အယ်လ်ဟီလယ်အတွက် ပါဝင်ကစားပေးနိုင်ဖို့ နောက်ထပ်နှစ်လစောင့်ဆိုင်းရဖွယ်ရှိတဲ့ နေမာ

ပါဝင်ကစားပေးနိုင်ဖို့ နောက်ထပ်နှစ်လစောင့်ဆိုင်းရဖွယ်ရှိတဲ့ နေမာ xda

အယ်လ်ဟီလယ်အတွက် ပါဝင်ကစားပေးနိုင်ဖို့ နောက်ထပ်နှစ်လစောင့်ဆိုင်းရဖွယ်ရှိတဲ့ နေမာ

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အတွက် ပါဝင်ကစားပေးဖို့ ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ နေမာဟာ ဒဏ်ရာပြဿနာဆုတ်ယုတ်မှုတစ်ခုနဲ့ ထပ်မံရင်ဆိုင်လိုက်ရတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ယမန်နှစ်နွေရာသီကာလမှာ ဘရာဇီးသားက သူ့ရဲ့ဥရောပတလွှားကျင်လည်ကျက်စားနေမှုကို အဆုံးသတ်လိုက်ပြီး ဆော်ဒီပရိုလိဂ်ဆီ အံ့အားသင့်ဖွယ် ပေါင် ၇၈ သန်းတန်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့ပါတယ်။

နေမာက အရှေ့အလယ်ပိုင်းဒေသမှာ နောက်တစ်ကြိမ်ပြန်လည်တောက်ပမယ်လို့ မျှော်လင့်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလမှာ နိုင်ငံ့လက်ရွေးစင်တာဝန်ထမ်းဆောင်ရင်း ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိသွားချိန် မျှော်လင့်ချက်တွေ မှေးမှိန်သွားခဲ့ပါတယ်။

ပါဝင်ကစားပေးနိုင်ဖို့ နောက်ထပ်နှစ်လစောင့်ဆိုင်းရဖွယ်ရှိတဲ့ နေမာ xda77

ဒီဒဏ်ရာကြောင့် ပြီးခဲ့တဲ့ဘောလုံးရာသီတစ်ခုလုံးအပြင် အခုနွေရာသီ၊ ကိုပါအမေရိကပြိုင်ပွဲကိုပါ အသက်-၃၂ နှစ်အရွယ်ကစားသမား လွဲချော်ခဲ့ရပါတယ်။

နေမာက ဒဏ်ရာအခြေအနေမှ ပြန်လည်ကောင်းမွန်လာပုံနဲ့ သူ့ရဲ့ဓါတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ ပုံမှန်ဖော်ပြလေ့ရှိပြီး ပရိသတ်တွေကို ယုံကြည်မှုတွေ ပေးနေခဲ့ပါတယ်။

ဒါပေမဲ့ သူက လတ်တလောကြံ့ခိုင်မှုပိုင်းစစ်ဆေးမှုနဲ့ ဆေးစစ်မှုတွေမှာ ကျရှုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအခြေအနေအတိုင်းသာဆိုရင် နေမာက ဘောလုံးပြန်ကစားနိုင်ဖို့ အနည်းဆုံး နောက်ထပ်နှစ်လလောက်အထိ စောင့်ဆိုင်းသွားရဖွယ် ရှိနေပါတယ်။

အခုလိုရှင်းလင်းပြောပြမှုကို ဘာစီလိုနာ၊ ပီအက်စ်ဂျီကစားသမားဟောင်းအပေါ် စစ်ဆေးမှုပြုလုပ်ခဲ့တဲ့ ရုပ်သံတွေကို ဝေမျှခဲ့သော X လူမှုကွန်ရက် Account @ ithamer_7 မှ ပြုလုပ်ခဲ့တာပါ။

ဒီရုပ်သံဖိုင်တွေကို ဝေမျှပေးခဲ့တဲ့ ကာယကုထုံးပညာရှင်က “အမြင့်ခုန်လေ့ကျင့်ခန်းတွေအတွင်း နေမာရဲ့ တည်ငြိမ်မှုနဲ့ ယုံကြည်မှု ပျောက်ဆုံးနေခြင်းကို ထင်ထင်ရှားရှားတွေ့မြင်ခဲ့ရပါတယ်။ အထူးသဖြင့် သူ့ရဲ့ဒူးမှာ အတော်လေးထင်ရှားခဲ့ပါတယ်။ ဒါက မတ်တပ်ရပ်နေစဉ်ကာလတွေမှာ အားနည်းချက်တွေ ရှိနေသေးတယ်ဆိုတာကို ပြသနေပါတယ်”လို့ ပြောပါတယ်။

ဘာစီလိုနာနဲ့အတူ စပိန်မြေမှာ လေးနှစ်ကြာဖြတ်သန်းပြီးနောက် နေမာက ပါရီမြေမှာ ခြောက်ရာသီကြာ ကစားခဲ့ကာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၁၇၃ ပွဲကစား၊ ၁၁၈ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၇၇ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။

သူက အခုဒဏ်ရာမရရှိခင် အယ်လ်ဟီလယ်အတွက် ငါးပွဲပါဝင်ကစားပေးခဲ့ပြီး တစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှု သုံးကြိမ် စွမ်းဆောင်ပေးခဲ့ပါတယ်။

#xda77 #xda77digital #နေမာ #အယ်လ်ဟီလာ

Leave a Reply

Your email address will not be published. Required fields are marked *