ကာရစ်ကို ယာယီနည်းပြအဖြစ်ခန့်အပ်လိုက်တဲ့ ယူနိုက်တက်

ကာရစ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိခန့်အပ်လိုက်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိယာယီနည်းပြ ဒါရင်းဖလက်ချာကို ရာထူးမှပြန်လည်ဖယ်ရှားပြီးနောက် နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ အိုလီဂန်နာဆိုးလ်ရှားကို လျစ်လျူရှုကာ အသင်းရဲ့ကွင်းလယ်လူဟောင်း မိုက်ကယ်ကာရစ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ တရားဝင်ခန့်အပ်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဒေါ်ဂူကို အာမိုရင်ရဲ့ဝေဖန်မှု

အာမိုရင်ရဲ့ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်လာတဲ့ ဒေါ်ဂူ

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား ပက်ထရစ်ဒေါ်ဂူက အသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ ရူဘင်အာမိုရင်ရဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အာမိုရင်နဲ့ပတ်သက်ပြီး မှတ်ချက်ပြုလာတဲ့ မော်ရင်ဟို

ယူနိုက်တက်မှထုတ်ပယ်ခံလိုက်ရတဲ့ အာမိုရင်နဲ့ပတ်သက်ပြီး မှတ်ချက်ပြုလာတဲ့ မော်ရင်ဟို

မန်ချက်စတာယူနိုက်တက်နည်းပြ‌ဟောင်း ဟိုဆေးမော်ရင်ဟိုက ပြီးခဲ့တဲ့တနင်္လာနေ့မှာ ယူနိုက်တက်နည်းပြရာထူးမှ ရုတ်တရက်ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြရူဘင်အာမိုရင်နဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို မှတ်ချက်ပြုပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အာမိုရင်ထုတ်ပယ်ခံရမှုအပေါ် ဂယ်ရီနဗီးလ် အံ့အားသင့်မိ

အာမိုရင်ထုတ်ပယ်ခံရမှုအပေါ် အံ့အားသင့်မိကြောင်းပြောကြားလာတဲ့ ဂယ်ရီနဗီးလ်

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က တနင်္လာနေ့က အသင်းရဲ့နည်းပြ ရူဘင်အာမိုရင် ရုတ်တရက်ထုတ်ပယ်ခံလိုက်ရတဲ့အပေါ် အံ့အားသင့်မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးနဲ့ပတ်သက်တဲ့ကောလာဟလတွေကို ဂရုမစိုက် - ရိုဆင်နီယာ

ချဲလ်ဆီးနဲ့ပတ်သက်တဲ့ကောလာဟလတွေကို ဂရုမစိုက်ကြောင်းပြောကြားလာတဲ့ ရိုဆင်နီယာ

ချဲလ်ဆီးနဲ့လမ်းခွဲလိုက်တဲ့ နည်းပြအန်ဇိုမာရက်စ်ကာရဲ့နေရာမှာ အစားထိုးဖို့အတွက် ပထမဦးစားပေးပစ်မှတ်အဖြစ် သတင်းတွေထွက်ပေါ်နေတဲ့ စထရာဘော့နည်းပြ လီယမ်ရိုဆင်နီယာက သူ့အနေနဲ့ အဆိုပါကောလာဟလတွေကို ဂရုမစိုက်ကြောင်း တုံ့ပြန်ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘုန်းမောက်ကို အနိုင်ယူလိုက်တဲ့ အာဆင်နယ်

ဘုန်းမောက်ကို အနိုင်ယူခြင်းက အာဆင်နယ်အသင်း တိုးတက်လာတာကို ပြသနေတယ်လို့ အာတီတာပြောကြား

အာဆင်နယ်နည်းပြ မီကယ်လ်အာတီတာက ဘုန်းမောက်နဲ့ပွဲမှာ အစောပိုင်းဂိုး ပေးလိုက်ရပေမဲ့ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဟာ (၂၂) နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ ကြိုးပမ်းနေတဲ့ အသင်းရဲ့ “တိုးတက်မှု” လက္ခဏာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ရုပ်သေးရုပ်တစ်ရုပ်ကိုသာ အလိုရှိနေတယ်လို့ နယ်ဗင် ဝေဖန်

