
ဝေဖန်မှုတွေကို ပြင်းထန်တဲ့မက်ဆေ့ချ်နဲ့ တုံ့ပြန်လိုက်တဲ့ ရီးရဲလ်စတား
ဖီဖာကချီးမြှင့်တဲ့ အကောင်းဆုံးကစားသမားဆုကိုရယူနိုင်ခဲ့ပြီးနောက် ရီးရဲလ်စတား ဗင်နီတစ်ယောက် ဝေဖန်မှုတွေကို ပြင်းထန်တဲ့မက်ဆေ့ချ်နဲ့ တုံ့ပြန်လိုက်ပါတယ်။ ဘရာဇီးသားဟာ လာလီဂါ နဲ့ ချန်ပီယံလိဂ်အောင်မြင်မှုတွေရယူနိုင်ခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့ ၂ လတုန်းက ဘော်လွန်းဒီအော်ဆုပေးပွဲမှာ ရိုဒရီရဲ့ကျော်တက်ခြင်းခံခဲ့ရပြီး အဆိုပါဆုနဲ့လွဲချော်ခဲ့တာဖြစ်ပါတယ်။