စင်္ကာပူမှာကျင်းပမဲ့ အပျော်တမ်းဘောလုံးပွဲသို့ သွားရောက်မဲ့ မက်ဆီ
လီယွန်နယ်မက်ဆီနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းတို့ဟာ လာမဲ့ ၂၀၂၆ ခုနှစ်အစောပိုင်း စင်္ကာပူမှာကျင်းပသွားမဲ့ အပျော်တမ်းဘောလုံးပြိုင်ပွဲသို့ တက်ရောက်သွားမယ်လို့ သိရပါတယ်။
လီယွန်နယ်မက်ဆီနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းတို့ဟာ လာမဲ့ ၂၀၂၆ ခုနှစ်အစောပိုင်း စင်္ကာပူမှာကျင်းပသွားမဲ့ အပျော်တမ်းဘောလုံးပြိုင်ပွဲသို့ တက်ရောက်သွားမယ်လို့ သိရပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဘဝ ကနဦးကာလမှာပဲ ဝင်ဘာလေကွင်းအတွင်း နှစ်ပွဲဆက်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သောမတ်စ်တူချယ်လက်အောက်မှာ အသင်းအနေဖြင့် အခုထက်ပိုပြီးတိုးတက်လာပါဦးမယ်လို့ ဟယ်ရီကိန်းက ကတိပြုပြောကြားခဲ့ပါတယ်။
လတ်ဗီးယားနဲ့ရင်ဆိုင်ရမဲ့ အင်္ဂလန်အသင်းရဲ့ပွဲစဉ်မတိုင်ခင် သောမတ်စ်တူချယ်က ဘယ်ကစားသမားကိုမှ ချန်လှပ်သွားမှာမဟုတ်ဘူးလို့ပြောဆိုကာ ရက်ရှ်ဖို့ဒ်နဲ့ ဖိုဒန်တို့အတွက် အာမခံချက်ပေးအပ်ခဲ့ပါတယ်။
ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုက ဒိန်းမတ်ကိုရှုံးနိမ့်ခဲ့တဲ့ နေရှင်းလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ပြိုင်ဘက်တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းဟာ ဂိုးသွင်းယူပြီးနောက် သူ့ရဲ့ပုံစံအတိုင်း အောင်ပွဲခံခဲ့ပေမဲ့ အပြစ်တင်ခြင်းမရှိဘဲ ဝမ်းသာတယ်လို့ ဆိုပါတယ်။
အင်္ဂလန်အသင်းနည်းပြ တူချယ်က အယ်လ်ဘေးနီးယားကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ မားကပ်စ် နဲ့ ဖိုဒန်တို့ စိတ်အားထက်သန်မှုမရှိခဲ့ဘူးလို့ ဝေဖန်လိုက်ပါတယ်။
မြောက်လန်ဒန်မှာ ၈ နှစ်တာ ဂုဏ်ယူဖွယ်ရာကာလအပြီး အာဆင်နယ်ရဲ့ စံချိန်တင်ဂိုးသွင်းရှင်နဲ့ အဲဒီအချိန်က အသင်းခေါင်းဆောင်ဟာ ပြည်ပမှာ လတ်ဆတ်တဲ့စိန်ခေါ်မှုကို ရှာဖွေပြီး သူ့ရဲ့ အသင်းဖော်တွေဖြစ်တဲ့ ရောဘတ် ပီရက်စ်နဲ့ ပက်ထရစ် ဗီယာရာတို့ရဲ့လမ်းကြောင်းအတိုင်း လိုက်ခဲ့ပါတယ်။
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်နည်းပြ ဂျော့ဂျ်ဂျီးဆပ်က ပြိုင်ဘက် အယ်လ်နာဆာအသင်းရဲ့စူပါစတားတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဘာကြောင့် ကမ္ဘာ့ဘောလုံးလောကရဲ့ စံပြကစားသမားဖြစ်နေသလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။
မန်စီးတီးကြယ်ပွင့်ဟာလန်းက နှစ်အနည်းငယ်အတွင်း အံ့အားသင့်လောက်စရာ မော်တော်ကားများစွာကို ဝယ်ယူစုဆောင်းခဲ့ပါတယ်။ လတ်တလောမှာ အသက်-၂၄ နှစ်အရွယ် နော်ဝေကြယ်ပွင့်က အီတီဟတ်ကလပ်နဲ့ စာချုပ်သစ်ချုပ်ဆိုထားပြီး သီတင်းတစ်ပတ်လုပ်ခ ပေါင် ၅၀၀,၀၀၀ အထိ ရရှိသွားပါလိမ့်မယ်။ ဒီလိုလုပ်ခလစာနှုန်းထားမျိုးက မန်စီးတီးဂိုးသွင်းစက်ကို အဆင့်အတန်းမြင့်မြင့်လူနေမှုဘဝမှာ နေထိုင်နိုင်ဖို့အတွက် အထောက်အကူပြုပေးနိုင်ပါတယ်။
အင်္ဂလန်အသင်းဂန္ထဝင်ဟောင်းတစ်ဦးမဖြစ်လာခင် ယူနိုက်တက်စတားဟောင်း ဝိန်းရွန်းနီက သူ့အနေနဲ့ အင်္ဂလန်အသင်းအစား အခြားတစ်နိုင်ငံမှာ ကစားဖို့နီးစပ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အံ့အားသင့်ဖွယ်ရာ ရွန်းနီက သူ့အနေနဲ့ အဲဗာတန်အသင်းဖော် လီကာစလေနဲ့စကားပြောဆိုခဲ့ပြီးနောက် အိုင်ယာလန်နိုင်ငံအတွက်ကစားပေးဖို့ နီးစပ်ခဲ့တယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။
အင်တာမီယာမီစတား မက်ဆီတစ်ယောက် ပွဲထွက်ခွင့်နည်းပါးလာတာကြောင့် မေဂျာလိဂ်ပရိသတ်တွေကြား ရေပန်းစားမှု လျော့ကျလာခဲ့တယ်လို့ သိရပါတယ်။ ရွေးချယ်မှုအတွက် ပါဝင်နေပေမဲ့ ချာလိုတီနဲ့ပွဲမှာ အရန်ခုံမှာသာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ အရန်ခုံထိုင်ခဲ့ရတာကြောင့် မက်ဆီတစ်ယောက် ပြိုင်ပွဲစုံနောက်ဆုံး ၃ ပွဲကို မပါဝင်ခဲ့တာဖြစ်ပါတယ်။