အသင်းကျဆင်းမှုကြား ခါးသီးတဲ့ အမှန်တရားတွေကို မျက်နှာချင်းဆိုင် ပြောဆိုခဲ့ရတယ်လို့ ကာရစ် ဖွင့်ဟ
မန်ချက်စတာ ယူနိုက်တက် နည်းပြ မိုက်ကယ် ကာရစ် ကတော့ ၈ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး အိုးထရက်ဖို့ဒ် မှာ သူ့ရဲ့ရာထူးအတွက် ရုန်းကန်နေရချိန်အတွင်း သူကိုယ်တိုင် ကစားသမားတွေနဲ့ အသင်းအဆင့်မြင့် တာဝန်ရှိသူတွေကြား “ခါးသီးတဲ့ အမှန်တရားတွေ” ကို ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ ပြောကြားလိုက်ပါတယ်။

