အမ်မီလီယာနိုမာတီနက်ဇ်

မာတီနက်ဇ်ကို အငှားနဲ့ခေါ်ယူဖို့ကမ်းလှမ်းလာတဲ့ ယူနိုက်တက်ကို အက်စတွန်ဗီလာ ငြင်းပယ်

အက်စတွန်ဗီလာဟာ အသင်းရဲ့ဂိုးသမား အမ်မီလီယာနိုမာတီနက်ဇ်ကို ခေါ်ယူဖို့ အငှားစာချုပ်နဲ့ကမ်းလှမ်းလာခဲ့တဲ့ ယူနိုက်တက်ရဲ့ကမ်းလှမ်းချက်ကို ချက်ချင်းပဲ ငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။ အသင်းရဲ့ဂိုးသမား အန်ဒရေအိုနာနာ ဒဏ်ရာပြဿနာကြုံတွေ့နေရချိန် ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်အနေနဲ့ မာတီနက်ဇ်ကို အငှားနဲ့ခေါ်ယူပြီး အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အိုနာနာဟာ တံကောက်ကြောစုတ်ပြဲဒဏ်ရာကြောင့် လာမဲ့ရာသီအစ ပွဲစဉ်အချို့ကို လွဲချော်သွားဖို့ ရှိနေတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဖာဒီနန်

ရက်ရှ်ဖို့ဒ်က ဘာစီလိုနာအတွက် ကြီးမားတဲ့တိုက်စစ်အထောက်အပံ့ဖြစ်လာနိုင်တယ်လို့ဆိုလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်က မကြာမီမှာပဲ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပြီး ဘာစီလိုနာသို့အငှားစာချုပ်နဲ့ပြောင်းရွှေ့သွားတော့မဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ရာဖင်ဟာ၊ လာမိုင်းယာမယ်လ်၊ ရောဘတ်လီဝန်ဒေါစကီးတို့နဲ့ နေရာရဖို့တိုက်ပွဲဝင်သွားရဖွယ်ရှိပေမဲ့ လာလီဂါချန်ပီယံတွေအတွက် ကြီးမားတဲ့တိုက်စစ်အထောက်အပံ့ဖြစ်လာနိုင်တယ်လို့ ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဗီလာဂိုးသမား မာတီနက်ဇ်

အိုနာနာဒဏ်ရာရပြီးနောက် ဂိုးသမားသစ်ရှာဖွေလာတဲ့ ယူနိုက်တက်

ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်အတွင်းမှာ ဂိုးသမား အိုနာနာတစ်ယောက် ဒဏ်ရာရခဲ့ပြီးနောက် ယူနိုက်တက်ဟာ ဗီလာဂိုးသမား မာတီနက်ဇ်ကိုခေါ်ယူဖို့ စီစဉ်လာတယ်လို့ သိရပါတယ်။

အပြည့်အစုံဖတ်ရန်
အန်ဒရေအိုနာနာ

ဒဏ်ရာပြဿနာကြောင့် ရာသီကြိုလူစာရင်းမှနုတ်ထွက်ခဲ့ရတဲ့ အိုနာနာ

မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရေအိုနာနာဟာ တံကောက်ကြောဒဏ်ရာပြဿနာကြောင့် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်သွားမဲ့ အသင်းရဲ့လူစာရင်းကနေ နုတ်ထွက်ခဲ့ရတယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
စပို့တင်းတိုက်စစ်မှူး ယိုကရက်စ်

ပရီးမီးယားလိဂ်ပြန်လာနိုင်ချေနဲ့ပတ်သက်ပြီး ဖွင့်ဟပြောကြားလာတဲ့ စပို့တင်းစတား

အာဆင်နယ်အသင်းက ပစ်မှတ်ထားနေတဲ့ စပို့တင်းတိုက်စစ်မှူး ယိုကရက်စ်ကတော့ ပရီးမီးယားလိဂ်ပြန်လာနိုင်ချေနဲ့ပတ်သက်ပြီး ဖွင့်ဟပြောကြားလိုက်ပါတယ်။ အခုနွေရာသီမှာ အာဆင်နယ် နဲ့ ယိုကရက်စ်တို့ကြားအပြောင်းအရွှေ့ဇာတ်လမ်းက သတင်းခေါင်းစဉ်အဖြစ် နေရာယူနေဆဲဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂါနာချို

