အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ယူနိုက်တက်စတား

ဂိုးသမားအသစ်ရှာဖွေနေတဲ့ ယူနိုက်တက်နည်းပြ အာမိုရင်

ယူနိုက်တက်နည်းပြ အာမိုရင် က ဂိုးသမားအသစ်ရှာဖွေနေပေမဲ့ အိုနာနာကတော့ သူ့အနေနဲ့ ယူနိုက်တက်ကနေထွက်ခွာဖို့ အစီအစဉ်မရှိကြောင်း ပြောကြားလိုက်ပါတယ်။

၂၀၂၃ နွေရာသီတုန်းက အင်တာမီလန်က ပေါင် ၄၇ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ အိုနာနာဟာ ဒီရာသီ အမှား ၅ ကြိမ်အပါအဝင် ယခင်တုန်းကလည်း အမှားတွေများခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အစ်ဝှစ်တောင်းကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း အရှက်ရဖွယ် အမှား ၂ ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အသင်းပရိသတ်တွေကတော့ ဂိုးသမားနေရာအတွက် စိုးရိမ်နေပေမဲ့ အခုချိန်မှာ အိုနာနာကိုယ်တိုင်က အတည်ပြုလာခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာ ညနေခင်းသတင်းဌာနကတော့ အာမိုရင်ဟာ တတိယမြောက်ဂိုးသမား ဟီတန်ကိုအနားပေးပြီး ဂိုးသမားအသစ်ရှာဖွေနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အိုနာဟာ အာဖရိကနေးရှင်းလိဂ်ဖလားသွားကန်ရမှာဖြစ်တာကြောင့် ယူနိုက်တက်မှာ ဘာရင်ဒါတစ်ဦးတည်းသာကျန်တော့မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အိုနာနာရဲ့ပြောကြားချက်ကြောင့် စာချုပ်သက်တမ်းက ၃ နှစ်ကျန်နေသေးတဲ့အနေအထားမှာ အသင်းက နေထွက်ခွာဖွယ်မရှိတာဖြစ်ပါတယ်။

အာမိုရင်ကတော့ ဖူလ်ဟမ်ကိုအရေးနိမ့်ခဲ့ပေမဲ့လည်း အိုနာနာဘက်ကနေ ကာကွယ်ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဂိုးသမားကတော့ သူ့အနေနဲ့ အမှားတွေဆက်မလုပ်ပဲ ကြိုးစားမယ်ဆိုရင် အသင်းမှာကာလရှည်ဆက်ရှိနေနိုင်ဖွယ်ရှိနေပါတယ်။
ယူနိုက်တက်ဟာ အက်ဖ်အေဖလားပွဲအပြီး လာမဲ့ကြားရက်မှာ ဆိုစီဒက်နဲ့ယူရိုပါလိဂ်ကန်ရမှာဖြစ်ပြီး အဲ့နောက် အိုးထရက်ဖို့ဒ်မှာ အာဆင်နယ်ကို ဧည့်ခံရမှာဖြစ်ပါတယ်။

Source : msn.com

Leave a Reply

Your email address will not be published. Required fields are marked *