မက်ဆီကို လက်လွှတ်ခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ လာပေါ်တာ ပြောကြား

မက်ဆီကို လက်လွှတ်ခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာ ပြောကြား

ဘာစီလိုနာအသင်းကနေ လီယွန်နယ် မက်ဆီ ထွက်ခွာသွားခဲ့တာဟာ “မှန်ကန်တဲ့ ဆုံးဖြတ်ချက်” ဖြစ်တယ်လို့ ဥက္ကဋ္ဌ ဂျိုအန် လာပေါ်တာက ပြောကြားလိုက်ပါတယ်။ လာပေါ်တာ တတိယအကြိမ်မြောက် ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက်ခံရတဲ့ စပိန်နိုင်ငံက ရွေးကောက်ပွဲကာလအတွင်းမှာ မက်ဆီရဲ့ အငြင်းပွားဖွယ် ထွက်ခွာမှုအကြောင်းက ပြန်လည်ရေပန်းစားလာခဲ့တာပါ။ အခုတော့ လာပေါ်တာက ဒီကိစ္စနဲ့ပတ်သက်ပြီး မက်ဆီကို လက်လွှတ်ခဲ့တာဟာ နောက်ဆုံးမှာတော့ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ခဲ့တယ်လို့ ထပ်လောင်း အတည်ပြုလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်