ဟာတို'ကို ချီးကျူးလိုက်တဲ့ 'အဲရစ်တန်ဟက်'

ချဲလ်ဆီးရဲ့ပေါင် ၃၇ သန်းတန် ‘ဟာတို’ကို ချီးကျူးလိုက်တဲ့ ‘အဲရစ်တန်ဟက်’

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကုန်က အေဂျက်စ်ကနေ ဟာတို ကို ပေါင် ၃၇ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် ဟာတိုဟာ သောကြာနေ့ညက စတမ်းဖို့ဒ်ဘရစ်ဂျ်မှာ လေဗာကူဆင်ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ နည်းပြ အန်ဇို မာရက်စ်ကာရဲ့ အသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီး - စတာလင် xda77

ချဲလ်ဆီးရဲ့ကစားသမားအရောင်းစာရင်းထဲမှာ ပါဝင်လာတဲ့ ရာဟင်းမ်စတာလင်

ချဲလ်ဆီးတောင်ပံကစားသမား ရာဟင်းမ်စတာလင်ဟာ ယခုနွေရာသီအတွင်း အသင်းမှရောင်းချသွားမဲ့ ကစားသမား ၉ ယောက်စာရင်းထဲမှာ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက စတာလင်ဟာ ပြိုင်ဘက်ကလပ် အာဆင်နယ်သို့ အငှားစာချုပ်နဲ့ထွက်ခွာခဲ့ပေမဲ့ ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရတာကြောင့် ရာသီကုန်မှာ စတန်းဖို့ဒ်ဘရစ်ချ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အလီဂျန်ဒရိုဂါနာချိုကို အသင်းမှ ဖယ်ရှား

‘အလီဂျန်ဒရိုဂါနာချို’ကို အသင်းမှ ဖယ်ရှားလိုက်ပြီလို့ ပြောကြားလိုက်တဲ့ အာမိုရင်

အလီဂျန်ဒရိုဂါနာချို ကို ယူနိုက်တက် ပထမအသင်းရဲ့ အစီအစဉ်များမှ နည်းပြ ရူဘင်အာမိုရင်က ဖယ်ထုတ်လိုက်ပြီဖြစ်ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ ပုဂ္ဂိုလ်ရေးအရ မဟုတ်ကြောင်း ပေါ်တူဂီနည်းပြက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂါနာချိုအတွက် ယူနိုက်တက်ထံကမ်းလှမ်းလိုက်တဲ့ ချဲလ်ဆီး

ဂါနာချိုအတွက် ယူနိုက်တက်ထံ ကစားသမားနှစ်ဦးဖြင့် ကမ်းလှမ်းလိုက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလကတည်းက အလီဂျန်ဒရို ဂါနာချိုကို ခေါ်ယူဖို့ စိတ်အားထက်သန်ခဲ့ပြီး ဒီနွေရာသီမှာ အာဂျင်တီးနားလက်ရွေးစင်အပေါ် စိတ်ဝင်စားမှုကို ပြန်လည် အသက်သွင်းခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဂါနာချိုကို ရောင်းထုတ်ဖို့ စာရင်းသွင်းထားပြီး နည်းပြ ရူဘင် အမ်မိုရင်က ပြီးခဲ့တဲ့ရာသီကုန်မှာ အသက် ၂၁ နှစ်အရွယ် ကစားသမားကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့တယ်လို့ အသိပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ပီအက်စ်ဂျီမှ ထွက်ခွာတော့မဲ့ ဒွန်နာရမ်းမား

ပီအက်စ်ဂျီမှ ထွက်ခွာတော့မဲ့ ‘ဒွန်နာရမ်းမား’ အတွက် အသင့်အနေအထားမှာရှိနေတဲ့ ယူနိုက်တက်နှင့် မန်စီးတီး

ပီအက်စ်ဂျီဂိုးသမား ဂျန်လူးဂျီ ဒွန်နာရမ်းမားဟာ ဒီနွေရာသီမှာ ကလပ်ကနေ ထွက်ခွာတော့မှာဖြစ်လို့ မန်စီးတီး နဲ့ ယူနိုက်တက်တို့က အသင့်အနေအထားမှာ ရှိနေပါတယ်။ ပီအက်စ်ဂျီ က လိုင်လီမှ လူကက်စ် ချီဗဲလ်လီယာ ကို ခေါ်ယူရန်အတွက် ကိုယ်ရေးကိုယ်တာသဘောတူညီချက် ရရှိထားပါတယ်။ ပြင်သစ်ကလပ်ဟာ စာချုပ်သက်တမ်း ၁၂ – လသာ ကျန်ရှိတော့တဲ့ ဒွန်နာရမ်းမားရဲ့ နေရာမှာ ချီဗဲလ်လီယာကို အစားထိုးဖို့ ပစ်မှတ်ထားနေပါတယ်။

အပြည့်အစုံဖတ်ရန်
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အကောင်းဆုံး အသင်းလို့ မော်ရင်ဟို အခိုင်အမာဆို

ပထမဆုံးကိုင်တွယ်တဲ့ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အကောင်းဆုံး အသင်းလို့ မော်ရင်ဟို အခိုင်အမာဆို

