ဟိုဝီနဲ့ မိတ်မပျက်သွားစေဖို့ မျှော်လင့်နေတဲ့ အန်းစလော့
လီဗာပူးနည်းပြအန်းစလော့က အီဆက်ခ်ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းကြောင့် နယူးကာဆယ်နည်းပြဟိုဝီနဲ့ သူ့အကြား ခင်မင်ရင်းနှီးမှုကို မထိခိုက်သွားစေဖို့ မျှော်လင့်နေပါတယ်။
လီဗာပူးနည်းပြအန်းစလော့က အီဆက်ခ်ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းကြောင့် နယူးကာဆယ်နည်းပြဟိုဝီနဲ့ သူ့အကြား ခင်မင်ရင်းနှီးမှုကို မထိခိုက်သွားစေဖို့ မျှော်လင့်နေပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖူလ်ဟမ်ကို ၁-၁ နဲ့သရေကျပြီးနောက် အသင်းအနေနဲ့ လက်ရှိအခြေအနေထက် အများကြီးရင့်ကျက်လာဖို့လိုအပ်နေသေးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
ပဲလေ့စ်အသင်းထံကနေ အာဆင်နယ်ထံပြောင်းရွှေ့လာခဲ့ပြီးနောက် အီဘရီချီအီဇီးက သူ့အနေနဲ့ အာဆင်နယ်ဂန္ထဝင်ဟောင်းကိုကြည့်ရင်း ကြီးပြင်းလာခဲ့တာလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
နည်းပြ မီခယ်လ်အာတီတာက အဓိက ကစားသမားတွေဖြစ်တဲ့ မာတင်အိုဒီဂတ်နဲ့ ဘူကာယိုဆာကာတို့ နှစ်ဦးစလုံး ဒဏ်ရာပြင်းထန်ပြီး အချိန်အတော်ကြာ အနားယူရနိုင်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
အိုနာနာရဲ့အနာဂတ်က မတည်ငြိမ်နေချိန်မှာပဲ ယူနိုက်တက်ဟာ ဂိုးသမားနေရာအတွက် အန့်တ်ဝါ့တ်ဂိုးသမား လန်မန်းကိုခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်က ရာသီကြိုခရီးစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့ပေမဲ့လည်း မက်စ်ဒေါင်းမန်းနဲ့ပတ်သက်ပြီး စိတ်ရှည်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဆယ်ကျော်သက်ကစားသမားလေးဟာ ဟေးအန့်တ်အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး အေစီမီလန် ၊ နယူးကာဆယ်တို့နဲ့ပွဲတွေမှာ ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းကို သုံးနှစ်အကြာက ပေါင်သန်း ၇၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဝက်စ်လေ ဖိုဖာနာဟာ ဒဏ်ရာတွေကြောင့် ပုံမှန်ပွဲကစားချိန်ရဖို့ ရုန်းကန်နေရပါတယ်။ ဖိုဖာနာဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ ACL ဒဏ်ရာကြောင့် တစ်မိနစ်မှ မကစားခဲ့ရပါဘူး။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ် ၁၄ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။
သတင်းတွေအရ ယူနိုက်တက်စတား ဂါနာချိုတစ်ယောက် အခုနွေရာသီမှာ ချဲလ်ဆီးအသင်းထံကိုသာ ပြောင်းချင်နေတယ်လို့ သိရပါတယ်။ ဂါနာချိုဟာ အာမိုရင်လက်အောက်မှာ နေရာရဖို့မသေချာတော့တာကြောင့် ယူနိုက်တက်ကနေထွက်ခွာရတော့မှာဖြစ်ပါတယ်။ တိုက်စစ်တောင်ပံနေရာမှာ ခြေစွမ်းကောင်းတွေရှိနေတာကြောင့် ချဲလ်ဆီးက အခုနွေရာသီမှာ အလိုရှိနေပါတယ်။
၂၀၂၅-၂၀၂၆ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အပေါ် ၁-၀ ဂိုးဖြင့် အနိုင်ယူနိုင်မဲ့အခွင့်အရေးကို အာဆင်နယ်နည်းပြအာတီတာ လက်လွှတ်မခံခဲ့ပါဘူး။ အခုရလဒ်ကိုပိုင်ဆိုင်နိုင်ဖို့ ဂန်းနားတွေအတွက် အိုးထရက်ဖို့ဒ်ကွင်းနောက်ဆုံးမိနစ်တွေမှာ ဂိုးသမားရာယာရဲ့အံ့မခန်းလက်စွမ်းနဲ့အတူ ခံစစ်ကို နက်နက်ရှိုင်းရှိုင်းပိတ်ဆို့ကစားရန် လိုအပ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ဘန်လေအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ တော့တင်ဟမ်တိုက်စစ်မှူး ရစ်ချာလီဆန်က အံ့မခန်းခြေစွမ်းပြသခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ အထူးသဖြင့် သူရဲ့ နောက်ပြန်ကန်ချက်သွင်းဂိုးကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။