အန်ဆယ်လော့တီ

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲပြီးကတည်းက သူ့အနာဂတ်ကိုသိနေခဲ့ကြောင်း အန်ဆယ်လော့တီ ထုတ်ဖော်ပြောကြား

ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက အာဆင်နယ်နဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲအပြီးကတည်းက သူ့အနာဂတ်ကိုသိနေခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မာကာသတင်းဌာနနဲ့အင်တာဗျူးမှာ အန်ဆယ်လော့တီက ရီးရဲလ်ကနေထွက်ခွာရမယ်ဆိုတာကို သိနေခဲ့တာလို့ ဖြေကြားခဲ့ပါတယ်။ အီတလီသားဟာ ရီးရဲလ်အသင်းကို ၂ ကြိမ်ကိုင်တွယ်ခဲ့ရာမှာ ဆုဖလား ၁၅ လုံးအထိရယူပေးနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနည်းပြအဖြစ်မှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မော်ရင်ဟို

ချန်ပီယံလိဂ်ဆုဖလားအောင်ပွဲရရှိရေးအတွက် အသင်းဟောင်းအင်တာမီလန်ကို အားပေးနေတဲ့ မော်ရင်ဟို

မော်ရင်ဟိုက အင်တာမီလန်အသင်းကို ချန်ပီယံလိဂ်ဆုဖလားဆွတ်ခူးနိုင်ဖို့ အလိုရှိပေမဲ့ ဖလားသုံးလုံးချန်ပီယံမဖြစ်လာခြင်းအတွက် ဝမ်းသာမိတယ်လို့ အရွှမ်းဖောက်ပြောဆိုခဲ့ပါတယ်။ အင်တာမီလန်က မေ ၃၁ ရက်၊ အလိုင်းယန့်ဇ်အရီနာကွင်းမှာ ပီအက်စ်ဂျီနဲ့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရပါမယ်။ ဒါက နာပိုလီကို တစ်မှတ်အကွာဖြင့် စီးရီးအေချန်ပီယံဆုအတွက် နောက်ကောက်ကျခဲ့တဲ့ အင်တာမီလန်အတွက် အခုဘောလုံးရာသီ၊ ဆုဖလားရရှိနိုင်မဲ့ နောက်ထပ်အခွင့်အရေးလည်း ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟယ်ရီကိန်း

အသွင်သစ်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်ပွဲရယူဖို့ စိတ်အားထက်သန်နေတဲ့ ဟယ်ရီကိန်း

နောက်ထပ်ဆုဖလားအောင်မြင်မှုတစ်ခုရှာဖွေနေတဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟယ်ရီကိန်းက အသွင်သစ်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားရလို့ အလွန်စိတ်လှုပ်ရှားနေပါတယ်။ ဘိုင်ယန်မြူးနစ်က လာမဲ့ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောက်ကလန်စီးတီး၊ ဘိုကာဂျူနီယာ၊ ဘင်ဖီကာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

အပြည့်အစုံဖတ်ရန်
ရူဘင်အာမိုရင်

ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့လို့ ကစားသမားသစ်အများအပြားခေါ်ယူမှာမဟုတ်ကြောင်း အာမိုရင်ပြော

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်မရှိခဲ့လို့ နွေရာသီမှာ ကစားသမားသစ်တွေ အများအပြားခေါ်ယူသွားမှာမဟုတ်ကြောင်း အတည်ပြုပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘောလွန်းဒီအော်ရခဲ့သင့်တဲ့ သူကို ထုတ်ဖော်ပြောကြားလာတဲ့ ကာကာ

ရော်နယ်ဒိုနဲ့ မက်ဆီတို့ခေတ်မှာ ဘောလွန်းဒီအော်ရခဲ့သင့်တဲ့ ကစားသမားအမည်ကို ထုတ်ဖော်ပြောကြားလာတဲ့ ကာကာ

ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်၊ လာလီဂါနဲ့ စီးရီးအေတို့လို အသင်းလိုက်ဆုဖလားတွေနဲ့ ဘောလွန်းဒီအော်လို တစ်ဦးချင်းဆုတံဆိပ်တွေ ဆွတ်ခူးခဲ့ဖူးတဲ့ ဘရာဇီးလက်ရွေးစင်ဟောင်း ကာကာက ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ လီယွန်နယ်မက်ဆီတို့ခေတ်မှာ ဘောလွန်းဒီအော်ဆုရခဲ့သင့်တဲ့ ကစားသမားတစ်ဦးရဲ့အမည်ကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂါနာချို-မန်ယူ

