ဘရူနိုဖာနန်ဒက်စ်က မန်ချက်စတာယူနိုက်တက်မှာရှိနေတဲ့ သူ့အတွက်ရွေးချယ်ခွင့်တွေကို လေ့လာအကဲဖြတ်နေပါတယ်။ သူက ယာယီနည်းပြကာရစ်လက်အောက် အလှည့်အပြောင်းတွေကို သဘောကျနေပေမဲ့ ကလပ်အသင်းရဲ့ဦးတည်ချက်နဲ့ ဆုဖလားရည်မှန်းချက်တွေအပေါ် ကြီးကြီးမားမားသံသယဝင်နေဆဲ ဖြစ်ပါတယ်။
The Mirror သတင်းဌာနရဲ့အဆိုအရ ဘရူနိုဖာနန်ဒက်စ်က လာမဲ့နွေရာသီကာလအတွင်း သူ့အတွက် ရောက်ရှိလာနိုင်မယ့် အဓိကကမ်းလှမ်းမှုကြီးတွေကို စဉ်းစားသွားလိမ့်မယ်လို့ သိရပါတယ်။
၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ အသက်-၃၁ နှစ်အရွယ် ဘရူနိုဖာနန်ဒက်စ်က နောက်ထပ်စာချုပ်တစ်ခုလက်မှတ်ရေးထိုးခြင်းကို ကစားသမားဘဝအတွက် နောက်ဆုံးအဓိကစာချုပ်ချုပ်ဆိုမှု ဖြစ်လိမ့်မယ်လို့ သိရှိထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်အတွင်း သူ့ကိုရောင်းချဖို့ ဆန္ဒရှိခဲ့တဲ့ ဘုတ်အဖွဲ့ရဲ့ ဖိအားပေးမှုကိုလည်း မလိုချင်တော့ပါဘူး။
ဘရူနိုဖာနန်ဒက်စ်က လာမဲ့စာချုပ်သစ်အတွက် သီတင်းတစ်ပတ်လုပ်ခ ပေါင်လေးသိန်းအထိ လိုလားနေပြီး အဲ့ဒီပမာဏအထိ မရရှိဘူးဆိုရင် ဆော်ဒီပရိုလိဂ်ဆီပြောင်းရွှေ့ဖို့ ရွေးချယ်နိုင်ပါတယ်။ စာချုပ်သစ်ကိစ္စအပြင် ဘရူနိုဖာနန်ဒက်စ်က အမြဲတမ်းနည်းပြရာထူးအတွက် ကလပ်အသင်းအနေဖြင့် ကာရစ်(သို့မဟုတ်) အခြားသူတစ်ဦးဦးကို စဉ်းစားထားသလားဆိုတာ ရှင်းရှင်းလင်းလင်းသိချင်နေပါတယ်။
Source : https://www.tribalfootball.com/




