
နောက်ဆုံးတော့ ကလပ်ဂန္ထဝင်တစ်ယောက်ဖြစ်ခဲ့ပြီလို့ ဆိုလာတဲ့ ဆွန်ဟောင်မင်
ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်ကို ၁-၀ နဲ့အနိုင်ရကာ တော့တင်ဟမ်အတွက် ချန်ပီယံဆုဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပြီးနောက် အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ယခုအခါမှာတော့ သူဟာ ကလပ်ဂန္ထဝင်တစ်ယောက်ဖြစ်လာခဲ့ပြီလို့ ပြောကြားလာခဲ့ပါတယ်။