ခေါင်းစီးသတင်းများ
ချဲလ်ဆီး - စတာလင် xda77

ချဲလ်ဆီးရဲ့ကစားသမားအရောင်းစာရင်းထဲမှာ ပါဝင်လာတဲ့ ရာဟင်းမ်စတာလင်

ချဲလ်ဆီးတောင်ပံကစားသမား ရာဟင်းမ်စတာလင်ဟာ ယခုနွေရာသီအတွင်း အသင်းမှရောင်းချသွားမဲ့ ကစားသမား ၉ ယောက်စာရင်းထဲမှာ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက စတာလင်ဟာ ပြိုင်ဘက်ကလပ် အာဆင်နယ်သို့ အငှားစာချုပ်နဲ့ထွက်ခွာခဲ့ပေမဲ့ ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရတာကြောင့် ရာသီကုန်မှာ စတန်းဖို့ဒ်ဘရစ်ချ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အသေးစားကြွက်သားဒဏ်ရာရရှိခဲ့တဲ့ မက်ဆီ xda77

နီကာဇာနဲ့ပွဲမှာ ညာဘက်ခြေထောက် အသေးစားကြွက်သားဒဏ်ရာရရှိခဲ့တဲ့ မက်ဆီ

အင်တာမီယာမီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ယမန်နေ့က နီကာဇာနဲ့ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာကြောင့် ပွဲအစ ၁၁ -မိနစ်မှာပဲ လူစားလဲခံခဲ့ရပြီး ယခုအခါမှာတော့ ကစားသမားဟာ အသေးစားကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ အတည်ပြုလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အလီဂျန်ဒရိုဂါနာချိုကို အသင်းမှ ဖယ်ရှား

‘အလီဂျန်ဒရိုဂါနာချို’ကို အသင်းမှ ဖယ်ရှားလိုက်ပြီလို့ ပြောကြားလိုက်တဲ့ အာမိုရင်

အလီဂျန်ဒရိုဂါနာချို ကို ယူနိုက်တက် ပထမအသင်းရဲ့ အစီအစဉ်များမှ နည်းပြ ရူဘင်အာမိုရင်က ဖယ်ထုတ်လိုက်ပြီဖြစ်ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ ပုဂ္ဂိုလ်ရေးအရ မဟုတ်ကြောင်း ပေါ်တူဂီနည်းပြက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘာစီလိုနာမှာသာ ကစားလိုတဲ့ 'ရွန်းနီ ဘာဒ်ဂီ'

ကစားသမားဘဝတစ်လျှောက်လုံး ဘာစီလိုနာမှာသာ ကစားလိုတဲ့ ‘ရွန်းနီ ဘာဒ်ဂီ’

ဘာစီလိုနာဟာ ၂၀၂၅-၂၆ လာလီဂါရာသီ မစတင်မီ နွေရာသီ အပြောင်းအရွှေ့ကာလကို အတော်လေးတိတ်ဆိတ်စွာ ဖြတ်သန်းခဲ့ပါတယ်။ ဟန်စီ ဖလစ်ခ်ဟာ သူ့ရဲ့ ဒုတိယမြောက် နည်းပြရာထူးသက်တမ်းအတွင်း လိဂ်ဖလားအပြင် ကိုပါဒယ်ရေး နဲ့ စပိန်စူပါဖလား တို့ကို ကာကွယ်ဖို့ ရည်ရွယ်ထားပါတယ်။ ကာတာလိုနီးယားမှာ ငွေကြေးကိစ္စတွေ စိုးရိမ်ပူပန်စရာ ဖြစ်နေဆဲဖြစ်တာကြောင့် ဖလစ်ခ်ဟာ လာလီဂါရဲ့ ၁:၁ အပြောင်းအရွှေ့ စည်းမျဉ်းအတွင်းမှာ ရှိနေဖို့အတွက် ကစားသမားသစ် ခေါ်ယူမှုနဲ့ ရောင်းချမှုတွေကို မျှတအောင် လုပ်ဆောင်ခဲ့ရပါတယ်။

အပြည့်အစုံဖတ်ရန်
လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် စွပ်စွဲခံခဲ့ရတဲ့ ပီအက်စ်ဂျီစတား ဟာကီမီ

လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် စွပ်စွဲခံခဲ့ရတဲ့ ပီအက်စ်ဂျီစတား ဟာကီမီ

ရီးရဲလ်မက်ဒရစ် ၊ ဒေါ့မွန် နှင့် အင်တာမီလန် အသင်းတို့ရဲ့ ကစားသမားဟောင်း အာချရက်ဖ် ဟာကီမီ က ပါရီ ဆင်ခြေဖုံးမြို့ဖြစ်တဲ့ နန်တဲရ်မြို့ရှိ အစိုးရရှေ့နေများရုံးက လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် စွပ်စွဲခြင်းကို ခံထားရပါတယ်။ ပီအက်စ်ဂျီ ညာနောက်ခံကစားသမားတော့ မည်သည့်မှားယွင်းမှုမှ မရှိကြောင်း ငြင်းဆိုထားပါတယ်။