ယူနိုက်တက်စတားအပြောင်းအရွှေ့အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ရိုမာနို

သတင်းတွေအရ နာပိုလီအသင်းဟာ ယူနိုက်တက်စတား ဂါနာချိုကို ခေါ်ယူဖို့ ချိတ်ဆက်နေဆဲလို့ သိရပါတယ်။ ဂါနာချိုဟာ အခုနွေရာသီမှာ ယူနိုက်တက်နေထွက်ခွာဖို့ပြင်ဆင်နေတဲ့ကစားသမား ၅ ဦးထဲက ၁ ဦးလည်းဖြစ်ပါတယ်။ အာဂျင်တိုင်းသားဟာ အာမိုရင်နဲ့လည်းအဆင်မပြေဖြစ်နေပြီး နာပိုလီအသင်းက ချိတ်ဆက်နေတာဖြစ်ပါတယ်။ တန်ဟက်လက်အောက်မှာ ယူနိုက်တက်ကို ဦးဆောင်နိုင်ခဲ့ပေမဲ့ အာမိုရင်ရောက်လာချိန်မှာတော့ ပွဲထွက်ခွင့်ပါသိပ်မရတော့သလို ယူရိုပါလိဂ်ဖိုင်နယ်မှာလည်း မပါဝင်ခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘရိုင်ယန်အမ်ဘွေမို

လိုချင်တဲ့ကမ်းလှမ်းမှုမျိုးမရပါက ‘အမ်ဘွေမို’ကို အသင်းမှာပဲဆက်လက်ထိန်းသိမ်းသွားမယ်

ဘရန့်ဖို့ဒ်အားကစားဒါရိုက်တာ ဖီးလ်ဂီလက်စ်က မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်တို့ချိတ်ဆက်နေတဲ့ အသင်းရဲ့တိုက်စစ်ကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုနဲ့ပတ်သက်ပြီး လိုချင်တဲ့ကမ်းလှမ်းမှုမျိုးမရပါက ရောင်းချမှာမဟုတ်ဘဲ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘရိုက်တန်ကြယ်ပွင့် အမ်ဘွေမို

ဘရိုက်တန်ကြယ်ပွင့် အမ်ဘွေမိုကိုခေါ်ယူနိုင်ဖို့ နီးစပ်လာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်တောင်ပံကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုကိုခေါ်ယူဖို့ နီးစပ်လာပြီး နှစ်ဘက်အသင်းကြား ဆွေးနွေးညှိနှိုင်းမှုတွေက အတော်လေးအားကောင်းနေတယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ဗန်နစ္စတယ်ရွိုင်း

လက်စတာမှ ထုတ်ပယ်ခံရဖို့နီးစပ်လာတဲ့ နစ္စတယ်ရွိုင်း

လက်စတာကိုကိုင်တွယ်နေတဲ့ မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဗန်နစ္စတယ်ရွိုင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ပရီးမီးယားလိဂ်မှတန်းဆင်းခဲ့တာကြောင့် ယခုအခါမှာတော့ အသင်းဘက်က ထုတ်ပယ်ဖို့ စတင်စီစဉ်နေပြီလို့ သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ဂါရတ်ဘေးလ်

အင်္ဂလန်လိဂ် ဝမ်းကလပ်တစ်ခုရဲ့တွဲဖက်ပိုင်ရှင်ဖြစ်လာတော့မဲ့ ဂါရတ်ဘေးလ်

ရီးရဲလ်မက်ဒရစ်နဲ့ တော့တင်ဟမ်ဂန္ထဝင်ကစားသမားဟောင်း ဂါရတ်ဘေးလ်ဟာ အင်္ဂလန်လိဂ်ဝမ်းကလပ် ပလိုင်းမောက်အသင်းရဲ့ တွဲဖက်ပိုင်ရှင်ဖြစ်လာဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့သိရပါတယ်။ ဝေးလ်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းဟာ ၂၀၂၃ ခုနှစ်မှာ‌ ဘောလုံးကစားသမားဘဝမှ အပြီးသတ်အနားယူခဲ့ပြီး ရံဖန်ရံခါမှသာ ဘောလုံးဝေဖန်သုံးသပ်သူတစ်ယောက်အဖြစ် လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်