ချဲလ်ဆီးဘုတ်အဖွဲ့က နည်းပြနေရာမှာ ရုပ်သေးရုပ်တစ်ရုပ်ကိုသာ အလိုရှိနေတယ်လို့ နယ်ဗင် ဝေဖန်

ချဲလ်ဆီးကစားသမားဟောင်း ပတ်နယ်ဗင်က ကလပ်ရဲ့ဘုတ်အဖွဲ့ဟာ နည်းပြနေရာမှာ ရုပ်သေးရုပ်တစ်ရုပ်ကိုသာအလိုရှိတာကြောင့် နည်းပြအန်ဇိုမာရက်စ်ကာကို ရာထူးကထုတ်ပယ်လိုက်တဲ့အပေါ် သူ့အနေနဲ့နားလည်ပေးနိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။ မာရက်စ်ကာနဲ့ ချဲလ်ဆီးအသင်းရဲ့ တွဲဖက်ပိုင်ရှင် ဘီဟတ်အီဂါဘလီတို့ဟာ သောကြာ‌နေ့အစောပိုင်းမှာ ဆွေး‌နွေးမှုတွေပြုလုပ်ခဲ့ကြပြီး နောက်ဆုံးမှာတော့ လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ကြပြီဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
အာဆင်နယ်က ပရီးမီးယားလိဂ်ဖလားကို လွယ်လွယ်ကူကူဆွတ်ခူးနိုင်

အာဆင်နယ်က ပရီးမီးယားလိဂ်ဖလားကို လွယ်လွယ်ကူကူဆွတ်ခူးနိုင်တယ်လို့ ခန့်မှန်းလိုက်တဲ့ ပေါလ်မာဆန်

အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆန်က အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို လွယ်လွယ်ကူကူပဲ ဆွတ်ခူးသွားနိုင်ကြောင်း ခန့်မှန်းပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးအသင်းနဲ့ နည်းပြမာရက်စ်ကာ

ချဲလ်ဆီးအသင်းနဲ့ နည်းပြမာရက်စ်ကာတို့ကြား ဘာတွေမှားယွင်းခဲ့တာလဲ

ချဲလ်ဆီးအသင်းကို ကလပ်ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီး ၆ လတောင် မပြည့်သေးခင်မှာပဲ နည်းပြအန်ဇိုမာရက်စ်ကာတစ်ယောက် ရာထူးကနေ နုတ်ထွက်သွားခဲ့ပါပြီ။ မာရက်စ်ကာလက်အောက် ချဲလ်ဆီးက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး အဆင့် ၅ နေရာအထိ ဆင်းသွားခဲ့ပါတယ်။ ဇယားထိပ်က အာဆင်နယ်အသင်းနဲ့လည်း ၁၅ မှတ်တောင် ကွာသွားတာပါ။

အပြည့်အစုံဖတ်ရန်
ရာထူးပြုတ်ဖို့ နီးစပ်လာတဲ့ မာရက်စ်ကာ

ပရိသတ်တွေရဲ့လှောင်ပြောင်မှုနဲ့အတူ ရာထူးပြုတ်ဖို့ နီးစပ်လာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးမန်နေဂျာ အန်ဇို မာရက်စ်ကာဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဖိအားတွေ တော်တော်လေးများနေပါပြီ။ လာမဲ့သီတင်းပတ်တွေမှာ ရလဒ်တွေမကောင်းလာရင် သူ့ရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဒီဇင်ဘာလအတွင်း ပြိုင်ပွဲစုံ ၈ ပွဲကစားထားရာမှာ ၂ ပွဲပဲ နိုင်ထားတဲ့ ရလဒ်ဆိုးတွေကြောင့် ဒီအီတလီလူမျိုး မန်နေဂျာရဲ့ အခြေအနေက တော်တော်လေး ယိမ်းယိုင်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်