အပြည့်အစုံဖတ်ရန်
ပေါ့ဂ်ဘာ နဲ့ ဖာတီတို့ရဲ့ကြံ့ခိုင်မှုအနေအထား

ပေါ့ဂ်ဘာ နဲ့ ဖာတီတို့ရဲ့ကြံ့ခိုင်မှုအနေအထားကို ထုတ်ဖော်ပြောကြားလာတဲ့ နည်းပြ ဟက်တာ

မိုနာကိုအသင်းနည်းပြ ဟက်တာက ပေါ့ဂ်ဘာ နဲ့ ဖာတီတို့ ရာသီသစ်အတွက်အဆင်သင့်မဖြစ်သေးသလို မိမိအနေနဲ့လည်း အလျင်လိုမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ အခုနွေရာသီမှာ မိုနာကိုအသင်းဟာ ပေါ့ဂ်ဘာကိုခေါ်ယူခဲ့ပြီး ပရိသတ်တွေကလည်း ပြင်သစ်သားရဲ့စွမ်းဆောင်ရည်ကို ကြည့်ရှုဖို့ စိတ်လှုပ်ရှားနေကြပါတယ်။

အပြည့်အစုံဖတ်ရန်
ဂျေဒန် ဆန်ချို

ဆန်ချိုကိုခေါ်ယူဖို့ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကမှ ခေါ်ယူထားတဲ့ တောင်ပံကစားသမားကို ရောင်းချရမဲ့ ဂျူဗင်တပ်စ်

ဂျေဒန် ဆန်ချိုရဲ့ ဂျူဗင်တပ်စ် သို့ ပြောင်းရွှေ့မှုဟာ မရေမရာ ဖြစ်နေဆဲဖြစ်ပြီး စီးရီးအေအသင်းဟာ ပြီးခဲ့တဲ့တစ်နှစ်ကမှ ရောက်ရှိလာခဲ့သော နာမည်ကြီး ကစားသမား နီကို ဂွန်ဇာလက်ဇ် ကို ရောင်းချရန် ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂါနာချိုအတွက် ယူနိုက်တက်ထံကမ်းလှမ်းလိုက်တဲ့ ချဲလ်ဆီး

ဂါနာချိုအတွက် ယူနိုက်တက်ထံ ကစားသမားနှစ်ဦးဖြင့် ကမ်းလှမ်းလိုက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလကတည်းက အလီဂျန်ဒရို ဂါနာချိုကို ခေါ်ယူဖို့ စိတ်အားထက်သန်ခဲ့ပြီး ဒီနွေရာသီမှာ အာဂျင်တီးနားလက်ရွေးစင်အပေါ် စိတ်ဝင်စားမှုကို ပြန်လည် အသက်သွင်းခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဂါနာချိုကို ရောင်းထုတ်ဖို့ စာရင်းသွင်းထားပြီး နည်းပြ ရူဘင် အမ်မိုရင်က ပြီးခဲ့တဲ့ရာသီကုန်မှာ အသက် ၂၁ နှစ်အရွယ် ကစားသမားကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့တယ်လို့ အသိပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ယူနိုက်တက်ဟာ ပိုကောင်းလာပြီလို့ ပြောကြားလာတဲ့ အာမိုရင်

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီကထက်ပိုကောင်းလာပြီလို့ အခိုင်အမာပြောကြားလာတဲ့ အာမိုရင်

ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ဒုတိယမြောက်ရာသီကြိုခြေစမ်းပွဲမှာ ဘုန်းမောက်ကို ၄-၁ နဲ့ဂိုးပြတ်အနိုင်ရပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းလာပြီလို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မက်ဆီအကြောင်း ပြန်လည်ဖွင့်ဟလာတဲ့ ဗာရက်တီ

မက်ဆီအကြောင်း ပြန်လည်ဖွင့်ဟလာတဲ့ ဗာရက်တီ

ပီအက်စ်ဂျီစတား ဗာရက်တီက သူနဲ့ နေမာတို့ မက်ဆီကို ဘာစီလိုနာကနေ ပီအက်စ်ဂျီထံပြောင်းလာအောင် ဘယ်လိုစည်းရုံးခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဗာရက်တီက သူရယ် ၊ နေမာရယ် ၊ ပါရီဒက်စ်ရယ် ၊ ဒီမာရီယာရယ် ၄ ယောက်ပေါင်းပြီး မက်ဆီကို အံ့ဖွယ်ညစာတစ်ခုဖန်တီးကာ စည်းရုံးခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ အဆိုပါစည်းရုံးမှုအပြီးမှာ အာဂျင်တိုင်းဟာ အလျင်အမြန် ပီအက်စ်ဂျီအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်