၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက သူ့ရဲ့နောက်ဆုံးပြိုင်ပွဲကြီး ဖြစ်လာလိမ့်မယ်လို့ ဖွင့်ဟလာတဲ့ စီရော်နယ်ဒို
စီရော်နယ်ဒိုက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပေါ်တူဂီအသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်မဲ့ သူ့ရဲ့နိုင်ငံတကာအဆင့်နောက်ဆုံးမေဂျာပြိုင်ပွဲကြီးဖြစ်လာမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ ဘော်လွန်းဒီအော်ဆုငါးခုအပြင် အသင်းလိုက်ဆုဖလားများစွာဆွတ်ခူးရရှိထားတဲ့ အသက်-၄၀ နှစ်အရွယ် စီရော်နယ်ဒိုက လာမဲ့ တစ်နှစ်(သို့မဟုတ်)နှစ်နှစ်အတွင်း ဘောလုံးကစားခြင်းကို စွန့်လွှတ်တော့မယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

