အာဘီလိုအာကို ပြန်လည်ဆုံတွေ့ဖို့ အဆင်သင့်ဖြစ်နေတဲ့ မော်ရင်ဟို

ရီးရဲလ်မက်ဒရစ်နဲ့ အာဘီလိုအာကို ပြန်လည်ဆုံတွေ့ဖို့ အဆင်သင့်ဖြစ်နေတဲ့ မော်ရင်ဟို

ဟိုဆေးမော်ရင်ဟိုရဲ့ဘင်ဖီကာအသင်းက ဗုဒ္ဓဟူးနေ့၊ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး ပေါ်တူဂီလူမျိုးနည်းပြအတွက် သူ့ရဲ့အသင်းဟောင်းအပြင် သူအယုံကြည်ရဆုံးကစားသမားဖြစ်သူ အာဘီလိုအာတို့နဲ့ စိတ်လှုပ်ရှားဖွယ် ပြန်လည်ဆုံစည်းမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။

အပြည့်အစုံဖတ်ရန်
အာဆင်နယ်က ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်တယ်

အာဆင်နယ်က ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ပြီး သူတို့ အမှားလုပ်မှ လိုက်မီနိုင်မယ်လို့ ဂွါဒီယိုလာ ဝန်ခံ

မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးအသင်းဖြစ်တယ်လို့ ပြတ်ပြတ်သားသား ချီးကျူးလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးအတွက် ထိုက်တန်လွန်းတဲ့ နိုင်ပွဲတစ်ခုပါ

ချဲလ်ဆီးအတွက် ထိုက်တန်လွန်းတဲ့ နိုင်ပွဲတစ်ခုပါလို့ ကြွေးကြော်လိုက်တဲ့ ရိုစီနီယာ

ချဲလ်ဆီးနည်းပြရိုစီနီယာက ပါဖို့ဒ်ကိုအနိုင်ရရှိခဲ့မှုအတွက် သူ့ရဲ့ကျေနပ်အားရမှုကို ထုတ်ဖော်ပြသခဲ့ပြီး အလွန်ထိုက်တန်တဲ့ရလဒ်ပါလို့ ပြောကြားခဲ့ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းပွဲစဉ်မှာ ဆိုက်ပရပ်စ်သားတွေက ဂိုးသမားဂျေးဂေါ်တာရဲ့လက်စွမ်းပြမှုနဲ့အတူ ဇွဲလုံလအပြည့်ရှိတဲ့စွမ်းဆောင်ရည်မျိုးကို ပြသနိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အာဆင်နယ်တိုက်စစ်မှူးတွေကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ အာတီတာ

အင်တာမီလန်ကိုအနိုင်ယူပြီးနောက် အာဆင်နယ်တိုက်စစ်မှူးတွေကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ အာတီတာ

မီခေးလ်အာတီတာက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးနေရာရှိအင်တာမီလန်ကို အနိုင်ယူပြီးနောက် အသင်းအတွက် ဂျီးဆပ်စ်နဲ့ ယောကရက်စ်တို့ရဲ့အကျိုးသက်ရောက်မှုကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အာဆင်နယ်က ဖလားလေးလုံးလမ်းကြောင်းပေါ်မှာရှိနေဆဲ

အာဆင်နယ်က ဖလားလေးလုံးလမ်းကြောင်းပေါ်မှာရှိနေဆဲဖြစ်တယ်လို့ ပြောကြားလိုက်တဲ့ အာတီတာ

မီကယ်အာတီတာက အာဆင်နယ်အသင်းဟာ ပြိုင်ပွဲ ၄ ခုစလုံးမှာ ဆက်လက်ရှင်သန်နေဆဲဖြစ်ပြီး ဆုဖလားတွေဆွတ်ခူးနိုင်ဖို့ မနားတမ်းကြိုးစားနေတယ်လို့ ပြောလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
အလွန်ဆိုအတွက် ရီးရဲလ်မက်ဒရစ်အကြီးအကဲတွေရဲ့ဆုံးဖြတ်ချက်