လီဗာပူးအသင်းကို ချန်ပီယံလိဂ်မှာအရေးနိမ့်ခဲ့ပေမဲ့ မိမိအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းလို့ နည်းပြဟောင်း မော်ရင်ဟိုက အခိုင်အမာပြောကြားလိုက်ပါတယ်။ ဖီနာဘာချီနည်းပြက ၂၀၀၄ ကနေ ၂၀၀၆ အထိ ကိုင်တွယ်ခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ အာဆင်နယ်ရဲ့ရှုံးပွဲမရှိအသင်းဖြစ်တဲ့ ၂၀၀၃ – ၀၄ အသင်းထက်တောင် ပိုကောင်းတယ်လို့ ယုံကြည်နေပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးနောက်ခံလူ 'ကူကူ ရယ်လာ'

ဒေါ်နယ်ထရမ့်ကြောင့် အတော်လေးထိတ်လန့်ခဲ့ရတယ်လို့ ဝန်ခံလိုက်တဲ့ ချဲလ်ဆီးနောက်ခံလူ ‘ကူကူ ရယ်လာ’

ချဲလ်ဆီးအသင်းရဲ့ ကလပ်ကမ္ဘာ့ဖလားအောင်ပွဲခံမှုအခမ်းအနားအတွင်း ဆုဖလားကိုင်မြှောက်အောင်ပွဲခံချိန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကြောင့် အတော်လေးထိတ်လန့်ကြောက်ရွံ့ခဲ့ရတယ်လို့ ကူကူရယ်လာက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
တော့ဒ်ဘိုလေ

ချဲလ်ဆီးရဲ့အိပ်မက်ဆန်ဆန် ကလပ်ကမ္ဘာ့ဖလားအောင်ပွဲအတွက် သုံးသပ်ချက်ပေးလာတဲ့ ‘တော့ဒ်ဘိုလေ’

ချဲလ်ဆီးအသင်းပူးတွဲပိုင်ရှင်တော့ဒ်ဘိုလေက နယူးဂျာစီ၊ ဖိုင်နယ်ပွဲစဉ်မှာ ပီအက်စ်ဂျီကို ၃-၀ ဂိုးဖြင့် အနိုင်ယူကာ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာတဲ့ သူ့အသင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးလာခဲ့ပါတယ်။ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်က၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ ချဲလ်ဆီးအသင်းအတွက် ဒုတိယမြောက်ဆုဖလားရရှိခဲ့လို့ အလွန်ကျေနပ်ပျော်ရွှင်နေခဲ့ပါတယ်။ ဘိုလေက အပြာရောင်ကြယ်ပွင့်တွေကို ချီးကျူးဂုဏ်ပြုခဲ့သလို အန်ဇိုမာရက်စ်ကာနဲ့ပတ်သက်လို့လည်း သူ့ရဲ့ထင်မြင်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဒေါ်နယ်လ်ထရန့်

‘လီယွန်နယ် မက်ဆီ’နှင့် ‘ခရစ္စတီယာနို ရော်နယ်ဒို’တို့ကို GOAT အမည်အတွက် ချန်ထားခဲ့တဲ့ ‘ဒေါ်နယ်လ်ထရန့်’

အမေရိကန်သမ္မတဟာ တနင်္ဂနွေညက ချဲလ်ဆီး ရဲ့ ဥရောပချန်ပီယံ ပီအက်စ်ဂျီ ကိုအနိုင်ရပြီး ကလပ်ကမ္ဘာ့ဖလားကို ဆွတ်ခူးစဉ်ပွဲကို တက်ရောက်ခဲ့ပါတယ်။ ကိုးလ်ပါလ်မာ ဟာ ချဲလ်ဆီးအား ၃-၀ ဂိုး ဖြင့် အနိုင်ရရှိရန် အကောင်းဆုံး စွမ်းဆောင်ခဲ့သော်လည်း အန်ဇို မာရက်စ်ကာ ရဲ့ အသင်းအား သင်္ကေတဖြစ်တဲ့ မက်လိုက်ဖ် အားကစားကွင်း၌ ဖလားပေးအပ်စဉ်တွင် ထရန့်က အားလုံးရဲ့ အာရုံစိုက်မှုကိုရခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မာရက်စ်ကာ

ချဲလ်ဆီးကြယ်ပွင့်ကိုအစားထိုးဖို့ တိုက်တွန်းခြင်းခံလိုက်ရတဲ့ မာရက်စ်ကာ

ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်တွင် စတုတ္ထနေရာ ရရှိခဲ့တဲ့ ချဲလ်ဆီးဟာ မေလတွင် ပထမဆုံး ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့တဲ့ ပီအက်စ်ဂျီအသင်းနှင့် ဗိုလ်လုပွဲ၌ အဆင့်နိမ့်အသင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ သို့သော်လည်း နယူးဂျာစီရှိ မက်လိုက်ဖ် အားကစားကွင်းတွင် ချဲလ်ဆီးဟာ ကြီးမားတဲ့ အံ့အားသင့်စရာကို ဖန်တီးခဲ့ပြီး ပထမပိုင်း သုံးဂိုး သွင်းယူကာ ပွဲအပြီးမှာ ၃-၀ ဂိုး ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်