နည်းပြချုပ်သစ် အလွန်ဆို

ကျွန်တော်တို့ စတင်နေပါပြီလို့ အန်ဆယ်လော့တီထံ ပြောကြားလိုက်တဲ့ အလွန်ဆို

ရီးရဲလ်မက်ဒရစ်ဟာ ဗုဒ္ဓဟူးနေ့ (မေ ၃၁၊ ၂၀၂၅) တွင် အယ်လ်ဟီလာလ် နှင့် ကလပ်ကမ္ဘာ့ဖလား အုပ်စုအဆင့် ပထမဆုံးပွဲစဉ် ကစားခြင်းဖြင့် အလွန်ဆိုရဲ့ ခေတ်သစ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။ နည်းပြချုပ်သစ် အလွန်ဆိုဟာ ပထမဆုံးပွဲစဉ်ကို ကိုင်တွယ်မှာဖြစ်ပြီး သူကတော့ စတင်ရန် စိတ်အားထက်သန်နေပါတယ်။

အပြည့်အစုံဖတ်ရန်
ဂါရတ်ဘေးလ်

အင်္ဂလန်လိဂ် ဝမ်းကလပ်တစ်ခုရဲ့တွဲဖက်ပိုင်ရှင်ဖြစ်လာတော့မဲ့ ဂါရတ်ဘေးလ်

ရီးရဲလ်မက်ဒရစ်နဲ့ တော့တင်ဟမ်ဂန္ထဝင်ကစားသမားဟောင်း ဂါရတ်ဘေးလ်ဟာ အင်္ဂလန်လိဂ်ဝမ်းကလပ် ပလိုင်းမောက်အသင်းရဲ့ တွဲဖက်ပိုင်ရှင်ဖြစ်လာဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့သိရပါတယ်။ ဝေးလ်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းဟာ ၂၀၂၃ ခုနှစ်မှာ‌ ဘောလုံးကစားသမားဘဝမှ အပြီးသတ်အနားယူခဲ့ပြီး ရံဖန်ရံခါမှသာ ဘောလုံးဝေဖန်သုံးသပ်သူတစ်ယောက်အဖြစ် လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
အမ်ဘာပေ

ပီအက်စ်ဂျီ သမိုင်းဝင် ချန်ပီယံလိဂ်ဖလားရခဲ့တဲ့အပေါ် ဘာနာကျည်းမှုမှမရှိဘူးလို့ အမ်ဘာပေ ပြော

ပြင်သစ်အသင်းခေါင်းဆောင် ကီလီယန်အမ်ဘာပေက ရီးရဲလ်မက်ဒရစ်နဲ့ ပူးပေါင်းပြီး တစ်နှစ်အကြာမှာပဲ ပီအက်စ်ဂျီအသင်းက သမိုင်းဝင် ချန်ပီယံလိဂ်ဖလားရခဲ့တာနဲ့ပတ်သက်ပြီး နာကျည်းတာမရှိဘူးလို့ ပြောပါတယ်။  အမ်ဘာပေက တနင်္ဂနွေနေ့မှာ ဂျာမနီနဲ့ ကစားမဲ့ နေးရှင်းလိဂ် တတိယနေရာလုပွဲမတိုင်ခင် စတုဂတ်မြို့က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။

အပြည့်အစုံဖတ်ရန်
အန်ဆယ်လော့တီ

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲပြီးကတည်းက သူ့အနာဂတ်ကိုသိနေခဲ့ကြောင်း အန်ဆယ်လော့တီ ထုတ်ဖော်ပြောကြား

ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက အာဆင်နယ်နဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲအပြီးကတည်းက သူ့အနာဂတ်ကိုသိနေခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မာကာသတင်းဌာနနဲ့အင်တာဗျူးမှာ အန်ဆယ်လော့တီက ရီးရဲလ်ကနေထွက်ခွာရမယ်ဆိုတာကို သိနေခဲ့တာလို့ ဖြေကြားခဲ့ပါတယ်။ အီတလီသားဟာ ရီးရဲလ်အသင်းကို ၂ ကြိမ်ကိုင်တွယ်ခဲ့ရာမှာ ဆုဖလား ၁၅ လုံးအထိရယူပေးနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနည်းပြအဖြစ်မှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ယာမဲလ်

ဆီမီးဖိုင်နယ်ကနေထွက်ခွာခဲ့ရပေမဲ့ ဘာစီလိုနာစတားတစ်ဦးကို ချီးကျူးလိုက်တဲ့ ဂယ်ရီနဗီးလ်

ယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဘာစီလိုနာအသင်း ချန်ပီယံဆီမီးဖိုင်နယ်ကနေထွက်ခွာခဲ့ရပေမဲ့ လူငယ်စတားတစ်ဦးဖြစ်တဲ့ ယာမဲလ်ဟာ နှစ် ၅၀ အတွင်း အကောင်းဆုံးဆယ်ကျော်သက်ကစားသမားတစ်ဦးလို့ ချီးကျူးလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
အာဒါဂူလာ

အာဒါဂူလာဟာ ရီးရဲလ်မက်ဒရစ်ရဲ့အဓိက ကစားသမားဖြစ်လာလိမ့်မယ်လို့ အန်ဆယ်လော့တီ ချီးကျူး

ရီးရဲလ်မက်ဒရစ်နည်းပြ ကာလိုအန်ဆယ်လော့တီက အသင်းရဲ့လူငယ်ကွင်းလယ်ကစားသမားလေး အာဒါဂူလာဟာ လက်ရှိအချိန်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရပေမဲ့ အနာဂတ်မှာတော့ အသင်းရဲ့ အဓိကကစားသမားတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရီးရဲလ်မက်ဒရစ်ကနေထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့ ရိုဒရီဂို

ရီးရဲလ်မက်ဒရစ်ကနေထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့ ရိုဒရီဂို

ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ရိုဒရီဂိုဟာ ရာသီကုန်မှာ ဆန်တီယာဂိုဘာနေဗျူးကို စွန့်ခွာပြီး အသင်းသစ်သို့ ပြောင်းရွှေ့အခြေချတော့မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိလာလီဂါနဲ့ ချန်ပီယံလိဂ်ချန်ပီယံတွေဟာ ဒီရာသီမှာတော့ ပြိုင်ပွဲစုံမှာ ပုံစံကောင်းရဖို့ရုန်းကန်နေရပြီး လာလီဂါဖလားတစ်လုံးသာ မျှော်လင့်ချက်ရှိတော့ပေမဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာသာ ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ရွန်းနီဝေဖန်

ပီအက်စ်ဂျီနဲ့ပွဲမှ အာဆင်နယ်ပရိသတ်တွေရဲ့အားပေးပုံကို ရွန်းနီဝေဖန်

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဝိန်းရွန်းနီက ပီအက်စ်ဂျီကို ၀-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အာဆင်နယ်ပရိသတ်တွေဟာ အသင်းကို အပြည့်အဝအားမပေးခဲ့ကြကြောင်း ဝေဖန်ပြောကြားလာခဲ့ပါတယ်။ 

အပြည့်အစုံဖတ်ရန်
ခီလီယန်အမ်ဘာပေ

ဒဏ်ရာမှသက်သာလာတာကြောင့် ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ ပါဝင်ကစားနိုင်မဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ခီလီယန်အမ်ဘာပေဟာ ခြေကျင်းဝတ်ဒဏ်ရာကြုံတွေ့ခဲ့ရသော်လည်း ယခုအခါမှာ သက်သာနေပြီဖြစ်တာကြောင့် အယ်လ်ကလက်စီကိုပြိုင်ဘက် ဘာစီလိုနာနဲ့ ယှဉ်ပြိုင်သွားရမဲ့ ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ ပါဝင်ကစားနိုင်ချေရှိတယ်လို့သိရပါတယ်။ 

အပြည့်အစုံဖတ်ရန်
အာတီတာ - အာဆင်နယ်နည်းပြ

ရီးရဲလ်မက်ဒရစ်ကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်နဲ့ ကွင်းတွင်းအငွေ့အသက်တွေ ကွဲပြားလွန်းတယ်လို့ ဆိုလိုက်တဲ့ အာတီတာ

ဘရန့်ဖို့ဒ်နဲ့တစ်ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့မှာ ပြသခဲ့တဲ့အရှိန်အဟုန်မျိုးအထိ တွန်းတင်နိုင်ဖို့ အာဆင်နယ်အသင်း ရုန်းကန်ခဲ့ရပြီးနောက် နည်းပြအာတီတာက အမ်းမရိတ်စ်ကွင်းတွင်းအငွေ့အသက်တွေဟာ ကွဲပြားခြားနားခဲ့တယ်လို့ ခံစားမိကြောင်း ပြောခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်