ထိပ်တန်းတိုက်စစ်မှူး၂ ဦးထဲက ၁ ဦးကိုရွေးချယ်လိုက်တဲ့ ဒွန်နာရမ်မာ
မန်စီးတီးဂိုးသမား ဒွန်နာရမ်မာက ဟာလန်း နဲ့ ဘာပေတို့ကြား အကောင်းဆုံးတစ်ဦးကို ရွေးချယ်လိုက်ပါတယ်။ အီတလီသားဟာ ပီအက်စ်ဂျီမှာ ဘာပေနဲ့လက်တွဲခဲ့ဖူးသလို အခုလည်း စီးတီးနဲ့အတူ ဟာလန်းနဲ့လက်ရှိတွဲကစားနေတာဖြစ်ပါတယ်။ Daily Mail နဲ့အင်တာဗျူးမှာ အသက် ၂၅ နှစ်သားက တားဆီးရခက်ခဲတဲ့ကန်ချက်နဲ့ပတ်သက်ပြီး ဘာပေ နဲ့ ဟာလန်းတို့ကြား ရွေးချယ်မှုကို ဖြေကြားခဲ့ပါတယ်။

