တော့တင်ဟမ်က ပီအက်စ်ဂျီကို လျှော့တွက်ခဲ့တယ်လို့ မာကွင်ဟိုစ် ပြော

တော့တင်ဟမ်က ပီအက်စ်ဂျီကို လျှော့တွက်ခဲ့တယ်လို့ပြောကြားလိုက်တဲ့ မာကွင်ဟိုစ်

ယူအီးအက်ဖ်အေ စူပါဖလားပြိုင်ပွဲမှာ တော့တင်ဟမ်ကို နောက်ကနေလိုက်ကစားကာ ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူဗိုလ်လုစွဲပြီးနောက် ပီအက်စ်ဂျီနောက်ခံလူ မာကွင်ဟိုစ်က အသင်းရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုအပေါ် ချီးကျူးလာခဲ့ပြီး တော့တင်ဟမ်က အသင်းကိုလျှော့တွက်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
တော့တင်ဟမ်ကစားသမားတွေကို ဂုဏ်ပြုလိုက်တဲ့ သောမတ်စ် ဖရန့်ခ်

အထူးစစ်ဆင်ရေးကျရှုံးခဲ့ပေမဲ့ တော့တင်ဟမ်ကစားသမားတွေကို ဂုဏ်ပြုလိုက်တဲ့ သောမတ်စ် ဖရန့်ခ်

ပီအက်စ်ဂျီကို နှစ်ဂိုးတိတိဦးဆောင်နိုင်ခဲ့ပြီးမှ ပယ်နယ်တီဖြင့်အရေးနိမ့်ခဲ့တဲ့ ဥရောပစူပါဖလားဖိုင်နယ်ပွဲစဉ်အပြီး သောမတ်စ်ဖရန့်ခ်က သူ့ရဲ့အထူးစစ်ဆင်ရေးကျရှုံးမှုကို အသိအမှတ်ပြုခဲ့ပေမဲ့ တော့တင်ဟမ်အသင်းကစားသမားတွေကို ချီးကျူးဂုဏ်ပြုဖို့ အသင့်ရှိနေခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘရိုင်ယန်အမ်ဘွေမို

လိုချင်တဲ့ကမ်းလှမ်းမှုမျိုးမရပါက ‘အမ်ဘွေမို’ကို အသင်းမှာပဲဆက်လက်ထိန်းသိမ်းသွားမယ်

ဘရန့်ဖို့ဒ်အားကစားဒါရိုက်တာ ဖီးလ်ဂီလက်စ်က မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်တို့ချိတ်ဆက်နေတဲ့ အသင်းရဲ့တိုက်စစ်ကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုနဲ့ပတ်သက်ပြီး လိုချင်တဲ့ကမ်းလှမ်းမှုမျိုးမရပါက ရောင်းချမှာမဟုတ်ဘဲ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂါရတ်ဘေးလ်

အင်္ဂလန်လိဂ် ဝမ်းကလပ်တစ်ခုရဲ့တွဲဖက်ပိုင်ရှင်ဖြစ်လာတော့မဲ့ ဂါရတ်ဘေးလ်

ရီးရဲလ်မက်ဒရစ်နဲ့ တော့တင်ဟမ်ဂန္ထဝင်ကစားသမားဟောင်း ဂါရတ်ဘေးလ်ဟာ အင်္ဂလန်လိဂ်ဝမ်းကလပ် ပလိုင်းမောက်အသင်းရဲ့ တွဲဖက်ပိုင်ရှင်ဖြစ်လာဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့သိရပါတယ်။ ဝေးလ်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းဟာ ၂၀၂၃ ခုနှစ်မှာ‌ ဘောလုံးကစားသမားဘဝမှ အပြီးသတ်အနားယူခဲ့ပြီး ရံဖန်ရံခါမှသာ ဘောလုံးဝေဖန်သုံးသပ်သူတစ်ယောက်အဖြစ် လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ရူဘင်အာမိုရင်နဲ့အဆင်မပြေတဲ့ ဂါနာချို အသင်းကထွက်ခွာမည်

အာမိုရင်နဲ့ အဆင်မပြေဖြစ်ပြီးနောက် ယူနိုက်တက်ကနေထွက်ခွာဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ ဂါနာချို

