ဟာလန်းကို အားကျစေခဲ့တဲ့ တိုက်စစ်မှူး ၄ ယောက်

ဟာလန်းကို အားကျစေခဲ့တဲ့ တိုက်စစ်မှူး ၄ ယောက်နဲ့ သူချိုးဖျက်နေတဲ့ စံချိန်များ

ဟာလန်းက သူအတုယူခဲ့ရတဲ့ အကောင်းဆုံးတိုက်စစ်မှူး ၄ ယောက်အကြောင်း ပြောပြခဲ့ပြီး အဲ့ဒီထဲမှာ ဇလာတန်အီဗရာဟီမိုဗစ် နဲ့ ဂျေမီ ဗာဒီတို့ ပါဝင်ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ ဟာလန်းဟာ ဒီရာသီမှာ စံချိန်တွေကို ဆက်တိုက်ချိုးဖျက်နေပြီး ပရီးမီးယားလိဂ်မှာ ဂိုး ၁၀၀ ပြည့်ဖို့ အမြန်ဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဟာလန်းကို ဂွါဒီယိုလာချီးကျူး

နယူးကာဆယ်ကို နိုင်တဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ ဟာလန်းရဲ့ ကိုယ်ကျိုးမဖက်တဲ့ ကစားပုံကို ဂွါဒီယိုလာ ချီးကျူး

ပက် ဂွါဒီယိုလာက နယူးကာဆယ် ယူနိုက်တက်ကို ၂-၁ နဲ့ အရေးကြီးတဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းကိုကူညီပေးခဲ့တဲ့ အာလင်း ဟာလန်းရဲ့ ကိုယ်ကျိုးမဖက် ကစားပုံကို ချီးကျူးလိုက်ပါတယ်။ နီကို အိုရွိုင်လီ ရဲ့ သွင်းဂိုး ၂ ဂိုးက ပရီးမီးယားလိဂ်ဇယားထိပ်က အာဆင်နယ်ကို ဆက်လက်ဖိအားပေးနိုင်ဖို့အတွက် အဖိုးတန် ၃ မှတ်ကို ရယူပေးနိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ကစားသမားတွေကို အနားယူဖို့ ဂွါဒီယိုလာ ပြောကြား

မန်စီးတီးနိုင်ပွဲအပြီး အာဆင်နယ်ကို ဖိအားပေးနိုင်ခဲ့လို့ ကစားသမားတွေကို အနားယူဖို့ ဂွါဒီယိုလာ ပြောကြား

အက်တီဟတ်ကွင်းရဲ့ ဘက်ပေါင်းစုံကို လက်သီးလက်မောင်းတန်း အောင်ပွဲခံနေတဲ့ ပက် ဂွါဒီယိုလာရဲ့ ပုံရိပ်နဲ့ ကစားသမားတွေကို ကော့တေးသောက်ပြီး အနားယူဖို့ပြောခဲ့တာက ဒီနိုင်ပွဲဟာ မန်ချက်စတာစီးတီးအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကို ပြသနေပါတယ်။

အပြည့်အစုံဖတ်ရန်