‘ရက်ကလစ်ဖ်’ကိုဆန္ဒပြမဲ့အစီအစဉ်အား ယူနိုက်တက်ပရိသတ်များရွှေ့ဆိုင်း
မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ဩဂုတ်လ ၁၇ ရက်နေ့ အာဆင်နယ်နဲ့ယှဉ်ပြိုင်သွားမဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အသင်းရဲ့ရှယ်ယာရှင် ဆာဂျင်မ်ရက်ကလစ်ဖ်ကို ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်ထားခဲ့ပေမဲ့ ပရိသတ်တွေအကြား သဘောထားကွဲလွဲမှုတွေရှိနေကြောင့် ဆန္ဒပြပွဲကို ရွှေ့ဆိုင်းဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။

