ယူနိုက်တက်က နိုင်ပွဲနဲ့ထိုက်တန်တယ်လို့ အာမိုရင် အခိုင်အမာပြော
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ ဘန်လေကို ပွဲပြီးကာနီးမှရရှိခဲ့တဲ့ ပင်နယ်တီသွင်းဂိုးနဲ့ ကပ်ပြီးအနိုင်ရခဲ့ပေမဲ့ နိုင်ပွဲနဲ့ထိုက်တန်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ ဘန်လေကို ပွဲပြီးကာနီးမှရရှိခဲ့တဲ့ ပင်နယ်တီသွင်းဂိုးနဲ့ ကပ်ပြီးအနိုင်ရခဲ့ပေမဲ့ နိုင်ပွဲနဲ့ထိုက်တန်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ လေဗာကူဆင်နောက်ခံလူ အင်ကာပီယေကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပြီးနောက် နောက်ခံလူ ခီဗီယောကို ပေါ်တိုအသင်းထံ လက်လွှတ်ခဲ့ပြီဖြစ်ပါတယ်။
ချဲလ်ဆီးနဲ့ ယူနိုက်တက်အသင်းဟောင်းနည်းပြ ဟိုဆေးမော်ရင်ဟိုဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေပြီး ပရီးမီးယားလိဂ်ကို ပြန်လာဖို့လည်း မျှော်လင့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ အမေရိကန်လိဂ်နဲ့ ဆော်ဒီလိဂ်တို့ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
လီဗာပူးနည်းပြအန်းစလော့က အီဆက်ခ်ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းကြောင့် နယူးကာဆယ်နည်းပြဟိုဝီနဲ့ သူ့အကြား ခင်မင်ရင်းနှီးမှုကို မထိခိုက်သွားစေဖို့ မျှော်လင့်နေပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖူလ်ဟမ်ကို ၁-၁ နဲ့သရေကျပြီးနောက် အသင်းအနေနဲ့ လက်ရှိအခြေအနေထက် အများကြီးရင့်ကျက်လာဖို့လိုအပ်နေသေးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
ပဲလေ့စ်အသင်းထံကနေ အာဆင်နယ်ထံပြောင်းရွှေ့လာခဲ့ပြီးနောက် အီဘရီချီအီဇီးက သူ့အနေနဲ့ အာဆင်နယ်ဂန္ထဝင်ဟောင်းကိုကြည့်ရင်း ကြီးပြင်းလာခဲ့တာလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
နည်းပြ မီခယ်လ်အာတီတာက အဓိက ကစားသမားတွေဖြစ်တဲ့ မာတင်အိုဒီဂတ်နဲ့ ဘူကာယိုဆာကာတို့ နှစ်ဦးစလုံး ဒဏ်ရာပြင်းထန်ပြီး အချိန်အတော်ကြာ အနားယူရနိုင်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
အိုနာနာရဲ့အနာဂတ်က မတည်ငြိမ်နေချိန်မှာပဲ ယူနိုက်တက်ဟာ ဂိုးသမားနေရာအတွက် အန့်တ်ဝါ့တ်ဂိုးသမား လန်မန်းကိုခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်က ရာသီကြိုခရီးစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့ပေမဲ့လည်း မက်စ်ဒေါင်းမန်းနဲ့ပတ်သက်ပြီး စိတ်ရှည်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဆယ်ကျော်သက်ကစားသမားလေးဟာ ဟေးအန့်တ်အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး အေစီမီလန် ၊ နယူးကာဆယ်တို့နဲ့ပွဲတွေမှာ ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။