ရက်ကလစ်ဖ်ကိုဆန္ဒပြမဲ့အစီအစဉ်

‘ရက်ကလစ်ဖ်’ကိုဆန္ဒပြမဲ့အစီအစဉ်အား ယူနိုက်တက်ပရိသတ်များရွှေ့ဆိုင်း

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ဩဂုတ်လ ၁၇ ရက်နေ့ အာဆင်နယ်နဲ့ယှဉ်ပြိုင်သွားမဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အသင်းရဲ့ရှယ်ယာရှင် ဆာဂျင်မ်ရက်ကလစ်ဖ်ကို ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်ထားခဲ့ပေမဲ့ ပရိသတ်တွေအကြား သဘောထားကွဲလွဲမှုတွေရှိနေကြောင့် ဆန္ဒပြပွဲကို ရွှေ့ဆိုင်းဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ရက်ရှ်ဖို့ဒ်

ရက်ရှ်ဖို့ဒ်ကို လာလီဂါဖွင့်ပွဲအမီ ကစားသမားမှတ်ပုံတင်ပြုလုပ်ပေးနိုင်ဖို့ မသေချာကြောင်း ဘာစီလိုနာဥက္ကဋ္ဌဝန်ခံ

ဘာစီလိုနာအသင်းရဲ့ဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာက အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်မှ အငှားစာချုပ်နဲ့ခေါ်ယူထားခဲ့တဲ့ တောင်ပံကစားသမားသစ် မားကပ်စ်ရက်ရှ်ဖို့ဒ်အတွက် မာယော့ကာနဲ့ယှဉ်ပြိုင်သွားရမဲ့ လာလီဂါဖွင့်ပွဲအမီ ကစားသမားမှတ်ပုံတင်ပြုလုပ်ပေးနိုင်ဖို့ မသေချာကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မန်ယူနည်းပြ ရူဘင်အာမိုရင်

အသင်းအတွက် အပြည့်အဝမပေးဆပ်တဲ့ကစားသမားတွေကို ဖော်ထုတ်ဖို့ နည်းပညာသစ်တစ်ခု စတင်အသုံးပြု

မန်ချက်စတာယူနိုက်တက်ဟာ အသင်းအတွက် အပြည့်အဝပေးဆပ်ခြင်းမရှိဘဲ ခိုကပ်နေတဲ့ကစားသမားတွေကို ဖော်ထုတ်နိုင်ဖို့နဲ့ ကစားသမားတွေကို ဒဏ်ရာပြဿနာမှကာကွယ်ပေးနိုင်ဖို့ နည်းပညာသစ်တစ်ခုကို စတင်အသုံးပြုတော့မယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
အလီဂျန်ဒရိုဂါနာချိုကို အသင်းမှ ဖယ်ရှား

‘အလီဂျန်ဒရိုဂါနာချို’ကို အသင်းမှ ဖယ်ရှားလိုက်ပြီလို့ ပြောကြားလိုက်တဲ့ အာမိုရင်

အလီဂျန်ဒရိုဂါနာချို ကို ယူနိုက်တက် ပထမအသင်းရဲ့ အစီအစဉ်များမှ နည်းပြ ရူဘင်အာမိုရင်က ဖယ်ထုတ်လိုက်ပြီဖြစ်ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ ပုဂ္ဂိုလ်ရေးအရ မဟုတ်ကြောင်း ပေါ်တူဂီနည်းပြက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂါနာချိုအတွက် ယူနိုက်တက်ထံကမ်းလှမ်းလိုက်တဲ့ ချဲလ်ဆီး

ဂါနာချိုအတွက် ယူနိုက်တက်ထံ ကစားသမားနှစ်ဦးဖြင့် ကမ်းလှမ်းလိုက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလကတည်းက အလီဂျန်ဒရို ဂါနာချိုကို ခေါ်ယူဖို့ စိတ်အားထက်သန်ခဲ့ပြီး ဒီနွေရာသီမှာ အာဂျင်တီးနားလက်ရွေးစင်အပေါ် စိတ်ဝင်စားမှုကို ပြန်လည် အသက်သွင်းခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဂါနာချိုကို ရောင်းထုတ်ဖို့ စာရင်းသွင်းထားပြီး နည်းပြ ရူဘင် အမ်မိုရင်က ပြီးခဲ့တဲ့ရာသီကုန်မှာ အသက် ၂၁ နှစ်အရွယ် ကစားသမားကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့တယ်လို့ အသိပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ယူနိုက်တက်ဟာ ပိုကောင်းလာပြီလို့ ပြောကြားလာတဲ့ အာမိုရင်

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီကထက်ပိုကောင်းလာပြီလို့ အခိုင်အမာပြောကြားလာတဲ့ အာမိုရင်

ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ဒုတိယမြောက်ရာသီကြိုခြေစမ်းပွဲမှာ ဘုန်းမောက်ကို ၄-၁ နဲ့ဂိုးပြတ်အနိုင်ရပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းလာပြီလို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘာစီလိုနာအတွက် အမြဲတမ်းကစားပေးချင်ခဲ့ကြောင်း ဖွင့်ဟလာတဲ့ ဗန်ပါစီ

ဘာစီလိုနာအတွက် အမြဲတမ်းကစားပေးချင်ခဲ့ကြောင်း ဖွင့်ဟလာတဲ့ ဗန်ပါစီ

နယ်သာလန်ကလပ် ဖီယင်နုကိုကိုင်တွယ်နေတဲ့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ရော်ဘင်ဗန်ပါစီက သူဟာ ကစားသမားဘဝတုန်းက ဘာစီလိုနာမှာကစားခွင့်ရဖို့ အမြဲတမ်းအိပ်မက်မက်ခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ပီအက်စ်ဂျီမှ ထွက်ခွာတော့မဲ့ ဒွန်နာရမ်းမား

ပီအက်စ်ဂျီမှ ထွက်ခွာတော့မဲ့ ‘ဒွန်နာရမ်းမား’ အတွက် အသင့်အနေအထားမှာရှိနေတဲ့ ယူနိုက်တက်နှင့် မန်စီးတီး

ပီအက်စ်ဂျီဂိုးသမား ဂျန်လူးဂျီ ဒွန်နာရမ်းမားဟာ ဒီနွေရာသီမှာ ကလပ်ကနေ ထွက်ခွာတော့မှာဖြစ်လို့ မန်စီးတီး နဲ့ ယူနိုက်တက်တို့က အသင့်အနေအထားမှာ ရှိနေပါတယ်။ ပီအက်စ်ဂျီ က လိုင်လီမှ လူကက်စ် ချီဗဲလ်လီယာ ကို ခေါ်ယူရန်အတွက် ကိုယ်ရေးကိုယ်တာသဘောတူညီချက် ရရှိထားပါတယ်။ ပြင်သစ်ကလပ်ဟာ စာချုပ်သက်တမ်း ၁၂ – လသာ ကျန်ရှိတော့တဲ့ ဒွန်နာရမ်းမားရဲ့ နေရာမှာ ချီဗဲလ်လီယာကို အစားထိုးဖို့ ပစ်မှတ်ထားနေပါတယ်။

အပြည့်အစုံဖတ်ရန်
နည်းပြ အာမိုရင်

ရှောနှင့် မိုင်းနူးတို့ရဲ့ယူနိုက်တက်အနာဂတ်အကြောင်း ပြောကြားလိုက်တဲ့ နည်းပြ အာမိုရင်

ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင် က အသင်းကစားသမားများဖြစ်တဲ့ လုခ်ရှော နှင့် ကော်ဘီ မိုင်းနူး တို့ရဲ့ အနာဂတ်နှင့်ပတ်သက်၍ ပြောကြားခဲ့ပါတယ်။ အင်္ဂလန်ဘယ်နောက်ခံလူ ရှောဟာ ဒီနွေရာသီမှာ ယူနိုက်တက်ကနေ ထွက်ခွာပြီး ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ အာမိုရင်က နယူးဂျာစီမှာ “လုခ် ရှောဟာ ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးလို့ ကျွန်တော်ခံစားရပါတယ်။ ဘောလုံးကို ထိလိုက်တာနဲ့ တစ်ဦးချင်းကစားနိုင်စွမ်းက သူ့မှာ ရှိပါတယ်”

အပြည့်အစုံဖတ်ရန်
အမ်မီလီယာနိုမာတီနက်ဇ်

မာတီနက်ဇ်ကို အငှားနဲ့ခေါ်ယူဖို့ကမ်းလှမ်းလာတဲ့ ယူနိုက်တက်ကို အက်စတွန်ဗီလာ ငြင်းပယ်

အက်စတွန်ဗီလာဟာ အသင်းရဲ့ဂိုးသမား အမ်မီလီယာနိုမာတီနက်ဇ်ကို ခေါ်ယူဖို့ အငှားစာချုပ်နဲ့ကမ်းလှမ်းလာခဲ့တဲ့ ယူနိုက်တက်ရဲ့ကမ်းလှမ်းချက်ကို ချက်ချင်းပဲ ငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။ အသင်းရဲ့ဂိုးသမား အန်ဒရေအိုနာနာ ဒဏ်ရာပြဿနာကြုံတွေ့နေရချိန် ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်အနေနဲ့ မာတီနက်ဇ်ကို အငှားနဲ့ခေါ်ယူပြီး အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အိုနာနာဟာ တံကောက်ကြောစုတ်ပြဲဒဏ်ရာကြောင့် လာမဲ့ရာသီအစ ပွဲစဉ်အချို့ကို လွဲချော်သွားဖို့ ရှိနေတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်