အာဆင်နယ်ဂန္ထဝင်ဟောင်းရဲ့မှတ်ချက်ကို ပြန်လည်တုံ့ပြန်ခဲ့တဲ့ အိုဒီဂတ်
အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်က ဂန္ထဝင်ဟောင်း တိုနီအဒမ်ရဲ့မှတ်ချက်ကို ပြန်လည်တုံ့ပြန်ခဲ့သလို သူ့ရဲ့အသင်းခေါင်းဆောင်စတိုင်ကို ကာကွယ်ပြောကြားလိုက်ပါတယ်။
အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်က ဂန္ထဝင်ဟောင်း တိုနီအဒမ်ရဲ့မှတ်ချက်ကို ပြန်လည်တုံ့ပြန်ခဲ့သလို သူ့ရဲ့အသင်းခေါင်းဆောင်စတိုင်ကို ကာကွယ်ပြောကြားလိုက်ပါတယ်။
အာဆင်နယ်အသင်းနည်းပြ မီကဲလ်အာတီတာက အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်အပေါ် ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားခဲ့ပါတယ်။ အာတီတာက အာဆင်နယ်ကစားသမားတွေဟာ အိုဒီဂတ်ကို ကပ္ပတိန်အဖြစ် ဆက်လက်ထားရှိဖို့ မဲအပြတ်အသတ်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လက စပိန်နိုင်ငံ၊ ဇာမိုရာပြည်နယ်မှာ ကားမတော်တဆမှုဖြစ်ပြီးနောက် ကွယ်လွန်သွားခဲ့တဲ့ လီဗာပူးတိုက်စစ်မှူး ဂျိုတာ (၂၈ နှစ်) နဲ့ သူ့ရဲ့ညီဖြစ်သူ (၂၅ နှစ်) တို့အတွက် တစ်ကမ္ဘာလုံးက အမှတ်တရ ဂုဏ်ပြုခဲ့ကြပါတယ်။ ဂျိုတာ ကွယ်လွန်ပြီးနောက် လီဗာပူးအသင်းက အသင်းရဲ့ ပထမဆုံးပွဲဖြစ်တဲ့ အက်သလက်တစ် ဘီလ်ဘာအိုနဲ့ ရာသီအကြို ခြေစမ်းပွဲမစတင်ခင်မှာ အမှတ်တရ ဂုဏ်ပြုခဲ့ကြပါတယ်။
ပီအက်စ်ဂျီကို နှစ်ဂိုးတိတိဦးဆောင်နိုင်ခဲ့ပြီးမှ ပယ်နယ်တီဖြင့်အရေးနိမ့်ခဲ့တဲ့ ဥရောပစူပါဖလားဖိုင်နယ်ပွဲစဉ်အပြီး သောမတ်စ်ဖရန့်ခ်က သူ့ရဲ့အထူးစစ်ဆင်ရေးကျရှုံးမှုကို အသိအမှတ်ပြုခဲ့ပေမဲ့ တော့တင်ဟမ်အသင်းကစားသမားတွေကို ချီးကျူးဂုဏ်ပြုဖို့ အသင့်ရှိနေခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ဟာ တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုရဲ့အပြောင်းအရွှေ့အတွက် ယခုချိန်အထိ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေရဆဲဖြစ်ပြီး သဘောတူညီမှုရရှိဖို့ ခက်ခက်ခဲနေဆဲဖြစ်တယ်လို့သိရပါတယ်။
မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဟယ်ရီမက်ဂွါရီက အသင်းဟာ ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပိုင်း ဘာကြောင့် အောင်မြင်မှုကို ဆက်လက်မထိန်းသိမ်းနိုင်ဘဲ ကျရှုံးသွားရသလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ဩဂုတ်လ ၁၇ ရက်နေ့ အာဆင်နယ်နဲ့ယှဉ်ပြိုင်သွားမဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အသင်းရဲ့ရှယ်ယာရှင် ဆာဂျင်မ်ရက်ကလစ်ဖ်ကို ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်ထားခဲ့ပေမဲ့ ပရိသတ်တွေအကြား သဘောထားကွဲလွဲမှုတွေရှိနေကြောင့် ဆန္ဒပြပွဲကို ရွှေ့ဆိုင်းဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။
မန်ချက်စတာစီးတီးဟာ ယူအီးအက်ဖ်အေ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီဖို့အတွက် ယခုနွေရာသီအပြောင်းအရွှေ့ကာလအအတွင်း ဈေးကွက်မပိတ်သိမ်းမီ အသင်းမှ ကစားသမား ၅ ဦးအထိ ရောင်းချသွားဖို့ လိုအပ်နေတယ်လို့သိရပါတယ်။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကုန်က အေဂျက်စ်ကနေ ဟာတို ကို ပေါင် ၃၇ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် ဟာတိုဟာ သောကြာနေ့ညက စတမ်းဖို့ဒ်ဘရစ်ဂျ်မှာ လေဗာကူဆင်ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ နည်းပြ အန်ဇို မာရက်စ်ကာရဲ့ အသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခဲ့ပါတယ်။
ခရစ္စတီယာနို ရိုနယ်ဒိုက တိုက်စစ်မှူး ဗစ်တာ ရောကရက်စ်ကို ယခုနွေရာသီတွင် အာဆင်နယ်သို့ ပြောင်းရွှေ့ပြီးနောက် ထူးခြားတဲ့ကစားသမား လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ ရောကရက်စ်ဟာ ပွဲထွက်ကစားမှု၊ ဂိုးသွင်းယူမှုနှင့် ဂိုးဖန်တီးမှုတို့နှင့် ပတ်သက်တဲ့ အပိုဆုကြေးများပါဝင်တဲ့ ပေါင် ၆၄ သန်း (ယူရို ၇၄ သန်း ၊ ဒေါ်လာ ၈၆ သန်း) တန်ဖိုးရှိတဲ့ ပြောင်းရွှေ့ကြေးဖြင့် ဂန်နာတို့ထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပါတယ်။ တိုက်စစ်မှူးဟာ စပို့တင်းတွင် ၅၄ ဂိုး သွင်းယူခဲ့တဲ့ အောင်မြင်သော ရာသီတစ်ခုပြီးနောက် အပြောင်းအရွှေ့ဈေးကွက်တွင် ခေါ်ယူလိုတဲ့ အသင်းတွေ များပြားခဲ့တာ ဖြစ်ပါတယ်။