ဘန်ဇီးမားကို ချိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေကို ပယ်ချလိုက်တဲ့ မော်ရင်ဟို
ဘင်ဖီကာအသင်းနည်းပြ မော်ရင်ဟိုက တိုက်စစ်မှူး ဘန်ဇီးမားကို ချိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေကို ပယ်ချလိုက်ပါတယ်။
ဘင်ဖီကာအသင်းနည်းပြ မော်ရင်ဟိုက တိုက်စစ်မှူး ဘန်ဇီးမားကို ချိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေကို ပယ်ချလိုက်ပါတယ်။
အာဆင်နယ်စတားဟောင်း ပါတေးက လိင်ပိုင်းဆိုင်ရာစွပ်စွဲမှုတွေအတွက် အပြစ်မရှိကြောင်း အသနားခံလိုက်ပါတယ်။ အသက် ၃၂ နှစ်သားက သူ့အနေနဲ့ လိင်ပိုင်းဆိုင်ရာစွပ်စွဲမှု ၅ ခုမှာအပြစ်မရှိသလို ကိုယ်ထိလက်ရောက်စော်ကားမှု ၁ ခုမှာလည်း အပြစ်မရှိဘူးလို့ အသနားခံခဲ့ပါတယ်။
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက သူ့ရဲ့အသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားတဲ့ စာရင်းထဲမှာ မပါဝင်တာကြောင့် အံ့အားသင့်မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ မန်စီးတီးဟာ ကြာသပတေးနေ့မှာ ဒီရာသီပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အီတလီထိပ်သီးကလပ် နာပိုလီကို အိမ်ကွင်းအီတီဟတ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။
လီဗာပူးအသင်းကို ချန်ပီယံလိဂ်မှာအရေးနိမ့်ခဲ့ပေမဲ့ မိမိအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းလို့ နည်းပြဟောင်း မော်ရင်ဟိုက အခိုင်အမာပြောကြားလိုက်ပါတယ်။ ဖီနာဘာချီနည်းပြက ၂၀၀၄ ကနေ ၂၀၀၆ အထိ ကိုင်တွယ်ခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ အာဆင်နယ်ရဲ့ရှုံးပွဲမရှိအသင်းဖြစ်တဲ့ ၂၀၀၃ – ၀၄ အသင်းထက်တောင် ပိုကောင်းတယ်လို့ ယုံကြည်နေပါတယ်။
ပြင်သစ်အသင်းခေါင်းဆောင် ကီလီယန်အမ်ဘာပေက ရီးရဲလ်မက်ဒရစ်နဲ့ ပူးပေါင်းပြီး တစ်နှစ်အကြာမှာပဲ ပီအက်စ်ဂျီအသင်းက သမိုင်းဝင် ချန်ပီယံလိဂ်ဖလားရခဲ့တာနဲ့ပတ်သက်ပြီး နာကျည်းတာမရှိဘူးလို့ ပြောပါတယ်။ အမ်ဘာပေက တနင်္ဂနွေနေ့မှာ ဂျာမနီနဲ့ ကစားမဲ့ နေးရှင်းလိဂ် တတိယနေရာလုပွဲမတိုင်ခင် စတုဂတ်မြို့က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။
ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက အာဆင်နယ်နဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲအပြီးကတည်းက သူ့အနာဂတ်ကိုသိနေခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မာကာသတင်းဌာနနဲ့အင်တာဗျူးမှာ အန်ဆယ်လော့တီက ရီးရဲလ်ကနေထွက်ခွာရမယ်ဆိုတာကို သိနေခဲ့တာလို့ ဖြေကြားခဲ့ပါတယ်။ အီတလီသားဟာ ရီးရဲလ်အသင်းကို ၂ ကြိမ်ကိုင်တွယ်ခဲ့ရာမှာ ဆုဖလား ၁၅ လုံးအထိရယူပေးနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနည်းပြအဖြစ်မှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။
မော်ရင်ဟိုက အင်တာမီလန်အသင်းကို ချန်ပီယံလိဂ်ဆုဖလားဆွတ်ခူးနိုင်ဖို့ အလိုရှိပေမဲ့ ဖလားသုံးလုံးချန်ပီယံမဖြစ်လာခြင်းအတွက် ဝမ်းသာမိတယ်လို့ အရွှမ်းဖောက်ပြောဆိုခဲ့ပါတယ်။ အင်တာမီလန်က မေ ၃၁ ရက်၊ အလိုင်းယန့်ဇ်အရီနာကွင်းမှာ ပီအက်စ်ဂျီနဲ့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရပါမယ်။ ဒါက နာပိုလီကို တစ်မှတ်အကွာဖြင့် စီးရီးအေချန်ပီယံဆုအတွက် နောက်ကောက်ကျခဲ့တဲ့ အင်တာမီလန်အတွက် အခုဘောလုံးရာသီ၊ ဆုဖလားရရှိနိုင်မဲ့ နောက်ထပ်အခွင့်အရေးလည်း ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်မရှိခဲ့လို့ နွေရာသီမှာ ကစားသမားသစ်တွေ အများအပြားခေါ်ယူသွားမှာမဟုတ်ကြောင်း အတည်ပြုပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဘာစီလိုနာအသင်း ချန်ပီယံဆီမီးဖိုင်နယ်ကနေထွက်ခွာခဲ့ရပေမဲ့ လူငယ်စတားတစ်ဦးဖြစ်တဲ့ ယာမဲလ်ဟာ နှစ် ၅၀ အတွင်း အကောင်းဆုံးဆယ်ကျော်သက်ကစားသမားတစ်ဦးလို့ ချီးကျူးလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နိုင်ဖို့သာမက ချန်ပီယံလိဂ်ပြိုင်ပွဲအတွက်လည်း အဆင်သင့်မဖြစ်သေးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။