အင်ဖန်တီနို နှင့် ဆီဖာရင်

အင်ဖန်တီနို အနေနဲ့ သူဟာ ဥရောပသားတစ်ယောက်ဖြစ်တယ်ဆိုတာ သတိရသင့်တယ်လို့ ဆီဖာရင် ပြောကြား

ဖီဖာ ဥက္ကဋ္ဌ ဂျာနီ အင်ဖန်တီနို ရဲ့ ကမ္ဘာ့ဖလား ရှယ်ယာတချို့ကို ရောင်းထုတ်ဖို့လုပ်ဆောင်ခဲ့တဲ့ အစီအစဉ်ဟာ “စူပါလိဂ်ထက်တောင် ပိုဆိုးရွားတယ်” လို့ ပြောဆိုလိုက်ပြီးနောက် ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ အလက်ဇန်းဒါး ဆီဖာရင် က အင်ဖန်တီနို အနေနဲ့ သူဟာ ဥရောပသားတစ်ယောက်ဆိုတာ သတိရဖို့ လိုတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီလအစောပိုင်းမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ ဖီဖာ ပြိုင်ပွဲအားလုံးရဲ့ စီးပွားရေးနဲ့ လက်မှတ်ရောင်းချခွင့်ဆိုင်ရာ အခွင့်အရေးတွေကို စီမံခန့်ခွဲဖို့ ကုမ္ပဏီအသစ်တစ်ခုဖြစ်တဲ့ Fifa Forward Enterprise (FFE) ကို ထူထောင်ပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဆီကို ၂၁ ရာခိုင်နှုန်းရောင်းချမဲ့ အင်ဖန်တီနို ရဲ့ အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ငြိမ်းချမ်းရေးဆု ထည့်သွင်းချီးမြှင့်ဖို့ စီစဉ်နေတဲ့ ဖီဖာ

ကမ္ဘာ့ဖလားအုပ်စုမဲခွဲပွဲမှာ ငြိမ်းချမ်းရေးဆု ထည့်သွင်းချီးမြှင့်ဖို့ စီစဉ်နေတဲ့ ဖီဖာ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ဒီဇင်ဘာ ၅ ရက်၊ ဝါရှင်တန်ဒီစီမှာပြုလုပ်မဲ့ ကမ္ဘာ့ဖလားအုပ်စုမဲခွဲပွဲအတွင်း ငြိမ်းချမ်းရေးဆုတစ်ခုကို ချီးမြှင့်သွားဖို့ စီစဉ်ထားတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ကမ္ဘာ့ဖလားပြိုင်ပွဲလက်ခံကျင်းပမဲ့မြို့တွေ

ကမ္ဘာ့ဖလားပြိုင်ပွဲလက်ခံကျင်းပမဲ့မြို့တွေ အဆင့်သင့်ဖြစ်နေဖို့ မျှော်လင့်နေတဲ့ ဖီဖာ

လုံခြုံရေးအကြောင်းပြချက်ကြောင့် ပွဲစဉ်တွေကို ရွှေ့ဆိုင်းရနိုင်တယ်ဆိုတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ထုတ်ဖော်ပြောဆိုမှုအပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၂၀၂၆ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကာလမှာ ပွဲစဉ်တွေလက်ခံကျင်းပမဲ့ မြို့ ၁၆ ခုလုံး အဆင့်သင့်ဖြစ်နေလိမ့်မယ်လို့ မျှော်လင့်မိကြောင်း ပြောကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးနောက်ခံလူ 'ကူကူ ရယ်လာ'

ဒေါ်နယ်ထရမ့်ကြောင့် အတော်လေးထိတ်လန့်ခဲ့ရတယ်လို့ ဝန်ခံလိုက်တဲ့ ချဲလ်ဆီးနောက်ခံလူ ‘ကူကူ ရယ်လာ’

ချဲလ်ဆီးအသင်းရဲ့ ကလပ်ကမ္ဘာ့ဖလားအောင်ပွဲခံမှုအခမ်းအနားအတွင်း ဆုဖလားကိုင်မြှောက်အောင်ပွဲခံချိန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကြောင့် အတော်လေးထိတ်လန့်ကြောက်ရွံ့ခဲ့ရတယ်လို့ ကူကူရယ်လာက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဒေါ်နယ်လ်ထရန့်

‘လီယွန်နယ် မက်ဆီ’နှင့် ‘ခရစ္စတီယာနို ရော်နယ်ဒို’တို့ကို GOAT အမည်အတွက် ချန်ထားခဲ့တဲ့ ‘ဒေါ်နယ်လ်ထရန့်’

အမေရိကန်သမ္မတဟာ တနင်္ဂနွေညက ချဲလ်ဆီး ရဲ့ ဥရောပချန်ပီယံ ပီအက်စ်ဂျီ ကိုအနိုင်ရပြီး ကလပ်ကမ္ဘာ့ဖလားကို ဆွတ်ခူးစဉ်ပွဲကို တက်ရောက်ခဲ့ပါတယ်။ ကိုးလ်ပါလ်မာ ဟာ ချဲလ်ဆီးအား ၃-၀ ဂိုး ဖြင့် အနိုင်ရရှိရန် အကောင်းဆုံး စွမ်းဆောင်ခဲ့သော်လည်း အန်ဇို မာရက်စ်ကာ ရဲ့ အသင်းအား သင်္ကေတဖြစ်တဲ့ မက်လိုက်ဖ် အားကစားကွင်း၌ ဖလားပေးအပ်စဉ်တွင် ထရန့်က အားလုံးရဲ့ အာရုံစိုက်မှုကိုရခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲထက် အနားယူဖို့သာရွေးချယ်ခဲ့တဲ့ ရော်နယ်ဒို

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲထက် အနားယူဖို့သာရွေးချယ်ခဲ့တဲ့ ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်မဲ့အစား အနားယူဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောပြလာခဲ့ပါတယ်။ ပေါ်တူဂီကစားသမားဟာ အယ်လ်နာဆာအသင်းနဲ့ စာချုပ်သစ်သက်တမ်းတိုးပြီးနောက်မှာ အခုလိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်ပြီး အဆိုပါစာချုပ်အရ အသက် ၄၂ နှစ်အထိ ဆော်ဒီပရိုလိဂ်ကလပ်မှာ ဆက်လက်ကစားသွားမှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့ပထမပိုင်းအပြီးမှာ ဖျော်ဖြေရေးအစီအစဉ်ထည့်သွင်းသွားမယ်လို့ ဖီဖာ အတည်ပြု

ကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့ ပထမပိုင်းအပြီးမှာ ဖျော်ဖြေရေးအစီအစဉ်ထည့်သွင်းသွားမယ်လို့ ဖီဖာ အတည်ပြု

ဖီဖာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂျီရန်နီအင်ဖန်တီနို က နယူးဂျာစီမှာကျင်းပသွားမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့ ပထမပိုင်းပွဲချိန်အပြီးမှာ သမိုင်းတစ်လျှောက် ပထမဆုံးအနေနဲ့ ဖျော်ဖြေရေးအစီအစဉ်ကို ထည့်သွင်းသွားမယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်