မိနစ် ၉၀ ပြည့် ‘မက်ဆီ’ကိုကစားခွင့်ပေးတဲ့အပေါ် ကာကွယ်ပြောကြားလိုက်တဲ့ ‘မာရှေးယာနို’

မာရှေးယာနို

အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေးယာနိုက မွန်ထရီရယ်ကို ၄-၁ နဲ့အနိုင်ရနေပေမဲ့ မက်ဆီကို မိနစ် ၉၀ ပြည့်ပါဝင်ခွင့်ပေးခဲ့တဲ့အပေါ် ကာကွယ်ပြောကြားလိုက်ပါတယ်။ အဆိုပါပွဲမှာ အင်တာမိုင်ယာမီက မက်ဆီ ၊ တာဒီယို ၊ တီလာစကိုစတဲ့ကစားသမားတွေရဲ့ဂိုးတွေနဲ့ မွန်ထရီရယ်ကိုအနိုင်ရခဲ့ပါတယ်။

အဆိုပါပွဲအပြီးမှာ မာရှေးယာနိုက အသင်းရဲ့စွမ်းဆောင်ည်ကို ချီးကျူးလိုက်ပါတယ်။ “ယေဘုယျအားဖြင့် ကျွန်တော်တို့ ပွဲကောင်းတစ်ပွဲကိုကစားခဲ့ပါတယ်။ ကလပ်ကမ္ဘာ့ဖလားအပြီးမှာ လိဂ်ပြိုင်ပွဲကို အာရုံစိုက်ရတာဘယ်တော့မှမလွယ်ပါဘူး။ ဒါပေမဲ့ ကစားသမားတွေက ပြီးပြည့်စုံစွာပဲကိုင်တွယ်နိုင်ခဲ့ပါတယ်။ အဲ့တာက ကောင်းမွန်တဲ့ညတစ်ညဖြစ်ခဲ့သလို အခုချိန်က မေဂျာလိဂ်ကိုပြန်လည်အာရုံစိုက်ရမယ့်အချိန်ပါ။ မက်ဆီကိုမိနစ် ၉၀ ပြည့်ပါဝင်ခွင့်ပေးခဲ့တာက သူကဘောလုံးကစားနေရရင် အပျော်ဆုံးလူသားဖြစ်တာကြောင့်ပါ။ သူကြံ့ခိုင်မှုပြည့်ဝနေချိန်တိုင်းမှာ ကစားချင်သလို ကျွန်တော်တို့ကလည်း ခွင့်ပြုပေးပါတယ်။ ကွင်းထဲမှာ သူရှိနေရင် ကျွန်တော်တို့အတွက် အများကြီးအကျိုးပြုနိုင်ပါတယ်။ အဲ့တာကလည်း ကျွန်တော်တို့အလိုချင်ဆုံးအရာပါ”လို့ မာရှေးယာနိုက ပြောကြားခဲ့ပါတယ်။

အင်တာမိုင်ယာမီဟာ မွန်ထရီရယ်ကို ၄-၁ နဲ့အနိုင်ရခဲ့ပေမဲ့ မေဂျာလိဂ်အတွင်း ခံစစ်ပိုင်းက အားအနည်းဆုံးဖြစ်နေပါတယ်။ ပွဲအစ ၂ မိနစ်မှာတင် ဦးဆောင်ဂိုးပေးလိုက်ရပေမဲ့ အင်တာမိုင်ယာမီက ပြန်လာနိုင်ခဲ့ပြီး မက်ဆီ ၊ တာဒီယို ၊ တီလာစကိုတို့ရဲ့ဂိုးတွေနဲ့အနိုင်ရခဲ့ပါတယ်။ အင်တာမိုင်ယာမီဟာ မကြာခင်မှာ ပွဲစဉ်တွေဆက်တိုက်ကန်ရမှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ နယူးအင်္ဂလန် ၊ စနေနေ့မှာ နာရှီဗီလီတို့နဲ့ကန်ရမှာဖြစ်ပါတယ်။

မက်ဆီ - အင်တာမိုင်ယာမီ

“ကျွန်တော်တို့ ပွဲဆက်တွေလာပါပြီ။ ကစားသမားတိုင်းအဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ အခွင့်အရေးအတွက်လည်း ပြင်ဆင်ရပါမယ်။ အခုနိုင်ပွဲက အရေးပါသလို လက်ရှိအရှိန်အဟုန်ကို ဆက်ထိန်းနိုင်ဖို့ လိုအပ်ပါတယ်”လို့ မာရှေးယာနိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။ အင်တာမိုင်ယာမီဟာ နားချိန်အနားငယ်သာရရှိနေပြီး လာမဲ့ဗုဒ္ဓဟူးနေ့မှာ နယူးအင်္ဂလန်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Source : www.goal.com

Leave a Reply

Your email address will not be published. Required fields are marked *