မန်စီးတီးကိုရှုံးနိမ့်ပြီးနောက် အလွန်ဆိုအတွက် ရီးရဲလ်မက်ဒရစ်အကြီးအကဲတွေရဲ့ဆုံးဖြတ်ချက် ထွက်ပေါ်လာ

မန်စီးတီးရဲ့ချန်ပီယံလိဂ်နိုင်ပွဲအပြီး ရီးရဲလ်မက်ဒရစ်က ဘာနေဗျူးမှာ လေးရက်အတွင်း ဒုတိယမြောက်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒီရလဒ်ပိုင်းကြောင့် နွေရာသီကာလ၊ လေဗာကူဆင်မှပြောင်းရွှေ့လာပြီးနောက် ရာထူးနေရာကာကွယ်နိုင်ရေးရုန်းကန်နေရတဲ့ နည်းပြအလွန်ဆိုအတွက် ဖိအားတွေ မြင့်တက်လာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မိုဆာလက်ရဲ့ဒေါသအိုးပေါက်ကွဲမှု

မိုဆာလက်ရဲ့ဒေါသအိုးပေါက်ကွဲမှုနဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုလာတဲ့ ရော်ဘတ်ဆန်

ဒီနေ့မနက်ပိုင်း၊ အင်တာမီလန်ကို ဝ-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်အပြီး လီဗာပူးဝါရင့်ခံစစ်မှူးရော်ဘတ်ဆန်က ကလပ်အသင်းမှာ မိုဆာလက်ရဲ့အခြေအနေ ဘယ်လိုရှိသလဲဆိုတာ ထောက်ပြပြောဆိုခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
တော့တင်ဟမ်သို့ပြန်လာမဲ့ ဆွန်ဟောင်မင်

ပရိသတ်တွေကိုနှုတ်ဆက်ဖို့ တော့တင်ဟမ်သို့ပြန်လာမဲ့ ဆွန်ဟောင်မင်

ပြီးခဲ့တဲ့နွေရာသီက တော့တင်ဟမ်မှထွက်ခွာပြီး အမေရိကန်ကလပ် လော့စ်အိန်ဂျလိစ်သို့ပြောင်းရွှေ့သွားခဲ့တဲ့ တောင်ပံကစားသမား ဆွန်ဟောင်မင်ဟာ လာမဲ့ဒီဇင်ဘာလ ၉ ရက်နေ့မှာ တော့တင်ဟမ်သို့အလည်အပတ်ပြန်လာပြီး ပရိသတ်တွေကိုနှုတ်ဆက်သွားမယ်လို့ အတည်ပြုလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးက အမှတ်ပေးဖလားစိန်ခေါ်နိုင်တဲ့အသင်းဖြစ်ဖို့ လုံးဝထိုက်တန်

ချဲလ်ဆီးက အမှတ်ပေးဖလားစိန်ခေါ်နိုင်တဲ့အသင်းဖြစ်ဖို့ လုံးဝထိုက်တန်ကြောင်း အာတီတာပြောကြား

အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ချဲလ်ဆီးအသင်းဟာ ကျွန်တော်ကြည့်ရတာ အနှစ်သက်ဆုံး အသင်းတွေထဲက တစ်သင်းပါလို့ပြောပြီး ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်တဲ့အသင်းစာရင်းမှာပါဝင်ဖို့‌ လုံးဝထိုက်တန်ပါတယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။

အပြည့်အစုံဖတ်ရန်
ဒုတိယမြောက်အမြန်ဆုံး ဟက်ထရစ်ရှင်ဖြစ်လာတဲ့ အမ်ဘာပေ

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဒုတိယမြောက်အမြန်ဆုံး ဟက်ထရစ်ရှင်ဖြစ်လာတဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ခီလီယမ်အမ်ဘာပေဟာ ကြာသပတေးနေ့နံနက်က အိုလံပီယာကော့စ်ကို ၃-၄ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ပထမပိုင်းအတွင်း ၃ ဂိုးသွင်းယူပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဒုတိယမြောက်အမြန်ဆုံး ဟက်ထရစ်ရှင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်