ဂါနာချိုကို ရောင်းထုတ်ရန် ကြိုးပမ်းပါက ရူးသွပ်ရာရောက်မယ်လို့ သတိပေးလိုက်တဲ့ ဒွိုက်ယော့ခ်

ယူနိုက်တက် ဂန္ထဝင် ကစားသမားဟောင်း ဒွိုက်ယော့ခ်က ယခုနွေရာသီတွင် အလီဂျန်ဒရို ဂါနာချိုကို ရောင်းချခြင်း မပြုရန် အသင်းအား အကြံပေးခဲ့ပါတယ်။ ဂါနာချိုဟာ ရူဘင် အမ်မိုရင် လက်အောက်တွင် မျက်နှာသာ မရရှိတော့ဘဲ ယခုနွေရာသီတွင် ယူနိုက်တက်မှ ထွက်ခွာရန် သတင်းများထွက်ပေါ်နေပါတယ်။

အပြည့်အစုံဖတ်ရန်
ဂန္ထဝင်ကွင်းလယ်လူ ဒီဘရိုင်း

နာပိုလီအသင်းထံပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ မန်စီးတီးစတား

သတင်းတွေအရ မန်စီးတီးဂန္ထဝင်ကွင်းလယ်လူ ဒီဘရိုင်းတစ်ယောက် အခုနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ နာပိုလီအသင်းထံပြောင်းရွှေ့ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ အခုအပတ်စီးတီးအသင်းထံ နှုတ်ဆက်ခဲ့ပြီးနောက် ဒီဘရိုင်းဟာ လာမဲ့ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲမှာ စီးတီးအတွက် ပါဝင်ကစားပေးမှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂါနာချိုကို အသင်းသစ်ရှာဖို့ ညွှန်ကြားထားတဲ့ အာမိုရင်

ဂါနာချိုကို အသင်းသစ်ရှာဖို့ ညွှန်ကြားထားတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ဟာ နောက်ရာသီ အိုးလ်ထရက်ဖို့ဒ်မှာ သူနဲ့အတူ ဆက်လက်လက်တွဲသွားရမဲ့ ကစားသမားအမည်တွေကို ထုတ်ဖော်ပြောကြားခဲ့ပြီး တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုကိုတော့ အသင်းသစ်ရှာဖွေဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အပြည့်အစုံဖတ်ရန်
အန်းစလော့

မိုဆာလက်၊ ဗန်ဒိုက်တို့ကြောင့် လိဂ်ချန်ပီယံဆုရရှိရေးကြိုးပမ်းမှု အနှောင့်အယှက်မဖြစ်ခဲ့ဘူးလို့ဆိုလိုက်တဲ့ အန်းစလော့

မိုဆာလက်၊ ဗန်ဒိုက်တို့ရဲ့စာချုပ်သစ်ကိစ္စဆွေးနွေးမှုတွေကြောင့် ကြိုးကြာနီတွေရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆု သိမ်းပိုက်ရေးကြိုးပမ်းမှုကို အဟန့်အတားမဖြစ်စေခဲ့ပါဘူးလို့ လီဗာပူးနည်းပြအန်းစလော့က ရှင်းပြခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘင်ဝိုက်အား ထပ်မံရွေးချယ်ခြင်းမရှိတဲ့ သောမက်စ် တူချယ်လ်

ဘင်ဝိုက်အား ထပ်မံရွေးချယ်ခြင်းမရှိတဲ့ အကြောင်းအရင်းကိုရှင်းပြလိုက်တဲ့ သောမက်စ် တူချယ်လ်

ဘင်ဝိုက်ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း ကာတာရှိ အင်္ဂလန်အသင်းရဲစခန်းမှ ထွက်ခွာခဲ့ပြီးနောက်ပိုင်းမှစ၍ လက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားခြင်း မရှိတော့တာဖြစ်ပါတယ်။ မန်နေဂျာ ဂါရက်ဆောက်ဂိတ်ကလည်း သူ့ကို ပြန်လည်ခေါ်ယူရန် မေးမြန်းသောအခါ ဘင်ဝိုက်က လက်ရွေးစင်ဖြစ်လိုကြောင်း ပြောကြားထားတယ်လို့ ပြောခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်