟ်တုကို ကြယ်စု အသစ်ဆီလွှင့်တင်ပြီး “မိုဘိုင်းဂြိုလ်တုဝန်ဆောင်မှု” ကွန်ရက်အသစ်အတွက် မြေပြင်အခြေခံအဆောက်အအုံ တိုးချဲ့သွားမှာဖြစ်ပါတယ်။
ဒါဟာ “Extended MSS Network” ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ မိုဘိုင်းဝန်ဆောင်မှုလိုင်စင်ကို တိုးမြှင့်မှာဖြစ်ပြီး Apple သုံးစွဲသူတွေဟာ အဆိုပါဝန်ဆောင်မှုအချို့ကို အသုံးပြုဖို့အတွက် ကြိုတင်ငွေပေးချေရမှာ ဖြစ်ပါတယ်။
ဒီ ရင်းနှီးမြုပ်နှံမှုကနေ iPhone ပိုင်ရှင်တွေအတွက် အပိုဝန်ဆောင်မှုတွေ ရှိလာနိုင်ဦးမလားဆိုတာတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ဩဂုတ်လကလည်း Google ဟာ Pixel 9 စီးရီးအတွက် Emergency satellite message အသုံးပြုနိုင်ဖို့ Skylo နဲ့ ပူးပေါင်းခဲ့ပါတယ်။
Source : samaa.tv
#xda77 #xda77digital #iPhone #ဂြိုလ်တုဝန်ဆောင်မှု #ရင်းနှီးမြှုပ်နှံ #Apple