ဂါနာချို ဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆက်လက် ရှာဖွေနေတာကြောင့် နောက်ရာသီမှာ ဘယ်လိဂ်မှာကစားချင်လဲဆိုတာ ဆုံးဖြတ်ပြီးပြီလို့ သတင်းတွေက ဖော်ပြပါနေတယ်။ အာဂျင်တီးနားတောင်ပံကစားသမားဟာ ပြီးခဲ့တဲ့လက တော့တင်ဟမ်ကို ယူရိုပါလိဂ် ဖိုင်နယ်မှာရှုံးနိမ့်ခဲ့တဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံရပြီးနောက် ယူနိုက်တက်ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဆွန်ဟောင်မင်

၁၀-နှစ်ကြာကစားခဲ့ပြီးနောက် တော့တင်ဟမ်ကနေထွက်ခွာတော့မဲ့ ဆွန်ဟောင်မင်

သတင်းတွေအရ တော့တင်ဟမ်အသင်းခေါင်းဆောင် ဆွန်ဟောင်မင်တစ်ယောက် ဆော်ဒီမြေကိုပြောင်းဖို့ အခုနွေရာသီမှာ တော့တင်ဟမ်ကိုထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ တောင်ကိုရီးယားသားဟာ တော့တင်ဟမ်အတွက် ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်းမှာ  ပွဲပေါင်း ၄၅၄ ပွဲပါဝင်ကစားပြီး ၁၇၃ ဂိုးအထိသွင်းယူကာ ၁၀၁ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဒေးဗစ်ဘက်ခမ်း

ယူနိုက်တက် ကစားသမား တစ်ဦး သို့မဟုတ် နှစ်ဦးက အသင်းကို လေးစားမှုမရှိဟု ဆိုလိုက်တဲ့ ဒေးဗစ်ဘက်ခမ်း

ဘက်ခမ်းရဲ့အသင်းဟောင်းဟာ ၂၀၂၄-၂၅ ရာသီတွင် ဆိုးရွားသော ရာသီကိုဖြတ်သန်းခဲ့ရပြီး ပရီးမီးယားလိဂ်တွင် အဆင့် ၁၅ နေရာဖြင့် ပြီးဆုံးကာ ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် တော့တင်ဟမ် ကို ရှုံးနိမ့်ခဲ့ပါတယ်။ ကွင်းအတွင်း ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်များက ဘက်ခမ်းကို စိတ်ပျက်စေခဲ့သော်လည်း အိုးထရက်ဖို့ဒ်ဂန္ထဝင်က ကွင်းပြင်ပဖြစ်ရပ်များကြောင့်လည်း အံ့အားသင့်ခဲ့ရပါတယ်။

အပြည့်အစုံဖတ်ရန်
ရူဘင်အာမိုရင်

ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့လို့ ကစားသမားသစ်အများအပြားခေါ်ယူမှာမဟုတ်ကြောင်း အာမိုရင်ပြော

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်မရှိခဲ့လို့ နွေရာသီမှာ ကစားသမားသစ်တွေ အများအပြားခေါ်ယူသွားမှာမဟုတ်ကြောင်း အတည်ပြုပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂါနာချိုကို အသင်းသစ်ရှာဖို့ ညွှန်ကြားထားတဲ့ အာမိုရင်

ဂါနာချိုကို အသင်းသစ်ရှာဖို့ ညွှန်ကြားထားတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ဟာ နောက်ရာသီ အိုးလ်ထရက်ဖို့ဒ်မှာ သူနဲ့အတူ ဆက်လက်လက်တွဲသွားရမဲ့ ကစားသမားအမည်တွေကို ထုတ်ဖော်ပြောကြားခဲ့ပြီး တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုကိုတော့ အသင်းသစ်ရှာဖွေဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ဘင်ဝိုက်အား ထပ်မံရွေးချယ်ခြင်းမရှိတဲ့ သောမက်စ် တူချယ်လ်

ဘင်ဝိုက်အား ထပ်မံရွေးချယ်ခြင်းမရှိတဲ့ အကြောင်းအရင်းကိုရှင်းပြလိုက်တဲ့ သောမက်စ် တူချယ်လ်

ဘင်ဝိုက်ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း ကာတာရှိ အင်္ဂလန်အသင်းရဲစခန်းမှ ထွက်ခွာခဲ့ပြီးနောက်ပိုင်းမှစ၍ လက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားခြင်း မရှိတော့တာဖြစ်ပါတယ်။ မန်နေဂျာ ဂါရက်ဆောက်ဂိတ်ကလည်း သူ့ကို ပြန်လည်ခေါ်ယူရန် မေးမြန်းသောအခါ ဘင်ဝိုက်က လက်ရွေးစင်ဖြစ်လိုကြောင်း ပြောကြားထားတယ်လို့ ပြောခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်