အပြစ်မရှိကြောင်း ပါတေး အသနားခံ

လိင်ပိုင်းဆိုင်ရာစွပ်စွဲမှုတွေအတွက် အပြစ်မရှိကြောင်း “ပါတေး”အသနားခံ

အာဆင်နယ်စတားဟောင်း ပါတေးက လိင်ပိုင်းဆိုင်ရာစွပ်စွဲမှုတွေအတွက် အပြစ်မရှိကြောင်း အသနားခံလိုက်ပါတယ်။ အသက် ၃၂ နှစ်သားက သူ့အနေနဲ့ လိင်ပိုင်းဆိုင်ရာစွပ်စွဲမှု ၅ ခုမှာအပြစ်မရှိသလို ကိုယ်ထိလက်ရောက်စော်ကားမှု ၁ ခုမှာလည်း အပြစ်မရှိဘူးလို့ အသနားခံခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရွန်းနီဝေဖန်

ပီအက်စ်ဂျီနဲ့ပွဲမှ အာဆင်နယ်ပရိသတ်တွေရဲ့အားပေးပုံကို ရွန်းနီဝေဖန်

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဝိန်းရွန်းနီက ပီအက်စ်ဂျီကို ၀-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အာဆင်နယ်ပရိသတ်တွေဟာ အသင်းကို အပြည့်အဝအားမပေးခဲ့ကြကြောင်း ဝေဖန်ပြောကြားလာခဲ့ပါတယ်။ 

အပြည့်အစုံဖတ်ရန်
အာတီတာ - အာဆင်နယ်နည်းပြ

ရီးရဲလ်မက်ဒရစ်ကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်နဲ့ ကွင်းတွင်းအငွေ့အသက်တွေ ကွဲပြားလွန်းတယ်လို့ ဆိုလိုက်တဲ့ အာတီတာ

ဘရန့်ဖို့ဒ်နဲ့တစ်ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့မှာ ပြသခဲ့တဲ့အရှိန်အဟုန်မျိုးအထိ တွန်းတင်နိုင်ဖို့ အာဆင်နယ်အသင်း ရုန်းကန်ခဲ့ရပြီးနောက် နည်းပြအာတီတာက အမ်းမရိတ်စ်ကွင်းတွင်းအငွေ့အသက်တွေဟာ ကွဲပြားခြားနားခဲ့တယ်လို့ ခံစားမိကြောင်း ပြောခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်