ဒဏ်ရာပြဿနာကြောင့် ရာသီကြိုလူစာရင်းမှနုတ်ထွက်ခဲ့ရတဲ့ အိုနာနာ
မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရေအိုနာနာဟာ တံကောက်ကြောဒဏ်ရာပြဿနာကြောင့် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်သွားမဲ့ အသင်းရဲ့လူစာရင်းကနေ နုတ်ထွက်ခဲ့ရတယ်လို့သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရေအိုနာနာဟာ တံကောက်ကြောဒဏ်ရာပြဿနာကြောင့် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်သွားမဲ့ အသင်းရဲ့လူစာရင်းကနေ နုတ်ထွက်ခဲ့ရတယ်လို့သိရပါတယ်။
သတင်းတွေအရ နာပိုလီအသင်းဟာ ယူနိုက်တက်စတား ဂါနာချိုကို ခေါ်ယူဖို့ ချိတ်ဆက်နေဆဲလို့ သိရပါတယ်။ ဂါနာချိုဟာ အခုနွေရာသီမှာ ယူနိုက်တက်နေထွက်ခွာဖို့ပြင်ဆင်နေတဲ့ကစားသမား ၅ ဦးထဲက ၁ ဦးလည်းဖြစ်ပါတယ်။ အာဂျင်တိုင်းသားဟာ အာမိုရင်နဲ့လည်းအဆင်မပြေဖြစ်နေပြီး နာပိုလီအသင်းက ချိတ်ဆက်နေတာဖြစ်ပါတယ်။ တန်ဟက်လက်အောက်မှာ ယူနိုက်တက်ကို ဦးဆောင်နိုင်ခဲ့ပေမဲ့ အာမိုရင်ရောက်လာချိန်မှာတော့ ပွဲထွက်ခွင့်ပါသိပ်မရတော့သလို ယူရိုပါလိဂ်ဖိုင်နယ်မှာလည်း မပါဝင်ခဲ့တာဖြစ်ပါတယ်။
ကင်မရွန်းလက်ရွေးစင် ဂိုးသမားဟာ အိုးထရက်ဖို့ဒ်မှာ နောက်ထပ်စိတ်မချရတဲ့ရာသီကိုကြုံတွေ့ခဲ့ရပြီး ဆိုးရွားတဲ့အမှားတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် သူ့ရဲ့ ယူနိုက်တက်နေထိုင်ရမဲ့ရက်တွေ နည်းပါးလာနိုင်တယ်လို့ ယူဆချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
ယူနိုက်တက် ဂိုးသမားဟောင်း အက်ဒ်ဝင် ဗန်ဒါဆား က အိုနာနာ အနေနဲ့ အိုးထရက်ဖို့ဒ်တွင် အောင်မြင်မယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။ အိုနာနာ ကို အဲရစ်တန်ဟက် က ၂၀၂၃ ခုနှစ်တွင် ခေါ်ယူခဲ့ပြီး ယူနိုက်တက်တွင် ခက်ခဲသော နှစ်အနည်းငယ်ကို ကြုံတွေ့ခဲ့ရပါတယ်။ အင်္ဂလန်ရှိ သူ့ရဲ့ ၂ ရာသီက အမှားများဖြင့် ပြည့်နှက်ခဲ့ပြီး ရူဘင်အမ်မိုရင်က ယူနိုက်တက် ရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ လိုင်ယွန် နှင့်ပွဲတွင် ကြီးမားသော အမှားနှစ်ခု ပြုလုပ်ပြီးနောက် ဧပြီလတွင် နယူးကာဆယ်သို့ သွားမည့် အသင်းလူစာရင်းမှ သူ့ကို ထုတ်ပယ်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်သို့ပြောင်းရွှေ့ဖို့ အသင်းမှ တွန်းအားပေးခဲ့ခြင်းမရှိကြောင်း ရှင်းပြပြောဆိုလာခဲ့ပါတယ်။ ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အစမှာပဲ ဖာနန်ဒက်စ်ဟာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာကာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်သို့ပြောင်းရွှေ့တော့မယ်လို့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်မရှိခဲ့လို့ နွေရာသီမှာ ကစားသမားသစ်တွေ အများအပြားခေါ်ယူသွားမှာမဟုတ်ကြောင်း အတည်ပြုပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက် ဂန္ထဝင် ကစားသမားဟောင်း ဒွိုက်ယော့ခ်က ယခုနွေရာသီတွင် အလီဂျန်ဒရို ဂါနာချိုကို ရောင်းချခြင်း မပြုရန် အသင်းအား အကြံပေးခဲ့ပါတယ်။ ဂါနာချိုဟာ ရူဘင် အမ်မိုရင် လက်အောက်တွင် မျက်နှာသာ မရရှိတော့ဘဲ ယခုနွေရာသီတွင် ယူနိုက်တက်မှ ထွက်ခွာရန် သတင်းများထွက်ပေါ်နေပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ဟာ နောက်ရာသီ အိုးလ်ထရက်ဖို့ဒ်မှာ သူနဲ့အတူ ဆက်လက်လက်တွဲသွားရမဲ့ ကစားသမားအမည်တွေကို ထုတ်ဖော်ပြောကြားခဲ့ပြီး တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုကိုတော့ အသင်းသစ်ရှာဖွေဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ကြာသပတေးနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တော့တင်ဟမ်ကို ၁-၀ နဲ့ရှုံးနိမ့်ကာ ဆုဖလားနဲ့လွဲချော်ခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းကနေ လျော်ကြေးမတောင်းဘဲ ထွက်ခွာဖို့အဆင်သင့်ရှိနေကြောင်း ပြောကြားလာခဲ့ပေမဲ့ ယူနိုက်တက်ဘက်ကတော့ ပေါ်တူဂီသားကို ရာထူးမှာပုံမှန်အတိုင်းပဲ ဆက်လက်ခန့်အပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုနဲ့ သူ့ရဲ့ညီဖြစ်သူဟာ ယနေ့နံနက် တော့တင်ဟမ်ကို ၁-၀ နဲ့အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပွဲထွက်ပါဝင်ခွင့်မရဘဲ အရန်ကစားသမားအဖြစ်သာ ကစားခဲ့ရလို့ နည်းပြရူဘင်အာမိုရင်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဝေဖန်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။